Home » » ဘယ် "နပ်" မှ မချောင်စေနဲ့

ဘယ် "နပ်" မှ မချောင်စေနဲ့


ခေါင်းစဉ်ကိုကြည့်ရတော့ တစ်မျိုးကြီး ဖြစ်နေမှာပါ။ ဒါပေမယ့် ကျွန်တော်သတိရတာ ပြောချင်လို့ပါ။ ကျွန်တော် ငယ်ငယ်က အင်းစိန် အင်းစိန်စက်မှု့သိပ္ပံတက်တော့ ကျွန်တော်က မက်ကယ်နီကယ်ယူပါတယ်။ အဲ့ဒီမှာ ဆရာ က သင်ခန်းစာသင်ရင်း " တပည့်တို့ ကားတစ်စီးလုံးမှာ ဘယ် " နပ် " ကအရေးကြီးဆုံးလဲ" လို့မေးတယ် ။ ကျွန် တော်တို့အားလုံး တစ်ယာက်တစ်ပေါက်စီ ပြောကြပါတယ်။ ရှပ်နပ်၊ ကရိုင်းနပ်၊ စတီရာရင်နပ် စသဖြင့် မျိုးစုံ ရွတ်ပြကြတယ်။ ဆရာက ပြုံးနေတယ်။ ကျွန်တော်လဲ ဂျွိုင်းနပ်က အရေးကြီးဆုံးလို့ ဖြေခဲ့ပါတယ်။ ဆရာက နောက်ဆုံးမှဖြေတယ်။ မင်းတို့ပြောတာ အားလုံးမှန်တယ်။ အရေးကြီးပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့  " ချောင်နေတဲ့ နပ်တစ်လုံး " တဲ့။
ဟုတ်ပါတယ် တကယ်တော့ ကားတစ်စီးလုံးမှာ ချောင်နေတဲ့ နပ်ဟာအရေးကြီးဆုံးပဲ။ သူတကာကို ဒုက္ခပေးမှာ ကိုး။
ဒီလိုပါပဲ။ ကျွန်တော်တို့ ဘ၀ကြီးတစ်ခုလုံးကိုလည်း ကားတစ်စီးလို သဘောထားလိုက်ရင် ကျွန်တော်တို့မှာ ကိုယ်၊ စိတ်၊ နှလုံးသုံးပါးနဲ့ ထိန်းချုပ်ပြီးမောင်းနှင်နေတာပါ။ အားလုံးဟာ အရေးကြီးပါတယ်။ ဘ၀ရဲ့ လိုရာ ပန်းတိုင်ကိုရောက်ဖို့ အဲ့ဒီသုံးမျိုးလုံး ကောင်းရပါလိမ့်မယ်။ ဘယ်ဟာမှ ချွတ်ချော်လို့ မဖြစ်ပါဘူး ။
တိုင်းတစ်ပါးနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဘ၀ရောက်အောင် ကြိုးစားဖို့ဆိုတာ ကျွန်တော်တို့ တာဝန်ရှိတယ်လို့ ပြောချင်တာပါ။ ဒီလိုညံ့တဲ့ ဘ၀မရောက်ဖို့ ကျွန်တော်တို့မှာ ဘာနပ်မှ မချောင်စေနဲ့လို့ ပြောချင်တာဖြစ် ပါတယ်။ 
တစ်နေ့တော့ ဖြစ်လာမှာပါလို့ စောင့်နေလို့လည်း မဖြစ်ပါဘူး. လောကမှာ ဘယ်အရာမှ သူ့အလိုလို ဖြစ်မလာ ပါဘူး။ ဖြစ်ချင်တဲ့ စိတ်ရှိမှ အဲ့ဒီစိတ်ကို အကောင်အထည်ပေါ်အောင် ကြိုးစားမှ ဖြစ်တာပါ။ အဲ့ဒီတာဝန်ဟာ ကျွန်တော်တို့ လူငယ်တွေမှာရှိတယ်။ လူကြီးတွေကတော့ အချိန်မရှိတော့ဘူး။ လူငယ်တွေပဲ ရှေ့တက်ရ တော့မယ်။ ဟိုလူ့အားကိုး ဒီလူ့အားကိုး လုပ်လို့ မရပါဘူး။ ဘယ်သူ့မှ အားမကိုးဘဲ ကိုယ့်ကိုယ်ကိုပဲ အားကိုး မှဖြစ်ပါလိမ့်မယ် ။
ကိုယ်၊ စိတ်၊ နှလုံးသုံးပါးလုံး နပ်သုံးလုံးကောင်းအောင် လုပ်ရပါမယ်။ တစ်ဦးချင်းကောင်းအောင် လုပ်ရပါမယ်။ တစ်ကိုယ်ချင်းကောင်းရင် အားလုံးကောင်းပါလိမ့်မယ်။ ကုမ္ပဏီက လူတွေ ဆိုရင်လည်း ကုမ္ပဏီကောင်း အောင်လုပ်တာဟာ တိုင်းပြည်ကောင်းအောင် လုပ်တာပါပဲ ။ အရေးကြီးတဲ့ နပ်တွေပါ။ ဘယ်တော့မှ ချောင်လို့ မဖြစ်ဘူး။
" ပေဖြစ်တုံးခံ တူဖြစ်ရင် နှံ " ဆိုတဲ့ စကားကိုလည်း ပြင်ရပါဦးမယ်။ တူဖြစ်ရင် နှံသာ နှံလို့ ဘယ်ဘုရားမှ မဟော ပါဘူး။ ဘ၀ပေး အခြေအနေကြောင့် ပေဘ၀မှာခံခဲ့ရတယ်။ တူဖြစ်ပြီးတဲ့ အခါ ပေကိုနှံဖို့ မစဉ်းစား ပဲ ကိုယ့်လက်ထဲက တူကိုသာ ခိုင်အောင်လုပ်ရပါမယ်။ ကိုယ်ကိုယ်တိုင် ပေဘ၀ပြန်မရောက်အောင် လုပ်ရပါ မယ်။ ကိုယ့်ရဲ့ တူအရိုးခိုင်အောင် ကြိုးစားရမယ် ။ တူရိုး ပြုတ်မထွက်အောင် သတိထားဖို့ ဖြစ်ပါတယ်။
ဆရာတော် ဦးသုမင်္ဂလက ဟောပါတယ်။ ဆားအိုးတစ်အိုးထဲ လူအားလုံးကို လိုက်နှိုက်ခိုင်းတဲ့ ။ အနာရှိတဲ့ လူက စပ်ပြီး အော်လိမ့်မယ်တဲ့ ။ ဟုတ်ပါတယ်။ အနာရှိတဲ့ သူကသာ မခံနိုင်ပြီး အော်မှာပါ။ ဒီတော့ ကျွန်တော်တို့ အနာမပေါက်အောင် ဂရုစိုက်ကြရပါအုံးမယ်။
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ မပြောပါနဲ့လို့ ဆရာတော်က ပြောပါတယ်။ ဖြစ်သမျှအကြောင်းကို ကောင်းအောင်လုပ်ကြရမှာ ပါတဲ့ ။ လောင်းကစားဝိုင်းမှာ လူတွေရဲ့မျက်နှာဟာ ချွေးပြန်ပြီး ကြမ်းနေတယ်။  တရားနာနေတဲ့ လူတွေရဲ့ မျက်နှာဟာ အေးချမ်းနူးညံ့တယ်။ မေတ္တာစိတ်ရှိရင် ပိုပြီးနူးညံ့ပါတယ်။ ကိုယ်ချင်း စာတရား ထားနိုင်ရင် ပိုပြီးအေးမြပါတယ်။ ဒါဟာ စိတ်ဆိုတဲ့ နပ် မချောင်အောင် ထိန်းထားတာ ပါပဲ။
ကျွန်တော်တို့ ရဲ့ နပ် တွေကို အမြဲတမ်း ဆေးကြောသန့်စင်ပေးဖို့လည်း လိုအပ်ပါလိမ့်မယ်။ နပ် ဆိုတာ သံထည် တွေဆိုတော့  သံချေး တက်တတ်တာပဲ။ သံကိုသံဖျက် သံကြေးတက်  ဆိုတဲ့ရှေးစကာခုထိ မမှား သေးပါဘူး။ကျွန်တော်တို့ အားလုံး နပ်မချောင်အောင် ၀ိုင်းဝန်းကြိုးစားဖို့ ပါလို့ တွေးမိပါတယ်။
ဆရာ ကိုရွှေအောင်သင်းရေးတဲ့ စာတွေ မဖတ်ဖူးပါဘူး တစ်ခါကတော့ စာပေဟောပြောပွဲမှာ ပြောသွာတာ ကို နားထောင်ခဲ့ဖူးပါတယ် ။ လူငယ်တွေ အတွက် ပဲ အလုပ်လုပ်မယ် ဆိုတဲ့ စာရေးဆရာကို တစ်ခါပြော တာနဲ့ ကြိုက်နေမိတာပါ ။ အခု တင်လိုက်တဲ့ Post ကတော့ အသစ်ထွက် ဂျာနယ် The Hot News weekly ဂျာနယ် 23/7/2010 အတွဲ 1 . vol 1 ကနေ  Youth Column ကနေ ပြန်လည်ဖော်ပြခြင်းပါ ။

2 comments:

  1. ဘယ် " နပ် " မှ မချောင်စေဖို့ပြောတာကို
    ကားတစ်စီးနဲ့ဥပမာပေးပြသွားတယ်
    လူတိုင်းလည်း နပ်မချောင်အောင်ထိန်းချုပ်ဖို့မလွယ်ဘူး
    ကျနော်လည်း ကြိုးစားဆဲပါ

    ReplyDelete
  2. ဟုတ်ပါတယ်...တူဖြစ်တုန်းခံ ပေဖြစ်တော့နှံ ဆိုသလို လက်စားချေနေကြရင် ဒီကမ္ဘာကြီး ဘယ်ငြိမ်းချမ်းတော့မှာလဲ ...ဒါပေမယ့် ဒီစကားပုံကလဲ အလကားပေါပေါ်က်ခဲ့တာ မဟုတ်ဘူးလေ..ပေဖြစ်တုန်းပေးဆပ်ခဲ့ရတဲ့ အသက်တွေ ၊ လူမဆန်တဲ့ ရက်စက်ယုတ်မာမှု.တွေ အတွက် တူဖြစ်တုန်းမှာ ပြန်နှံခွင့်တော့ ရှိမှာပါ..သူတို.လုပ်ခဲ့ တဲ့ မကောင်းမှု.တွေ အတွက် တရားဥပဒေနဲ.အညီ ပြန်လည်ပေးဆပ်ရမှာပါ... နှံ မှာကတော့ အမ မဟုတ်ဘူးနော်...အကုသိုလ်ကံ ဆိုတဲ့ မကောင်းကျိုးကံကြီး က ပြန်နှံမှာ..

    ReplyDelete

never ... never ... never ...never ... never Give Up !