ဘ၀ရှင်သန်အောင်မြင်ရေးအတွက် လူငယ်၊ လူလတ်၊ လူကြီး စသော “ အရွယ် ” ခရီးလမ်းကို လူသားတိုင်းဖြတ်သန်းနေကြရသည်။ လူဟူ၍ဖြစ်လာလျှင် “ အရွယ် ” နှင့်ကင်းကွာ၍မရ ။ သည်တော့ “ ကိုယ့်အ ရွယ်ကိုကိုယ်ချစ်တတ်ပါ ” ကိုဖော်ကြူးသော အာသာဂေါ်ဒွန် (ARTHUR GORDO) ၏ အတွေးကွန်ယက်တစ်စကို ထုတ်နုတ်တင်ပြလိုပါသည်။
ကျွန်တော်တို့၏ ပျင်းရိစဖွယ်ကောင်းသော မြို့တွင် ကြီးပြင်းခဲ့စဉ်က လူကြီးသူမအများစုမှာ တည်တည် တံ့တံ့၊ ကိန်းကြီး၊ခန်းကြီးဟန် ရှိခဲ့ကြသည်။ သို့သော်မှတ်မှတ်သားသားချွင်းချက်တစ်ရပ်တော့ရှိခဲ့သည်။ ထိုသူမှာတည်တည်တံ့တံ့ ဟန်ကြီးပန်ကြီး အသွင်ရှိသော သူ့ညီမ လာရာ နှင့် အတူနေထိုင်သည့် မုဆိုးမ မစ္စလူဝီပင် ဖြစ်သည်။ လူဝီသည်ချစ်စဖွယ်ကောင်းပြီး ရွှင်မြူးတက်ကြွနေစမြဲဖြစ်သည်။

တစ်နေ့တွင် အသက်(၆၀)ကျောင် ၀န်းကျင်ရှိနေပြီဖြစ်သော မစ္စလူဝီသည် သူမကင်းမြီး ကောက်ထောင်နိုင် သည်ဟုဆို၏။ ကျွန်တော်တို့က မယုံကြည်သောအခါ သူမက ဒူးနှစ်ခုကြားကို လက်ညှပ်ပြီး ကင်းမြီးကောက် ထောင်လိုက်သည်။ ကျွန်တော်တို့ကို ဇောက်ထိုးပြုံးပြလိုက်သည်။
“ အို ... လူဝီ ကိုယ့်အသက်နဲ့ လိုက်ဖက်ညီအောင်နေစမ်း ” ဟု ကလာရာက ဆိုလိုက်သည်။ မစ္စလူဝီသည် မတ်မတ်ပြန်ရပ်လိုက်ပြီးမေးလိုက်သည်။ “ ဘာပေါက်ကရတွေပြောနေတာလဲ ။ ဘယ်သူက ကိုယ့်အသက် နဲ့ကိုယ် လိုက်ဖက်မညီတာ ရှိပါ့မလဲ၊ ဒီမှာ အဓိကအချက်က ကိုယ့်အသက်အရွယ်ကို ကိုယ်ချစ်တတ်ဖို့ပဲ။ ငယ်ရွယ် သန်မာ မိုက်မဲတဲ့အခါမှာ ချစ်ပါ။ အသက်အရွယ်အိုမင်း ပညာရှိတဲ့အခါလည်း ချစ်ပါ။ အလယ်အလတ်စိန်ခေါ်ချက်တွေ ရင်ဆိုင်ရပြီးပြဿနာ အချို့ကို ဖြေရှင်းနိုင်တယ် ။ အများစုကို ဖြေရှင်းတဲ့အခါလည်း ချစ်ပါ။ မင်းအသက်အ ရွယ်ကိုမင်းချစ်ရင်မင်းဘယ်တော့မှ တခြားအရွယ်တွေကို တောင့်တတဲ့အသွင်နဲ့ ရှင်သန်နေမှာမဟုတ်တော့ဘူး။ အဲ့ဒါကို စဉ်းစားပါကလာရာ။

REF: Ponts to Ponder
Authur Gordon, R.D.Dec 1997
မောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ေ၇းဆိုင်ရာ အတွေးကွန်ရက်များ

လာရောက်ကြသူအပေါင်းကို ကျေးဇူးတင်ရှိပါသည်။
ReplyDelete