တိုင်းပြည်ကို လက်ဝါးကြီးအုပ်ပြီး လုပ်ချင်တာလုပ် နေကြတဲ့သူတွေအတွက် ပြောစရာ စကားတွေက မကုန် နိုင် မခန်းနိုင် ရှိတယ် ။ ပြောလိုက်တာတွေက တိုးတက်လှပါပြီ ။ ခေတ်မှီဖွံ့ဖြိုးလာတယ် ဆိုတာတွေပြောနေကြ ။ ဘာတွေခေတ်မှီလာတာလဲ ပြောစမ်းပါအုံးဗျာ လို့ မေးလိုက်ချင်တာပါ ။ ဘိတ်တကာ့ဘိတ် သူများ အနောက် ကလိုက်ပြီး မဖြစ်စလောက်တိုးတက်နေတာကို စာကြီးပေကြီးတွေ ဖွဲ့  အမွှန်းတွေတင် ပြီး ဂုဏ်ပြုပွဲကြီတွေလုပ် ကြ တယ် ။ ဘာဂုဏ်တွေ ရှိနေလဲ ဆိုတာ ကိုယ့်ကိုယ်ကို သိသင့်တာပါ ။ ငါဘာဖြစ်နေပြီလဲ ။ ငါ ဘာကြီးလဲ ဆိုတာ ကိုယ်တိုင် ပြန်စဉ်းစား ရမယ့်အလုပ်ပါ ။ အခုဟာက ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင် ကမ္ဘာမှာ အရှက်တွေ ဗြန်းဗြန်းကွဲ နေရတာ ဘယ်သူတွေကြောင့်လဲ ။
ကိုယ့်အကြောင်းမှ ကိုမသိတော့ လူတွေက လက်ညှိုးငေါက်ငေါက်ထိုး ပြီးပြောတာပေါ့ ။ ကမ္ဘာပေါ်မှာ လူသား အဖြစ် အသက်ရှင်နေပြီး လူလိုတွေးစမ်းပါ ဆိုတဲ့ စကားပြောရင်တော့ မိုက်ရိုင်းတာပေါ့ဗျာ ။ ကျွန်တော်သင် တန်းတက်တုံး က ဆရာတွေက ပြောလေ့ ရှိတယ် ။ လူလိုပဲ စဉ်းစားတဲ့ ။ လူလိုပဲ စဉ်းစားကြည့် ကြရအောင် ပါ ။
ခေါင်းဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက်
တိုင်းပြည်ခေါင်းဆောင် ကြီး ဆိုတာ တိုင်းသူပြည်သားတွေ ရဲ့ အရေးကို ဘယ်လောက်ဆောင်ရွက် သလဲ ဆို တာနဲ့ပဲ တိုင်းတာပြောဆိုကြရမှာပါ ။ တိုင်းပြည်တိုင်း တိုင်းပြည်တိုင်းမှာ ဘယ်သူခေတ်က ဘယ်သူ့လက် ထက်က ဘာတွေ စွမ်းဆောင်ခဲ့တာ ဆိုတဲ့ စကားကိုပဲပြောလေ့ ရှိတယ် ။ ခေါင်းဆောင် တစ်ယောက် ကောင်း တယ် ဆိုးတယ် ဆိုတာကိုလည်း စွမ်းဆောင်ခဲ့တဲ့ လုပ်ရပ်တွေပေါ်မှာ ပဲ မူတည်ပြီး ဆုံးဖြတ်ကြ တယ် ။ ခေါင်းဆောင် လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီး ခင်ဗျား ဘာတွေ စွမ်းဆောင် ပြီးပြီလဲ လို့မေးလိုက်ရင်တော့ လား ၊? .... အေး ငါတော့ လူတွေ အစုလိုက် အပြုံလိုက်ကို အကြိမ်ကြိမ် သတ်ဖို့ အမိန့်ပေးခဲ့တယ် ဆိုတဲ့ စွမ်း ဆောင်ချက် ကြီး ထွက်လာမှာပေါ့ ။ ... အဲ့ဒါသူရဲ့ စွမ်းဆောင်ရေပဲလေ ။ မဆိုးပါဘူး ခေါင်းဆောင်ကြီး ။ ခင်ဗျား ရဲ့ လက်အောက်က အခွင့်ထူးလို ချင်တဲ့ ကောင်တွေက ခင်ဗျားခိုင်းသမျှ လိုက်လုပ်တယ် ။ ခေါင်း ဆောင်ကြီးကလည်း ကိုယ့်အာဏာ တည်မြဲရေး အတွက်ပဲ လုပ်တယ် ။ ဘယ်လိုတိုးတက်နေတာလဲ ။
ပြောစရာတွေက မကုန်ဘူးဗျာ ။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ပါတယ် ။ “တပ်မတော် သည် တိုင်းပြည် အတွက် တိုင်း ပြည်သည် တပ်မတော်အတွက် မဟုတ် ၊ စည်းကမ်းမရှိတဲ့ တပ်မတော် ရှိနေမည့်အစား အဲ့ဒီစစ်တပ်မရှိတာ ပိုကောင်းတယ် ။” စစ်တပ်ကြီး တကယ် စည်းကမ်း ပြည့်ဝသလား မပြည့် ၀လား ဆိုတာ တော့ ကိုယ့်အကြောင်း ကိုသိပေါ့ ။ စစ်တပ်တွင်း ခြေပုန်းခုတ် ရှုတ်ယှက် ခက်နေတဲ့ သတင်းတွေဟာ နောက် ဆုံး မကျေနိုင် မချမ်း နိုင်တွေ ဖြစ်လာကာမှ လူထုသိရတယ် ။ လူထုဆိုတာလည်း မျက်စိပိတ် နားကန်း တွေ ဖြစ်နေကြတဲ့ ဘ၀ ။ အင်း အခုလည်း ဖြစ်ပြန်ပြီ ။ အာဏာသိမ်းအုံးမယ်တဲ့ ။ လုပ်ကြဟ ။ ပြီး ရင် အသံ ကောင်းထဟစ်အုံးမယ် ။ တိုင်းပြည်အတွက် ပါဆိုတဲ့ စကားမျိုး ထွက်လာတဲ့ ပါးစပ်ကတော့ တိုင်းပြည်ကို ထပ်ပြီး ဒုက္ခပေးအုံးမယ် ဆိုတဲ့သူတွေပဲ ။
“ ဓာတ်ပုံအား freedomburma.org မှကူယူဖော်ပြသည်”
မသေချာ မရေရာရင် မလုပ်ကြနဲ့
ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှု့တွေလုပ်နေကြတယ် ။ သတင်းစာတွေထဲမှာလဲ နေ့စဉ်ပါနေတယ် ။ ဘယ်လိုဖြစ်လာအုံးမယ် ဆိုတာ အခုထိ သေချာ ရေရာတဲ့ အဆင့်ကို မရောက်သေးဘူး ။ ရွာလေးတစ်ရွာ ရပ်ကွက်ကလေး တစ်ခုအတွက် လုပ်နေကြသလိုပဲ ။ ရွာဆိုတာတောင် ရွာမှာရှိတဲ့ လူကြီးကောင်းရင် ကျေး ရွာလေး သာယာလှပပါသေးတယ် ။ အခုဟာက နိုင်ငံ တစ်ခုလုံးကို ကမ္ဘာမှာ အရှက်လိုက်ခွဲနေတာ ။ မြန်မာ ကတင် မဟုတ်ဘူး ကမ္ဘာကပါ လက်မခံဘူးဆိုတာကို သိရက်နဲ့ မိုက်တွင်းနက်ပြီး လုပ်နေကြတာ ။ လုပ်ကြ တာက အရေးမကြီးဘူး ။ တိုင်းပြည်နစ်နာတယ် ။ တိုင်းပြည်ကို နစ်နာအောင် လုပ်နေတဲ့ သူတွေ ကိုယ့် အကြောင်းကို သိသင့်တယ် ။ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ် သင့်တယ် ။
လူထုအနေနဲ့က လူလိုပြောတယ် ။ လူလိုပဲ စဉ်းစားကြပါ ။ တိုင်းပြည် ဘယ်လောက် အတိုင်းအတာထိ နစ် နာတယ် ဆိုတာ အားလုံး သိပါတယ် ။ ကမ္ဘာမှာ အရှက်မရှိ လူယုတ်မာ လုပ်နေကြတဲ့ ဘယ်ခေါင်းဆောင် ပဲ ဖြစ်ဖြစ် တစ်ဦး တစ်ယောက် ကြောင့် တိုင်း ပြည် နစ်နာစေတာ သိတတ်မယ် ဆိုရင် ကမ္ဘာမှာ အေးချမ်းသွား လိမ့်မယ် ။ တိုင်းပြည်ကို နစ်နာအောင် လုပ်တဲ့သူတွေ တိုင်းပြည်နာတယ် ဆိုတာ လောက်ပဲပြောလိုက် ချင် ပါတယ် ။
လူထုအနေနဲ့က လူလိုပြောတယ် ။ လူလိုပဲ စဉ်းစားကြပါ ။ တိုင်းပြည် ဘယ်လောက် အတိုင်းအတာထိ နစ် နာတယ် ဆိုတာ အားလုံး သိပါတယ် ။ ကမ္ဘာမှာ အရှက်မရှိ လူယုတ်မာ လုပ်နေကြတဲ့ ဘယ်ခေါင်းဆောင် ပဲ ဖြစ်ဖြစ် တစ်ဦး တစ်ယောက် ကြောင့် တိုင်း ပြည် နစ်နာစေတာ သိတတ်မယ် ဆိုရင် ကမ္ဘာမှာ အေးချမ်းသွား လိမ့်မယ် ။ တိုင်းပြည်ကို နစ်နာအောင် လုပ်တဲ့သူတွေ တိုင်းပြည်နာတယ် ဆိုတာ လောက်ပဲပြောလိုက် ချင် ပါတယ် ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !