မိသားစုများသည် မိသားစုဝင်တစ်ဦးချင်း တိုးတက်ကြီးပွားရေး၌ အကူအညီပေးနိုင်သည်။ မိသားစုသည် စရဏ တရားများကို နာယူကျင့်သုံးရန် ဌာနဖြစ်သည် ။ မိသားစုက တရားမျှတမှုကို သင်ပေးနိုင်သည် ။ ရိုးသားဖြောင့် မတ်မှုနှင့် တည်ကြည်မှုတို့ကို အကြောင်းပြု၍ စည်းကမ်းရှိပြီး အစွန်းအစ မထွက်သည့် ပြေပြစ်ညီညွတ်သော ဘ၀ကို ဖြစ်ထွန်းစေနိုင်သည် ။
မိသားစုဆိုသော နှောင်ကြိုးမျှင်နှင့် ပတ်သတ်၍ ဒင်းနစ်မီလာ( Dennis Miller ) ၏ စဉ်းစားတွေးတောချက်က တစ်မူထူးခြား နေပြန်သည် ။ ခံစားကြည့်ပါဦး ။
မည်သည့်အခါမှ မိသားစုနှင့် အတိုက်အခံမပြုပါနှင့် အကြောင်းမူကား အပြင်ဘက်လှေလှော်တွင် အထီးကျန်နိုင် လွန်းသည် ။ သင့်မိသားစု သံယောဇဉ်နှောင်ကြိုးများကြောင့် သင့်လက်ကောက်ဝတ်နှင့် ခြေဆစ်များ အသားမွန်းနေလျှင်လည်း သူတို့မရှိလျှင် သင်မည်သူနည်းဆိုသည်ကို သတိရရန်ကြိုးစားပါ ။
သင့်မိသားစုသည် သင့်ကို အခွင့်အရေး အပေးဆုံးဖြစ်သည် ။ ဥာဏ်စမ်းမဟေဠိ ကမကထပြုသူက ” ရေခဲ သေတ္တာထဲတွင် သင်တွေ့ရသောပစ္စည်းတစ်မျိုးကို ပြောစမ်းပါ ” ဟုမေးလျှင် သင်က “ အဘိဓာန် စာအုပ် ” ဟု ဖြေလိုက်ပါက တစ်လောကလုံးက တီဗီဖန်သားပြင်ကိုကြည့်ပြီး “ သင့်ကိုအရူး ” ဟုလှမ်းဆဲနေချိန်တွင် မည်သူတို့က လက်ခုပ်တီး၍“ ကောင်းလိုက်တဲ့ အဖြေ ၊ ကောင်းလိုက်တဲ့ အဖြေ ” ဟု ဆိုနေမည်နည်း ။ ထိုသူတို့ကား သင့်မိသားစုပင် ဖြစ်ပေမည် ။
(Ref : R.D. August 99 , Point of Ponder )
ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ရက်များ မှ ပြန်လည်ဖော်ပြသည်။
မိသားစုတိုင်းအတွက်တော့မမှန်ပါဘူး....ခုလိုမိသားစုမျိုးကိုပိုင်ဆိုင်ရရင်တော့ပျော်ဖို့ကောင်းမှာပါ
ReplyDelete