အာရောဂျံ ပရမံလာဘံဆိုသည့်အတိုင်း ကျန်းမာရေးသည် လာဘ်ကြီးတစ်ပါးဖြစ်သည်ဟု ဗုဒ္ဓဟောကြား တော်မူခဲ့သည်။ ကျွန်ုပ်တို့အသက်အရွယ်အလိုက် ကျန်းမာရေးသည် မည်သည့်အ ချက်ပေါ်မူ တည်နေကြောင်း ဒေါက်တာ ဟာဗေးဆိုင်မွန်(Dr. Harvey Simon) က ကောင်းစွာနေထိုင်ခြင်း ( Staying well ) ဟူ၍ ယခုလို သူ့အတွေးအမြင်ကို ချပြခဲ့သည်။
ကျွန်တော်တို့ အများစုအတွက် ကျွန်တော်တို့၏ ကျမ်းမာရေးသည် ကျွန်တော်တို့ မည်သူဆိုသည့် အချက်ပေါ် တွင်မူတည်မည် မဟုတ်ချေ။ ကျွန်တော်တို့ မည်သို့နေထိုင်သည်ဟူသော အချက်တွင် မူတည်ပါသည်။ အသက် (၂၀) အရွယ်တွင် ရှိသော ခန္ဓာကိုယ် သည် သင့်ဗီဇပေါ်တွင် မူတည်သည်။ သို့သော် အသက် ၄၀၊ ၆၀ (သို့မဟုတ်) ၈၀ တွင်ရှိသော ခန္ဓာကိုယ်သည် သူနှင့် ထိုက်တန်သော အပြုအမူ၊ အနေအထိုင်ကို ရောင်ပြန်ဟပ် သော ခန္ဓာကိုယ်ပင် ဖြစ်ပါသည်။
(R.D, January,2000, Point to Ponder)
မောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ရက်များ
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !