1938
ပစ္စည်းချင်း ထပ်လဲတဲ့ အတိတ်ခေတ်ကိုတော့ ပြန်မပြောတတ်ပါဘူး ။ ပြောချင်တာက ခေတ်သစ်စနစ်တွေ ဖြစ်ပေါ်လာပြီး ကုန်ပစ္စည်း ချင်း မလဲကြတော့ပဲနဲ့ ငွေ ဆိုပြီးအသုံးပြုခဲ့ကြတယ် ။ ရွှေဒင်္ဂါး ခေတ် ငွေဒင်္ဂါး ခေတ် အကြောင်းတော့ မသိဘူး ။ ကမ္ဘာစစ်တွေအတွင်းက စပြီး အင်္ဂလိပ် တွေရဲ့ တံဆိပ်တွေနဲ့ ငွေစက္ကူတွေ ကို စတင်အသုံးပြုခဲ့ကြတယ် ။ ငွေစက္ကူ မှာ ဆိုရင် ဆိုင်ရာ နိုင်ငံရဲ့ သင်္ကေတ တွေ နိုင်ငံရဲ့ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်တွေရဲ့ ပုံတွေနဲ့ ကိုယ်စားပြု ဖော်ပြတာကို တွေ့ကြရမှာပါ ။ ကျွန်တော်တို့ နိုင်ငံ မှာ ဆိုရင်လည်း မြန်မာ ကျက်သရေ ဆောင် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ ဆရာစံ တို့ ရဲ့ ပုံတွေ လယ်ယာမြေကို အဓိက အားထားတဲ့ တိုင်းပြည်ဖြစ်တဲ့ အတွက် လယ်ထွန်နေတဲ့ ပုံတွေ ၊ နဲ့ အထင်က ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပုံတွေကို ကျောချင်းကပ် ဖော်ပြထားတာတွေ့ခဲ့ ရပါတယ်။ ဒီလို ကိုယ်စားပြုထားတဲ့ အတွက် တိုင်းပြည်တစ်ပြည်ရဲ့ ငွေကြေးကို စာဖတ်လို့ မရရင်တောင် ဒါကတော့ ဘယ်တိုင်းပြည်က ဘယ်ပုဂ္ဂိုလ်ပဲ ဆိုတာသိပြီး ငွေကြေး ကိုသိ ရှိနိုင်တယ် ။
ငွေစက္ကူကို ဘယ်လိုကြောင့်တန်ဖိုးပိုင်းခြား ရသလဲဆိုတာနဲ့ ပတ်သတ်ပြီးတော့အဖြေမရှာနိုင်ပါဘူ ။ အဖြေရှာချင်တဲ့ အကြောင်းအရာက မြန်မာ ငွေစက္ကူမှာ အထင်ကရ ပုဂ္ဂိုလ်ပုံတွေပျောက်ပြီး တိရစ္ဆာန် ပုံတွေနဲ့ ကိုယ်စား ပြုလာတာကို အဖြေရှာချင်တာပါ ။
အင်္ဂလိပ်အုပ်စိုးစဉ်က အင်္ဂလိပ်တို့ ရဲ့ပုံတွေပါတဲ့ ငွေစက္ကူတွေကို အသုံးပြုခဲ့ကြ၇တယ် ။ နောက်လွပ်လပ် ရေးရပြီးတဲ့ နောက်မှာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်ပုံတွေ လွတ်လပ်ရေး တိုက်ပွဲအတွင်းက အထင်ကရ ပုဂ္ဂိုလ် ပုံတွေနဲ့ မြန်မာငွေစက္ကူဟာ အတိုင်းအတာ တစ်ခုအထိတော့ အဆင့်အတန်းရှိခဲ့ပါတယ် ။ အိပ်နီးချင်းထိုင်း နိုင်ငံတို့ထက် သာခဲ့တဲ့ ငွေကြေးတစ်ခုပါ ။ ဗိုလ်ချုပ်တို့ မရှိတော့တဲ့ နောက်ပိုင်းမှာ အာဏာရှင် ဇာတ်လမ်း စလို့ ငွေကြေးတွေလဲ ကမောက်ကမ ဖြစ်ခဲ့ရတယ်လို့ ဆိုချင်ပါတယ် ။ ငွေကြေးဖျက်သိမ်းခြင်းတွေ ဖြစ်ပေါ် လာတယ် ။ နောက်ပိုင်း ငွေစက္ကူတွေမှာ ဆို ဗိုလ်ချုပ်တို့ ရဲ့ပုံတွေ ပျောက်လာတယ် ။ တဖြည်းဖြည်း နဲ့ ပြောင်းလဲ လာလိုက်တာ ။ နိုင်ငံ ခေါင်းဆောင် နဲ့ လိုက်ဖက်တဲ့ ငွေကြေးတံဆိပ်က ခြင်္သေ့ ပုံဖြစ်လာတယ် ။ ခေါင်းဆောင်က အာဏာရှင် ။
အာဏာရှင်ဆိုတော့ အာဏာနဲ့ လုပ်မယ်ကိုင်မယ် ။ ခြင်္သေ့ကလည်း တောတွင်းမှာတော့ အာဏာရှင်ပဲ မှတ်လား ။ သူ့အသံကြားတာနဲ့ကို ကျန်တိရ စ္ဆာန်တွေက အလိုလိုကြောက်နေကြရတယ် ။ အဲ့ဒီတော့ အာဏာရှင် လက်ထက်နဲ့ ခြင်္သေခေါင်းပုံ ငွေစက္ကူနဲ့ လိုက်ဖက်ပါတယ် ။
ဒါပေမယ့် မဖြစ်သင့်တာ ရှိသလို ဖြစ်သင့်တာလည်း ရှိပါတယ် ။ ဗိုလ်ချုပ်တို့ ဆိုတဲ့ ဗိုလ်ဂ္ဂိုလ်တွေကို မြန်မာတစ်မျိုးသားလုံးက ချစ်ကြတယ်လေ ။ မကျေနပ်တဲ့ သူရှိတယ် ဆိုရင်တောင် လူနည်းစုပဲ ဖြစ်မယ် ။ အဲ့ဒီတော့ အဲ့ဒီလို ပုဂ္ဂိုလ်တွေ လက်ထက်မှာ ၎င်းတို့ ရဲ့ ပုံတွေဟာ ငွေစက္ကူမှာသာ မက ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ အိမ်မှာ ကျက်သရေ ရှိရှိ ချိတ်ဆွဲထားတတ်ကြပါတယ်။
အခုနောက်ပိုင်းကြတော့ နိုင်ငံခေါင်းဆောင် လုပ်ချင်တဲ့သူတွေ လုပ်နေသူတွေဟာ ပြည်သူတွေရဲ့လေးစား မြတ်နိုးခြင်းကိုမှ မခံကြရဘူးလေ ။ အဲ့ဒီတော့ သူတို့ ပုံတွေကို ငွေစက္ကူမှာသာ အသုံးပြုမယ်ဆိုရင် ငွေမကိုင်ချင်လောက်အောင်ကို ဖြစ်သွားမယ် ။ အဲ့ဒီတော့ သူတို့တွေရဲ့ နေရာမှာ ကိုယ်စားပြုပေးမယ့် ခြင်္သေ့ကြီး ကို ငွေစက္ကူပေါ်တင်လိုက်ရတာဖြစ်သင့်ပါတယ် ။
1942-44
1944
1945
ညီရေ
ReplyDeleteပြောင်းလဲလာလိုက်တာ ပြောမနေနဲ့တော့
ညီပြောသလိုပဲ သူတို့ရုပ်နဲ့ဆို ကိုင်ချင်တဲ့သူတောင်ရှိတော့မှာမဟုတ်ဘူး
ဒီပိုစ်လေးကို BC မှာတင်ချင်လို့ ပြန် Share ဖို့ ခွင့်တောင်းခံပါတယ် ညီရေ
ခင်မင်စွာဖြင့်
ညအလင်္ကာ