Home » » ညီညီညွတ်ညွတ် နဲ့တောင့်ခံပါ

ညီညီညွတ်ညွတ် နဲ့တောင့်ခံပါ

ရွေးကောက်ပွဲအတွက် လှည့်လည်ဟောပြောယင်း ၁၉၄၇ ခုနှစ်
ဧပြီလအတွင်း တောင်တွင်းကြီးမြို့ ရွှေအင်းတောင်ဘုရားတွင်
ပြောကြားခဲ့သည့် မိန့်ခွန်း

အခုအချိန်ဟာ သိပ်အရေးကြီးနေတယ်။ အင်္ဂလိပ်ဟာ စစ်နိုင်တဲ့ တိုင်းပြည်အဖြစ်နဲ့ အပြင်ပန်းကောင်း နေပေမဲ့၊ စီးပွားရေးအခြေအနေ အတွင်းကြေကြေနေတယ်။ အရင်စစ်မဖြစ်မီက အင်္ဂလိပ်ဟာမြီရှင်၊ ကုလား
က မြီစား၊ အခု အင်္ဂလိပ်က မြီစား ၊ ကုလားက မြီရှင် ဖြစ်နေတယ်။ အခုလို စီးပွားရေးအခြေအနေအရအင်္ဂလိပ်မှာ အကျပ်ရိုက်နေတုန်း ကျုပ်တို့ လွပ်လပ်ရေးအမြန်ရအောင် လုပ်ယူရ မှာ ဘဲ၊ လွတ် လပ် ရေးရဖို့ မရဖို့က ခင်ဗျားတို့ ကသာ ညီညီညွတ်ညွတ်နဲ့ တောင့်ခံနိုင်မယ်ဆိုယင် လွပ်လပ်ရေးရမှာဘဲ ။
အခု ဗမာပြည်မှာ ချင်း ၊ ကရင် ၊ ကချင် ၊ ရှမ်းတို့ဆိုတာတွေနဲ့ ဗမာတွေနဲ့ညီညွတ်နေကြပြီ ။ ဒါပေမယ့် ဗမာအချင်းချင်း ဖြစ်တဲ့ စားဖားကြီးတွေကသာ ကျုပ်တို့နဲ့ မညီညွတ်နိုင်ဘဲ ကျုပ်တို့ကို ကလန်က ဆန်လုပ်နေတယ်။ သူတို့ဟာ အရင်မင်းတိုင်ပင်လုပ်ဖူးလို့ “ ကောင်းမှန်း သိ ၊ သာအိတစိုစို ” ဖြစ်နေကြတော့
ကျုပ်နောက်ဆုံး တိုတိုပဲ ပြောလိုက်မယ်။ ခင်ဗျားတို့ ကျွန်သက်တိုချင်တယ်ဆိုယင် ဖ-ဆ-ပ-လ အဖွဲ့ဝင်တွေိကိုမဲပေးကြ ၊ ကျွန်သက်ရှည်ချငတယ် ဆိုယင် ခုနကပြောတဲ့ စားဖားကြီးတွေကိုဘဲ မဲပေးကြပါ။


အခုအချိန်မှာတော့ စစ်အစိုးရဟာ အာဏာ၏ အရသာကို ကောင်းကောင်းသိနေပြီ ။ ဒီအခြေအနေထက် ပိုဒုက္ခ ရောက်ချင်တယ် ဆိုရင်တော့ အာဏာရှင်ရဲ့ အလိမ်အညာ ရွေးကောက်ပွဲကို မဲပေးကြပေါ့ ။ မဟုတ်ဘူးဆိုရင်တော့ေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပြည်သူတို့ညီညီညွတ်ညွတ်နဲ့ စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲကို ပြတပြတ်သားသား ကန့်ကွက်ဆန္ဒပြကြပါ ။ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်း မ ဖြစ်လာသ၍ အလိမ်အညာတွေကို ပေါ့ပေါ့လျှော့လျှော့လက်မခံ ကြပါနဲ့ ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !