ဖြစ်လေ့ ဖြစ်ထ ရှိတတ်တဲ့အကြောင်းလေးကို ပြောချင်တယ် ။ လူငယ် အရွယ်မှာ မသိစိတ်ကနေတစ်ဆင့် ခံစားချက်တွေ ဖြစ်တတ်တယ်ဆိုတာကို အားလုံးလက်ခံနိုင် လိမ့်မယ်ထင်ပါတယ် ။ လူငယ်တွေ တစ်ချို့က ပွင့် လင်းတယ် ၊ ပေါ့ပါးတယ် ။ စိတ်ထဲမှာ ရှိတာတွေကို အရှိအတိုင်း သင့်တာတွေ မသင့်တာတွေ မစဉ်းစားပဲ ပြော တတ်ကြတယ် ။ မှားစရာ ရှိရင်လည်း အကြီးအကျယ်မှားတယ် ။ အဲ့လိုကြီးကျတော့လည်း မကောင်းပြန်ဘူး ။ ဒါပေမယ့် ပွင့်လင်းတာကို လူတွေကြိုက်ကြတယ် ။ ပွင့်ပွင့်လင်းလင်း သမားတွေကို လူချစ်လူခင်ပေါတယ် ။ ပွင့်လင်းတိုင်း ကောင်းတာတော့ လည်း မဟုတ်ဘူး ဆိုတာ တော့ ချွင်းချက်အဖြစ်နဲ့ လက်ခံကြရပါလိမ့်မယ် ။
တစ်ချို့လူငယ်တွေ ဆင်ခြင်တုံတရားကြီးတယ် ။ အရှက်ကြီးတယ် ။ မကောင်းဘူးလို့ ပြောချင်ပါတယ် ။ လူငယ် တွေ အရွယ်မှာက အကောင်းဆုံးကတော့ ရဲရင့်တဲ့ စိတ်ရှိရမယ် ။ ပွင့်လင်းတဲ့ စိတ်ရှိရမယ် ။ လုပ်ရဲကိုင် ရဲ ရှိရ မယ် ။ ရှေ့တန်းကို ရောက်သွားကြတဲ့ သူတွေဆိုတာ အဲ့ဒီလို လူမျိုးတွေပါပဲ ။ လုပ်ငန်းခွင်တွေမှာ နေရာရနေ တဲ့ လူငယ်အတော်များများ ဟာ ရိုးသားတယ် ။ ကြိုးစားကြတယ် ။ သူများတွေထက် သာလွန်ပြီး ရှေ့တန်း ရောက်လာတယ် ဆိုကတည်းက ဒီလူငယ်တွေမှာ အရည် အချင်း ကောင်းတွေ ရှိနေပြီ ဆိုတာ လက်ခံလို့ ရပါတယ် ။
အခုအချိန်မှာတော့ အွန်လိုင်းနဲ့ လူငယ်တွေနဲ့ တော်တော်လေး ရင်းနှီးလာ ကြတယ် ။ အွန်လိုင်းကို သုံးပြီ ဆိုကတည်းက မရင်းနှီး သေးတဲ့ သူနဲ့ မသိတဲ့သူတွေနဲ့ တွေ့ကြရမယ်ဆိုတာ သိပြီးသားပါပဲ ။ အွန်လိုင်း မှာဆုံကြတယ် ။ ခင်ကြတယ် ။ ကောင်းတဲ့ အချက်တစ်ခုကတော့ social ပေါ့ ။ မကောင်းတာကတော့ တစ် ယေက်နဲ့ တစ်ယောက် ပထမကတော့ ရိုးရိုးသားသား တဖြည်းဖြည်း အဆင့်တက်လာကြမယ် ။ ဒီလိုနဲ့ ဇာတ် လမ်းတွေ ဖြစ်ခဲ့ကြတဲ့ သာဓကတွေရှိပြီးသားပါပဲ ။ အွန်လိုင်းဆိုတာကတော့ လိမ်ရညာရလွယ်တယ်နော် ။ အဲ့ဒါကတော့ အမှန်တရား တစ်ခုပဲ ။ အွန်လိုင်းမှာ စကားပြောကြတဲ့သူတွေ တစ်ချို့က တစ်ယောက်နဲ့တစ် ယောက် ယဉ်ယဉ်ကျေးကျေး ပြောကြတယ် ။ တစ်ချို့က မဟုတ်တာတွေရော ဟုတ်တာတွေရော မိန်းခလေး တစ်ယောက်အတွက် မသင့်တော်တာတွေလည်း ပြောကြတာတွေ့ ရပါတယ် ။ ဒါပေမယ့် ပြောတဲ့သူ အပစ် ကြီးပဲ တော့လည်း မပြောပါနဲ့ ။ တစ်ချို့မိန်းခလေးတွေကလည်း ဒီလိုမျိုးပြောတတ်မှန်း သိရက်နဲ့ သူတို့က လည်း ထိုနည်းလည်း ကောင်း ဆိုသလိုပြော ရမှာပဲ ။
ဆင်ခြင်နိုင်ရင်တော့ အကောင်းဆုံးပါ ။ တကယ်ဆိုရင်တော့ အွန်လိုင်းဟာ အန္တရာယ်လို့ ပြောလို့ ရပါတယ် ။ တလောကပဲ မိန်းခလေးနှစ်ယောက် ကိုးတန်း ဆယ်တန်း အရွယ်တွေပေါ့ ။ အင်တာနက်ဆိုင်ထဲမှာ ချတ်တင် လာထိုင်တယ်ပေါ့ ။ VZO မှာ တစ်ယောက်နဲ့ တစ်ယောက်ကြည့် ပြီး ချတ်နေကြတယ် ။ အနောက် က အုပ်ထိန်းသူက ရောက်လာပြီး လူရှေ့ မရှောင် သူရှေ့ မရှောင် ရိုက်နှက်သွားတယ် ။ လူငယ်လေး တွေ ဆိုတော့ စိတ်ကစားတဲ့ အရွယ်တွေလေ ။ စိတ်ဝင်စားမှု့တွေက များတယ် ။ မဟုတ်တဲ့ ဘက်ကို စိတ်တွေပါ သွားမှာ ဆိုးရိမ်ရတယ်။ အုပ်ထိန်းသူတွေ အနေနဲ့ ကလည်း အကျိုးအကြောင်း နားလည်အောင် ပြောပြ ဆုံးမ သင့်တယ်လို့ပဲ ထင်ပါတယ် ။ ကိုယ့်သားသမီးကို လူရှေ့သူရှေ့ အရှက်ခွဲတော့ ကိုလည်း အရှက်ကွဲရတာ ပဲမဟုတ်လား ။
လောကနဲ့ ယှဉ်ပြောရင်တော့ Everything is nothing ဆိုတာ ဗုဒ္ဓအဆုံးအမ ပါပဲ ။ ဘာမှ မရှိတဲ့ လောကထဲ မှာ ပူဆွေးသောကတွေကို ဖြစ်လာစေမယ့် ခံစားချက်မျိုးတွေကို မဖြစ်စေချင်ဘူး ။ ကိုယ့်ကြောင့်လည်း သူတစ်ပါး မခံစားရပါစေနဲ့ ။ ကိုယ်တိုင်လည်း မခံစားချင်သည့်တိုင် ခံစားနေတဲ့ စိတ်တွေကို သိသိနဲ့ ဒေါသထွက်မိတယ် ။ ကိုယ်ပြောလိုက်တဲ့ စကားကြောင့် သူတစ်မျိုးထင်သွားလား ။သူဘယ်လိုမြင်သွားသ လဲ။ အဲ့ဒီလောက် အသေးအဖွဲလေးတွေအထိလိုက်ပြီး စဉ်းစားတတ်တဲ့ စိတ်ကို ဘယ်လိုပြုပြင်ရမလဲဆို တာကို တွေးလို့မရဘူး ဖြစ်ခဲ့ရတယ် ။ အကောင်းဆုံးကတော့ ဘာကို မှလေးလေးနက်မထားတတ်ရင် အကောင်း ဆုံးပဲလို့ ထင်မိတာပါ ။ ဒီစကားကို ပြောရတာက ပူဆွေးသောကတွေ မဖြစ်ကြစေဖို့ ပါ။ ခံစားမှု တွေနဲ့ ရှင်သန်နေတဲ့ ပုထုစဉ် လူသားတွေအတွက် ပူဆွေးသောက ကင်းနိုင်သမျှ ကင်းကြပါစေ ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !