Home » » သောင်ပြောင်းထွေလာ

သောင်ပြောင်းထွေလာ

နိုင်ငံရေး လုပ်တဲ့သူတွေဆိုရင် လူတွေကရှောင်ချင်ရှားချင်ကြတဲ့ဆိုတဲ့ စကားကိုပြောသံကြားမိတော့ နည်းနည်းတော့ခံရခတ်တယ်ဟေ့ ။ မှန်ပါတယ် ။ သတ္တိမရှိတော့တဲ့သူတွေက ရှောင်ပြေးကုန်ကြတာလေ။ တစ်ချိန်တုန်းကတော့ ဒီမိုကရေစီမှ ဒီမိုကရေစီ ။ အဖွဲ့ချုပ်မှ အဖွဲ့ချုပ်ဆိုတဲ့သူတွေလည်း အခြေအနေမလှလောက်တော့ဘူးလို့ ထင်တဲ့အချိန်မှာ ပြေးကုန်ကြတာပဲမှတ်လား။ ဘာနဲ့နှိုးပြော ရမလဲဆိုတော့“ ဘယ်ဘက်ပေါင်လေး ဟလိုက်တော့ ညာဘက်ပေါင်ပြေးကပ် ” တယ်လို့ပြောရမှာပေါ့ ။ ဟုတ်ပါတယ် ။မင်းတို့ ပြောသလိုပဲ အာဏာရှင်လက်ထက်မှာ နိုင်ငံရေးလုပ်တဲ့သူနားကို လူတွေက မကပ်ချင်တာမဟုတ်ဘူး။ခွေးတွေက မမိ မိတဲ့ဟာလိုက်ဆွတတ်တော့ ရှောင်နေကြရတာ။

ပြောတော့လည်း ရိုင်းမယ်ဗျ ။ ဒီထက်ယဉ်တဲ့အသုံးလဲ မရှိတော့ဘူး ။ နိုင်ငံရေးလုပ်လို့ ကောင်းစား တဲ့သူဆိုတာ မရှိပါဘူး ။ နိုင်ငံရေး အရောင်ပြ တွေသာ ကောင်းစားသွားကြတာပါ ။ အခုနောက်ပိုင်းကြတော့ နိုင်ငံရေး အရောင်ပြလို့ မရတော့ဘူးလေ ။ ကြံ့ဖွတ်လုပ်ပြီး ကောင်းစားသွားကြတဲ့သူတွေ အများကြီးဗျာ ။
ဆွဲထုတ်လိုက်ရမလား လို့တောင် ပြောချင်သေးတယ် ။ တကယ် ကို ကြံ့ဖွတ်ပါတီကြီး ကလူထုအတွက် လုပ်နေတာ ဆိုရင် သံဃာတွေ သတ်တဲ့ အထဲမှာ ဒီအကောင်တွေက ဘာလို့ဝင်ပါရတာလဲ ။ ဒါမျိုး ပြောလို့တောင်မတန်သေးဘူး ။ သန်းရွှေမယားပါ သားတွေပြောလဲ နာမှာ မဟုတ်သေးဘူး ။ တစ်မျိုးလုံး တစ်ရွှေလုံးထိုးကျွေးလိုက်မယ်လို့ ပျော်ပျော်ကြီး ပြောမယ့် လူ့ တန်ဖိုးမဲ့တွေလေ ။ ကားအကောင်း စားကြီးတွေစီး ။ သားပျိုသမီး ပျိုတွေကိုစော်ကား ပြီးတော့ ငါဘာကောင်ကွ ညာကောင်ကွ လုပ်တာလဲ မင်းတို့ အသိုင်းအ၀ိုင်းပါပဲ ။ ဥပဒေ ဆိုတာ မင်းတို့ ပါးစပ်ထဲမှာ ဆိုတော့ ဖတ်ပြောလဲ အရှုံးပဲဆိုပြီး နေခဲ့ကြရတာတွေလည်း မနည်းတော့ဘူးနော်။ 

သိတာတွေ အကုန်ပြောမယ် ။ ဒုရဲအုပ် တစ်ယောက်ဟာ သူ့တပည့်တစ်ယောက်ကို မေးတယ် ။ ဟေ့ကောင်မင်းကိုငါလုပ်ခိုင်းထားတဲ့ အမှု့ ဘယ်လိုလဲတဲ့ ။ သူ့တပည့်က ကျွန်တော် ငွေဒီလောက်ယူပြီး ထားလိုက်တယ် ။ဟေ့ကောင်ဒီအမှု့က ဒီလောက်နဲ့ မရဘူး တဲ့ ။ အဲ့ဒီအမှု့ကို မရရအောင် ပြန်အစ ဖော်တဲ့ ။ ကောင်းလိုက်တဲ့ရဲသားကြီး ။ ကူညီပါရစေ ဆိုတဲ့ စာတမ်းကြီးကို ဖြုတ်ထားလိုက်ကြစမ်းပါ ။

တစ်နေ့ကပဲ ခင်နေတဲ့ ရဲဝန်ထမ်း တစ်ယောက်ကပြောသွားတယ် ။ သူက ဆိုင်ကယ်နဲ့ သွားတာ ။ ယဉ်ထိန်းရဲနဲ့လည်းတွေ့ရော သူ့ကိုဖမ်းရောတဲ့ ။ ကဒ်တွေ ဘာတွေ ထုတ်ပြလည်း မရဘူးတဲ့ ။ ဟိုအကောင်က ဖမ်းမယ်ဆိုတာကြီးပဲတဲ့ ။ အဲ့ဒါနဲ့ သူ့ဆရာဆီကို ဖုန်းလှမ်း ဆက်တယ်တဲ့။ သူ့ဆ၇ာက အဲ့ဒီယဉ်ထိန်းကို ငါနဲ့ ကောင်းကောင်းတုတ်တာတဲ့ ။ အဲ့ဒီတော့မှ ဟိုယဉ်ထိန်းလဲ ငြိမ်သွားတော့တယ်တဲ့ ။ အဲ့ဒီနေရာမှာ အရပ်သားတစ်ယောက်ဆိုရင် ဘယ်လိုလုပ်မလဲ ။ ပေးလိုက်ရမယ့်ငွေတွေ ။ ငွေယူပြီးလို့လဲ ကျေနပ်ပြီလားမေးအုံး ။ လူကိုပါ ဒုက္ခပေးချင်သေးတာ ။

ရွာမှာ ပွဲတစ်ခါလုပ်တယ် ။ လုံခြုံရေးအတွက် တာဝန်ကျတဲ့ ရဲတွေက လူတစ်ယောက်ကို အပြစ်ရှာပြီး ၀ိုင်းရိုက်ဟာနှက်ဟာ လုပ်လွှတ်လိုက်တယ် ။ ဟိုတစ်ယောက်ကလည်း ဘာတစ်ခွန်းမှ မပြောပဲ ပြန်သွား တယ် ။ တော်တော်လေးကြာတော့ ဘယ်ကနေဘယ်လို ပြန်လာလိုက်လဲ မသိဘူး ။ စစ်ဝတ်စုံနဲ့ ။ ခုနက ငါ့ကိုရိုက်တဲ့ကောင်တွေ ဘယ်သူတွေလဲတဲ့ ။ အကုန်တန်းစီဆိုပြီး ပါးတွေပဲ စီရိုက်သွားတယ် ။ မှတ်ကရော ။ စစ်သားက မင်းတို့ထက်ပိုတယ်ဆိုပြီးအာဏာပြသွားတာ ။ ဒါ တွေ က အောက်ခြေအဆင့်ပဲ ရှိသေးတယ်  နော် ။ အောက်ခြေမှာတောင် ဒီလောက် မင်းမဲ့စရိုက်ကနေပြီ ဆိုရင် အထက်ပိုင်းက ဘယ်လောက် ဗရမ်းဗတာ ကျမယ် ဆိုတာ စဉ်းစားကြ။

လုပ်ကြံဖန်တီးပြီးပြောတာ တစ်ခုမှမပါဘူး ။ အဲ့ဒီထက် မက ဆိုးတဲ့ လုပ်ရပ်တွေ တစ်ပုံတစ်ပင်ရှိသေးတယ် ။
မင်းတို့ခေတ် မင်းတို့လက်ထက် မှာ တိုးတက်နေတဲ့ အတိုင်းအတာတွေ ကို ပြောပြတာပါ ။ 
Simple View ဘလော့၏ Cboxတွင် တွေ့၇သော အရိုင်းအစိုင်းစကားလုံး များကြောင့် ဒီစာပိုဒ်ကိုရေးသားပါသည်။
စာကောင်းပေမွန်မဟုတ်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !