Home » » နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ စိစစ် ခွင့်ပြုနေသည်ဟုဆို

နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ စိစစ် ခွင့်ပြုနေသည်ဟုဆို

အာဏာရှင် အသိုင်းအ၀ိုင်း၏ ဦးစီးဦးဆောင်ပြုမှု့ဖြင့် နိုင်ငံရေးပါတီတည်ထောင်လိုသူများသည် ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ရွေးကောက်ပွဲကော်မရှင် သို့ ဆက်လက် လျှောက်ထားလျှက် ရှိကြသည်ဖြစ်သည် ။အမျိုးသား ဖွံ့ဖြိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ National Development and Peace Party ၂၀၁၀ ခုနှစ်ဇူလိုင် ၁၆ ရက်တွင်လာရောက်လျှောက်ထားခဲ့သည်။
ယင်းသို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားသည့် အဖွဲ့များအနက်မှ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက) UNITY DEMOCRACY PARTY OF KACHIN STATE(UDPKS)သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ စစ်အစိုးရ၏ ဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကောက်မရှင် က၂၀၁၀ ခုနှစ်ဇူလိုင် လ ၁၆ ရက်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုလိုက်ပါသည် ။
ထို့အပြင် ရွေးကောက်ပွဲ ကော်မရှင် သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီများအနက် ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ(ပြည်)သည် စစ်အစိုးရ၏ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေများနှင့် ညီညွတ်ပါသောကြောင့် ၎င်းပါတီကိုလည်း စစ်အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင် လူကြီးမင်းကြီးများက နိုင်ငံရေး ပါတီအဖြစ်၂၀၁၀ခုနှစ် ဇူလိုင်လ ၁၆ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း သိရှိရပါသည်။
နိုင်ငံရေး ပါတီ တည်ထောင်ခွင့် နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၄ ပါတီရှိပြီး ။ ပါတီ ၃၉ခုသည် စစ်အစိုးရပြဋ္ဌာန်း ထားသော ရွေးကောက်ပွဲ စည်းမျဉ်းများနှင့် ကိုက်ညီပါသောကြောင့် မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း နှင့် ကျန်လျှောက်ထားသည့် ပါတီများကိုလည်း စစ်အစိုးရ၏ စည်းမျဉ်းများနှင့် ကိုက်ညီမှု့ရှိမရှိ စစ်ဆေးဆောင်ရွက်နေပါကြောင်း ၂၀၁၀ ခုနှစ် မြန့်မာအလင်း မျက်နှာဖုံးတွင် ဖော်ပြပါရှိပါသည် ။


၎င်းပါတီများသည် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းဆီသို့ တဖြည်းဖြည်း ရောက်အောင် ဆွဲယူသွားမည် ဟုကြံစည် လျှက် စစ်အစိုးရ၏ ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လာကြသော မျိုးချစ်ပြည်ချစ် ခေါင်း ဆောင် ကြီးများ သာ ဖြစ်ပါသည် ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !