Home » » အားလုံးကို သူငယ်ချင်းလိုခင်သည်

အားလုံးကို သူငယ်ချင်းလိုခင်သည်

Online မှာ ရိုးရိုးသားသားနဲ့ တင်ခဲ့မိတဲ့ message တစ်ခု အတွက် အမေးရှိသူတစ်ယောက်က ဒီmessage ကိုဘာလို့တင်ထားတာလဲ ပြန်ရှင်းပြစမ်းပါ ဆိုလို့ ကောင်းကောင်းမွန်ပြန်ရှင်းပြခဲ့ပါတယ်။Online မှာက တစ်ယောက်နဲ့ တစ်ယောက်မြင်ကြတာလဲ မဟုတ် တွေ့ကြတာလဲ မဟုတ် တကယ်သိလို၍ လား လှောင်ပြောင်လို ၍လား တော့ မသိပါ ။ လှောင်ပြောင်လို ၍ မေးခြင်းမဟုတ်တာ သေချာသည်ဟု ထင်သော ကြောင့် ပြန်ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဖော်ဝပ်မေးထဲက နေသူငယ်ချင်းတွေအများကြီး အက်ဖူးပါတယ် ။ ကျွန်တော် စကားပြောချင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်ပြောချင်တဲ့အကြောင်းအရာ က တော်တော်များ အတွက် အနှောက်အယှက်ဖြစ်နေတယ်။ အဲ့ဒီတော့ ကျွန်တော်အကောင့်ထဲမှာ ရှိတဲ့ လူတော်တော်များများ နဲ့တောင်စကား မပြောဖြစ်ပါဘူး ။ ကျွန်တော် Add လုပ်တဲ့ ရည်ရွယ်ချက်ကလည်း Online မှာ လူငယ်တွေ အများကြီး ရှိနေတယ် ။ အားလုံးမှာ ယုံကြည်ချက်ခံယူချက်တော့ ရှိကြတယ် ။ ဘယ်လိုစကား မျိုးတွေ ပြောကြမလဲ ။ အများအားဖြင့် ကျွန်တော်အကောင့်ထဲမှာ က သူငယ်ချင်းတွေ ရဲ့ custom message တွေကို လိုက်ပြီးဖတ်တယ်။

ဒီစကားလုံးတွေဟာ သူတို့တွေ ရဲ့ရင်ထဲမှာ လက်ရှိဖြစ်နေတဲ့ သင်္ကေတ ကိုဖော်ပြထားခြင်းသာဖြစ် တယ်လို့လည်း ထင်မိပါတယ်။ တော်တော်များများ ဖတ်လိုက်ရတာတွေကတော့ အသဲကွဲစကားလုံးတွေ ၊ ဟာသလေးတွေပါ ။တော်တော် ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက် ဆိုရင် သူအင်တာနက် သုံးတဲ့ ရည်ရွယ် ချက်ကတော့လုံးဝ ( Chatting ) only chatting ပဲ ။ သူရေးထားတဲ့ message လေးတွေဆိုရင်လည်းတကယ် စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ သူကောင်မလေးတွေနဲ့ အဆင်ပြေတဲ့အခါ ---

Account ပိုင်ရှင်မှာ

မိန်းခလေးများ ၏ လိုက်လံ နှောက်ယှက်မှု့ကိုခံ နေရပါသဖြင့် Tomorrow မှစ၍

G-talk ကို လုံးဝသုံးတော့မည် မဟုတ်ပါ ကြောင်းအသိပေးပါသည်

ဆိုတာမျိုးရေးထားတတ်ပါတယ်။

သူ့မှာ ပိုက်ဆံ ပျက်နေတဲ့ အခါကြရင်ဖြင့်

စကား (၁) ခွန်းလောက်ပြောမယ်။

(၂ ) ခါမပြောဘူးနော်

(၃)စရာမရှိလို့

(၄)လေးစားစားပြောမယ်

ပိုက်ဆံ (၅)ထောင်လောက်ချေးကြပါလား။ :D

ဒီလိုလေးတွေတင်ထားတတ်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။

တစ်ချို့တွေကြတော့လည်း မလျှော်ကန်တဲ့ပုံတွေကို တင်ပြီးပထမဆုံးစမေးလိုက်တဲ့ စကားကလည်း b or g တဲ့ b ဆိုရင်တော့ လှောင်ကြမယ် ပြောင်ကြမယ် မခံချင်အောင်ပြောပြီးဆဲကြမယ်။ g ဆိုရင် ကောင်းကောင်း ချတ်မယ် ချိန်းမယ် ၊ ဒါမျိုးတွေက မိန်းခလေးတွေ အတွက် အလွန်အန္တရာယ်များပါတယ် Online မှာ အကောင့်နာမယ် လှလှလေး တွေ့တာနဲ့ စကားပြောကောင်းတာနဲ့တင် ပါမသွားကြပါနဲ့ ။ လက်တွေ့ မျက်မြင် ဆိုက်ကားသမားကလည်း အွန်လိုင်းမှာChatting လာထိုင်နေတယ်။ သိက္ခာချတာ မဟုတ်ပါဘူး ။ သူတို့အ တွက်လဲ Internet သုံးတတ်ကြတာကိုတွေ့ရလို့ ဂုဏ်ယူပါတယ် ။ ဒါပေမယ့် သူတို့ရည်ရွယ်ချက်တွေက မကောင်းတဲ့ အတွက် သတိနဲ့သာ Online မှာ ရိုးရိုးသားသားစကားပြောကြပါ။

အခုကျွန်တော်ရေးထားတဲ့ message က - - -

“ အားလုံးကို သူငယ်ချင်းလိုခင်သည်

ရိုးရိုးသားသားဆက်ဆံမည်

ကျေးဇူးတင်ပါသည် ” ဒါလေးတင်ပါပဲ

ဒီစကားလုံးရဲ့နောက်ကွယ် ကျွန်တော် ရင်ထဲမှာ ရှိတဲ့ ခံစားချက်ကို ပြောချင်သေးတာပါ။ကျွန်တော်တို့တွေက လူငယ်တွေလေ ။ ဒီအချိန်မှာက ပညာရေး ၊ အချစ်ရေး စသဖြင့်အရေး တွေအစုံကို တွေးကြ ၊ ရေးကြပြောချင်ကြတာ ။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ခံယူချက်တွေကလည်း မတူကြပါဘူး ။ နိုင်ငံရေး အမြင်မှာတော့ လူငယ်တွေ အများစုမှာ တူညီနေတယ်လို့ ယုံကြည်တယ်လေ။အဲ့ဒါကြောင့် ကျွန်တော် အွန်လိုင်းမှာ ရှိနေတဲ့ သူငယ်ချင်းတွေ အားလုံးကို Chatting သက်သက် မဟုတ်ပဲ စာတွေဖတ် ပညာရပ် တွေလေ့လာ အဲ့ဒါမျိုးတွေ ဖြစ်စေချင်တာပါ။ကျွန်တော် ဒီစကားကို ပြောပေမယ့် ကိုယ်တိုင်လည်း ဘာမှမဟုတ်သေးပါဘူး ။ လခစားအလုပ်နဲ့လေ့လာ နေသူအဆင့်ပဲ ရှိသေးတာပါ။

ကျွန်တော် message မှာဆိုရင် blog တွေကို ဖတ်စေချင်တဲ့ ဆန္ဒနဲ့ ဘလော့ကို ၀င်ဖတ်လို့မရတဲ့ မြန်မာပြည်ထဲက တစ်ချို့နေရာတွေအတွက် သူငယ်ချင်းတစ်ယောက်ပြောတဲ့ Saudi IP ကိုလည်းတင်ပေးထားတယ်။ ဖတ်စေချင်တဲ့ နိုင်ငံရေး နဲ့ ဆိုင်တဲ့ အသိပညာတွေပေးနိုင်မယ့် အကိုတွေရဲ့ဆိုဒ်နဲ့ တွဲပြီး မနေ့တနေ့ကမှ ရေးတဲ့ ကျွန်တော် ဘလော့လေးကိုလည်းတင်ထားပါတယ်။တစ်ခုခု မေးချင်လို့ဆိုပြီး လာတဲ့ သူငယ်ချင်း တွေကိုလည်း ကျွန်တော် သိတာဆိုရင်ပြောပြပေးလို့ ရပါတယ် ဆိုတဲ့ စကားမျိုးသာ အမြဲပြောပါတယ် ။

အားလုံးသော အွန်လိုင်းမှ မျိုးဆက်သစ် သူငယ်ချင်းတို့ ဒို့ရဲ့တူညီတဲ့ မျှော်လင့်ချက်တွေအတွက်လေးနက်တဲ့ အတွေးတွေကို လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေနဲ့ အကောင်အထည်ဖော်ကြရအောင်ပါလို့ တိုက်တွန်းချင်ပါတယ်။

အွန်လိုင်းမှ သူငယ်ချင်းများအားလုံး

လေးစားရသူအားလုံး

ဒို့နိုင်ငံ ဒို့လူမျိုးရဲ့ ညှိုးနွမ်းနေသော ဂုဏ်သိက္ခာကို ပြန်လည် ဖော်ထုတ်ကြပါ ။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံကို မသိတဲ့သူတွေများသထက်များလာခြင်းဟာဒို့လူမျိုးရဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာအလယ်မှာ ပျောက်ကွယ်တော့ မယ်ဆိုတဲ့ သင်္ကေတကိုပြနေတာပါ။

အမျိုးကို ချစ်သော ပညာတတ်များ

အမျိုးကို ချစ်သော လူငယ်များ

အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး လို့ ကြေငြာပြီး ငါ့မိသားစု နဲ့ ငါ့ အသိုင်းအ၀ိုင်းရဲ့ အမျိုးဂုဏ် အတွက် လုပ်နေကြတာကို ခေါင်းငုံခံမနေကြပါနဲ့တော့ ။

လေးစားစွာဖြင့်

1 comments:

  1. လေးစားပါတယ်ဗျာ
    စိတ်ဓါတ်ကိုမြှင့်နိုင်မှ အမျိုးမြင့်နိုင်မယ်
    အွန်လိုင်းသုံးတာ အကျိုးရှိစွာအသုံးချနိုင်မယ်ဆိုရင်
    ဘယ်လောက်ကောင်းမလဲ
    ဆက်မပြောတော့ပါဘူးဗျာ


    ခင်မင်စွာဖြင့်
    ညအလင်္ကာ

    ReplyDelete

never ... never ... never ...never ... never Give Up !