Home » » အိမ်ထောင်ရေးဟူသည်

အိမ်ထောင်ရေးဟူသည်

“ အိမ်ထောင်ပြုတယ်ဆိုတာ လွယ်ပါတယ်။ အိမ်ထောင်သည် အဖြစ်နဲ့ တစ်သက်ပတ်လုံး ပျော်ပျော်ရွှင်ရွှင် နေတာကတော့ ထိပ်တန်းအနုပညာရှင်များနဲ့ တန်းတူရှိသင့်ပါတယ် ” ဟူသော အိမ်ထောင်ရေးဆိုင်ရာ အဆို အမိန့် တစ်ခုကို ရောဘတ်ဖလက်ခ် ( Robert Flack ) က ဖွင့်ဆိုခဲ့သည်ကို ကျွန်တော်သတိရနေသည်။ အိမ်ထောင်ရေးသည် သူစိမ်းများကို မိသားစုဆွေမျိုးများအဖြစ်သို့ ရောက်ရှိစေသော အတွေးအမြင်တစ်ရပ်ကို ဒေးဗစ်မာရေး ( David Murray ) က ယခုလိုရှင်းပြထားပြန်သည်။
အိမ်ထောင်မပြုသူများပြားခြင်းသည် ဘေးဒုက္ခ အလားအလာ အမှတ်လက္ခဏာကို လှစ်ဟပြသည်ဟု မနုဿ ဗေဒပညာရှင်များက ယူဆထားကြသည်။ လူမှုရေး အသိုက်အမြုံတိုင်းကို အိမ်ထောင်ရေးပေါ်တွင် တည် ဆောက်ထားသည်။ ယင်းသည် သူစိမ်းများကို ဆွေမျိုးသားညချင်းဖြစ်စေသည်။ ရန်လိုသော ပြင်ပုဂ္ဂိုလ်များအား မယားဖက်၊ လင်ဖက် ဆွေမျိုးများဖြစ်စေသည်။
အာဖရိကတိုက်တွင် ဆိုရိုးစကားတစ်ခုရှိသည် ။ “ သူတို့ဟာ ကျွန်တော်တို့ ရန်သူတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ထိမ်းမြားလက်ထက်ယူတယ် ” ဟုဆိုရိုးစကားပင် ဖြစ်သည်။
အိမ်ထောင်ရေးသည် မိသားစုများအား ယင်းတို့၏ စီးပွားရေး၊ ငွေပင်ငွေရင်းကို တိုးပွားစေသည်။ ထို့ပြင် ပို၍အရေးကြီးအချက် ဖြစ်ကောင်းဖြစ်နိုင်သည်မှာ လူမှုရေး အရင်းအနှီးများ တိုးတက်စေသည်။ သင်နှင့် သင့်
ဇနီး၏ ဦးလေးတို့သည် တစ်ဦးနှင့် တစ်ဦး နှစ်သက်ချင်မှ နှစ်သက်ပေမည်။ သို့သော် အိမ်ထောင်ရေးသည် အတုန့်အပြန်တာဝန် ၀တ္တရားရှိစေသည်။ သင်သည် တစ်စိတ်တစ်ပိုင်းအားဖြင့် အခြားလူတို့၏ လူမှုဖူလုံရေး အတွက် တာဝန်ရှိသည်။
( Ref: R.D. January 2000, Point to Ponder)
မောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !