Home » » အာဇာနည်နေ့

အာဇာနည်နေ့





တစ်ခါက စစ်ဗိုလ်ဟောင်းတစ်ဦး ပြောတဲ့စကားလေးကို အမှတ်ရမိပါတယ် ။ ငါတို့က ဗိုလ်ချုပ်လက်ထက်က စစ်သား။အနန္တောအနန္တ ခြောက်ပါးက လွဲပြီး ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး။ ကြောက်စ ရာလည်း မလိုဘူးတဲ့။အနန္တောအနန္တ က ငါးပါးပါ ။ ဘယ်လိုခြောက်ပါးဖြစ်သွားလည်းပြောပြပါအုံး ဆိုတဲ့အခါ ....
ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ ၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုပြီးလေးလေးစားစားပြောသွားတာလေးကို အမှတ်ရမိပါတယ် ။ ဒီနေ့ ဒီရက်မှာ ကျွန်တော်တို့နိုင်ငံအတွက် ကိုယ်ကျိုးမရှာဘဲ နိုင်ငံရေး သက်သက်လုပ်ပြီး နိုင်ငံရေးလုပ်ငန်းအတွင်းမှာ အသတ်ခံလိုက်ရတဲ့ လွပ်လပ်ရေးဖခင် ကြီးများ အာဇာနည်ခေါင်း ဆောင်ကြီးများအတွက် အာဇာနည်နေ့ဆိုတာ ဖြစ်လာခဲ့ရတယ် ။
သမိုင်းကောင်း တွေကို မေ့ချင်ယောင်ဆောင် မေ့ပျောက်အောင်လုပ်လို့ မရဘူး ဆိုတာကို မေ့ပျောက်ဖို့ ကြိုးစားနေသူတွေသိစေဖို့ သခင်အောင်ဆန်း ဗိုလ်အောင်ဆန်း ဆိုတာ တို့တစ်တိုင်းပြည်လုံးရဲ့ ဖခင်ကြီးပါလို့ ပြောရင်း အာဇာနည်နေ့ကို ဂုဏ်ပြုပါသည်။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !