ဝါဆိုလပြည့်နေ့မှာ ဆရာတော် အရှင်ဇ၀န(မေတ္တာရှင် ရွှေပြည်သာ)ရဲ့ တကယ့်ဗုဒ္ဓဘာသာကျင့်စဉ်နှင့် သစ္စာ လေးပါးတရားတော် စာအုပ်ပါးပါးလေးထဲမှ သစ္စာမသိမှု အ၀ဇ္ဇာ၏ နှိပ်စက်ပုံ ခေါင်းစဉ်လေးကို ပြန်လည်ဖော် ပြပေးလိုပါတယ်။
အန္ဓဗာလ ပုထုဇဉ်ဘ၀ မရောက်အောင် အ၀ိဇ္ဇာက တားဆီးဖုံးလွှမ်းထား၏။ အန္ဓပုထုဇဉ်ဘ၀မှ ကလျာဏပုထု ဇဉ်ဘ၀ မရောက်အောင် အ၀ိဇ္ဖာကပင် တားဆီးဖုံးလွှမ်းထား၏ ။ ကလျာဏပုထုဇဉ်ဘ၀မှ စူဠသောတပန် ပုထု ဇဉ်ဘ၀မရောက်အောင် အ၀ိဇ္ဇာကပင် တားဆီးဖုံးလွှမ်းထား၏ ။ သောတပန်ဘ၀မှ သဒါဂါမ်ဘ၀ မရောက် အောင် အ၀ိဇ္ဇာကပင် တားဆီးဖုံးလွှမ်းထား၏။ သကဒါဂါမ္ဘ၀မွ အနာဂါမ္ဘ၀ မရောက်အောင် အ၀ိဇ္ဇာကပင် တားဆီးဖုံးလွှမ်းထား၏ ။ သကဒါဂါမ္ဘ၀မွ အနာဂါမ္ဘ၀ မရောက်အောင် အ၀ိဇ္ဇာကပင် တားဆီးဖုံးလွှမ်းထား ၏။ အနာဂါမ်ဘ၀ မှ ရဟန္တာဘ၀မရောက်အောင် အ၀ိဇ္ဖာကပင် တားဆီးဖုံးလွှမ်းထား၏။
ရဟန္တာဘ၀ရောက်မှပင် လူသားသည် အ၀ိဇ္ဇာ၏ စက်ကွင်းမှ လွတ်၏။ သစ္စာလေးပါးမသိမှု အ၀ိဇ္ဇာသည် လူသားကို ရဟန္တာဘ၀သို့ မရောက်ရန် တားဆီးဖို့အတွက် ဘ၀ကို လိုချင်တပ်မက်မှုတဏှာနှင့် ငါ့ရုပ်၊ ငါ့နာမ်၊ ငါ့ခန္ဓာဟု ထောင်လွှားမှု မာနတရားတို့၏ ကူညီပံ့ပိုးမှုကို ရယူ၏။ အ၀ိဇ္ဇာအရ မောဟစေတသိတ်ကို ရ၏။ ထိုမောဟ ၊ တဏှာ ၊ မာန ၊ ကိလေသာသည် ထုထည်ကြီးမားများပြား ကျယ်ဝန်း၏။
ထိုတရားများကို လေးပုံစီပုံပြီး မဂ်လေးပါးက အစဉ်အတိုင်း တစ်ပုံစီ ပယ်သတ်ရ၏ ။ ရဟန္တာမဂ်ကျမှ အကုန် ကုန်၏ ။ ထို ကိလေသာတွေအားလုံးကုန်ပြီး ရဟန္တာဖြစ်မှ ဗုဒ္ဓအလိုကျကြောင်း ဓမ္မပဒပါဠိတော် ဂါထာ အမှတ် -၂၇၁ ၊ ၂၇၂ ၌ ဗုဒ္ဓက ယခုလို ဟောကြားထား၏။
နသီလဗ္ဗတမတ္တေန၊ ဗာဟုသစ္စေ၀ါပန။
အထ၀ါသမာဓိလာဘေန ၊ ၀ိဝိတ္တသယနေန၀ါ ။
ဖုသာမိနေက္ခမ္မံသုခံ ၊ အပုထုဇ္ဇနသေ၀ိတံ။
ဘိက္ခူဝိဿာယ-မာပါဒိ၊ အ-ပတ္တော အာသ၀က္ခယံ ။
ရဟန်း . . . သင်သည် ရဟန္တာဖြစ်ခြင်းသို့ မရောက်သေးဘဲ သီလစင်ကြယ်ရုံမျှ ၊ ဓုတင် ဆောင်နိုင်ရုံမျှဖြင့် စိတ် ချလက်ချ နေခြင်းသို့ မရောက်လင့်။
ပိဋကတ်သုံးပုံ ဆောင်နိုင်သည့်တိုင်အောင် စိတ်ချလက်ချနေခြင်းသို့ မရောက်လင့်။
ဈာန်သမာပတ်ရှစ်ပါးကို ရရုံမျှဖြင့်လည်း စိတ်ချလက်ချ နေခြင်းသို့ မရောက်လင့်။
စိတ်ငြိမ်သော တောရကျောင်း၌ နေနိုင်ရုံမျှဖြင့်လည်း စိတ်ချလက်ချ နေခြင်းသို့ မရောက်လင့် ။
ပုထုဇဉ်တို့ မမှီဝဲနိုင်သော အနာဂါမ်မိ ဖိုလ်ချမ်းသာကို တွေ့နိုင် ၊ ရောက်နိုင်သည်ဟူ၍လည်း စိတ်ချလက်ချ နေခြင်းသို့ မရောက်လင့် ။
ရဟန္တာအဖြစ်သို့ မရောက်အောင် အ၀ိဇ္ဇာ၏ တားဆီးခြင်း၊ ဖုံးလွှမ်းခြင်းခံရသည်မှာ သစ္စာလေးပါးကို မသိမှု ကြောင့် ဖြစ်၏ ။ သစ္စာလေးပါးကို သိသည်နှင့် အ၀ိဇ္ဇာသည် ကွယ်ပျောက် ရမည်ဖြစ်၏ ။ သစ္စာလေးပါးကို သိသည်နှင့် ကွယ်ပျောက်ရမည် ဖြစ်၏။ သစ္စာလေးပါးကို သိရာ၌ အဆင့်နှစ်ဆင့် ရှိ၏။ အဆင့် နှစ်ဆင့်ကား အနုဗောဓအသိ နှင့် ပဋိဝေဒအသိပင် ဖြစ်၏။
အနုဗောဓအသိဟူသည် ဆရာဖြစ်သူ ဟောကြားပြသ ရေးသားသည့်အတိုင်း ဆရာ၏ ဥာဏ်ကိုအစဉ်လိုက် ပြီး သိခြင်း ဖြစ်၏။ အနုဗောဓအသိကို အခြေခံကာ ကိုယ်တိုင် ရှုပွားပြီး မဂ် ဖိုလ် ရသည်အထိ ထိုးထွင်း၍ သိသွားခြင်းကို ပဋိဝေဒအသိဟု ခေါ်၏။ အနုဗောဓသိကို ရပြီးမှ ပဋိဝေဒ သိကို ရနိုင်သည်ဖြစ်ရာ အနုဗောဓ သိ ရရှိအောင် ၀ိပဿနာတရားမျိုးစုံကို နာကြားပြီး ၀ိပဿနာတရားစာအုပ်မျိုးစုံကို ဖတ်ရှုကြရမည် ဖြစ်၏ ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !