သူငယ်ချင်းက ကျွန်တော်ဆိုဒ်မှာ Access has been denied ဆိုတာလေးသေသေချာချာပြတယ်။
Bloggger ထဲကို ရောက်လာတာတော့မကြာသေးပါဘူး ။ Free ပေးထားတဲ့ Service တစ်ခုကိုမှ မြန်မာ IP က ပိတ်ထားတယ် ဆိုတော့ တရားနည်းလမ်း မကျဘူး ဆိုတာတော့ ပြောစရာမလိုတော့ဘူးပေါ့ဗျာ ။ လွပ်လပ်မှု့ဆို တဲ့စကားကလည်း ပြောကိုမပြောချင်တာပါ ။ လူငယ်တွေ လုပ်နေကြပါတယ် ။ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုလုပ် နေကြတာပါပဲ ။ အဆင်မပြေတာလေးတွေ အဖုအထစ်ဖြစ်တာလေးတွေ ဆိုတဲ့ စကားကို မပြောပဲနဲ့ အဆင် မပြေတာတွေလို့ပဲ ပြောမယ်ဗျာ ။
ထားတောု့လုပ်ချင်ရာလုပ်နေကြတာ ။ အားလုံးကိုလိုက်ပြီး ချုပ်ချယ်နေကြတာပါ ။ နေ့ခင်းကမှပဲ သူငယ်ချင်း ရောက်ကို ဆိုဒ်ထဲဝင်ပြီး ဝေဖန်ပေးစမ်းပါဆိုတော့ သူဝင်ကြည့်တယ် ။ သူငယ်ချင်းရေ နင့်ဆိုဒ်ပေါ်မှာက access deny ဆိုတာလေးတွေပေါ်နေတယ် တဲ့ ။ သိလိုက်ပါတယ် ။ ဘလော့ ကပေးထားတဲ့ ဟာတွေကို သုံးထားရင် access deny ပြမယ်ဆိုတာ ။ သူသုံးနေတာက မြန်မာ IP ဆိုတော့ ဟုတ်လား fri ကျွန်တော်ကို ဘယ်နှစ်ခု လောက် access ဖြစ်နေတယ် ဆိုတာပြစမ်းပါ ဆိုတော့ Screen shoot ထုတ်ပြီး မေးပို့ပေးတယ် ။ အဲ့ဒါတော့ ကျွန်တော်လဲ အရစ် ရည်တာပါ ။ ကိုယ်လည်း no proxy နဲ့ ၀င်လိုက်ရင် မြန်မာ IP ဖြစ်သွားတာပါ ပဲ။ ဟိုတစ်နေ့က တစ်ခါစမ်းကြည့်ဖူးသေးတယ် ။ Domain လေး ချိန်းလိုက်ပြီ ဆိုတော့ မြန်မာ IP နဲ့သုံးလည်း အဆင်ပြေမှာပဲ ဆိုပြီး မကျော်မခွပဲနဲ့ ဆိုဒ်ကို ဖွင့်ကြည့်တယ် ။ အဲ့ဒီအချိန်မှာ ကျွန်တော်က template ကို blog ထဲက ဟာကိုပဲ သုံးထားတော့ template ထိပ်မှာ access deny ဖြစ်နေတယ် ။ အော်ဖြစ်မှ ဖြစ်ရလေကွယ် လို့ တောင် မချင့်မရဲ ပြောမိပါသေးတယ် ။
လွပ်လွပ်လပ်လပ် ရေးဖို့ အတွက် free ပေးထားတဲ့ ဆိုဒ်ကိုတောင် အသေအချာ လိုက်ပိတ်တဲ့ မြန်မာနည်း ပညာ လောကကို လေးစားဖို့ ကောင်းတယ်လို့ ရွဲ့ပြီး ပြောချင်တာပါ ။ ပိတ်နိုင်ကြပါစေ ။ လုပ်ချင်တာတွေ လုပ် ကြပါ လို့လည်း ရွဲ့ပြောလိုက်အုံးမယ် ။
စစ်အစိုးရရဲ့စေတနာလို့ ပြောရမလားပဲ ပြည်တွင်းမှာ အဲ့လို ဖြစ်နေတော့ ကွန်ပြူတာကြည့်တဲ့သူတွေ အကျော်အခွပိုကျွမ်းကျင်လာတာပေါ့ဗျာ ။။
ReplyDeleteဘာမှပြန်လုပ်လို့မရတာညီရာ
ReplyDeleteအကိုတို့က ကိုယ်တတ်တဲ့ ကလောင်စွမ်းနဲ့
အစွမ်းပြကျတာပေါ့