ရွှေတိဂုံဘုရားတောင်ဘက်မုခ် ကန်တော်မင်္ဂလာပန်းခြံအနီးတွင်
တည်ရှိသော ဦးသန့်၏ ဂူဗိမာန်
ဦးသန့် အရေးအခင်း ဆိုသည်မှာ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့၌အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန်သွားသော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကွယ်လွန်အနိစ္စရောက် ရာမှ အစပြုပေါ်ထွက်လာသော မြန်မာ့သမိုင်းဝင်အရေးတော်ပုံတစ်ခုဖြစ်သည်။ ကမ္ဘာ့အဆင့် အမြင့်ဆုံးရာ ထူးဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးအား မြန်မာလူမျိုးတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ငြိမ်းချမ်းရေးဗိသုကာဦးသန့်အား ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ဂါရ၀ပြုပြီးနောက်ဦးသန့်၏မိသားစုဝင်များ၏ တောင်းဆိုချက်အရ အမိမြန်မာနိုင်ငံတော်တွင်သာသင်္ဂြိုဟ်ရန် အစီအစဉ်များပြုလုပ်ခဲ့ကြသည်။ ဤသည်မှာ ဦးသန့်အရေးအခင်းဖြစ်ပွားရန် နိဒါန်းပျိုး လိုက်ခြင်း ပင်ဖြစ်ပေ သည်။
* 1 နိုင်ငံတော် ဈာပနအဖြစ် မသတ်မှတ်ခြင်း
* 2 ဈာပနကော်မတီများ၏ အခက်အခဲ
* 3 ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ပွင့်သည့်ပန်းများ
* 4 ကျောင်းသားပြည်သူပူးပေါင်းမိပြီ
* 5 ကိုးကား
[ပြင်ဆင်ရန်] နိုင်ငံတော် ဈာပနအဖြစ် မသတ်မှတ်ခြင်း
ဦးသန့်၏ ရုပ်ကလာပ်သည် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင်မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး တော်လှန်ရေးကောင်စီအစိုးရ ဦးသန့်၏ရုပ်ကလာပ်အား ကျိုက္ကဆံကွင်း(မြင်းပြိုင်ကွင်း ဟောင်း)အတွင်း၌ မဏ္ဍပ်ငယ်တစ်ခုဆောက်လုပ်ပြီး ကြက်ခြေနီလူငယ်များအား အစောင့်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။
ထို့နောက် ဒီဇင်ဘာလ (၅)ရက်၊ မွန်းလွဲ (၁)နာရီအချိန်တွင်ကြံတောသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုဟ် မည်ဖြစ် ကြောင်း ပြည်သူလူထုအားအသိပေးကြေညာခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သူဦးသန့်၏ရုပ် ကလာပ်အား နိုင်ငံတော်ဈာပနအဖြစ် သတ်မှတ်၍ အခမ်းအနားဖြင့်သင်္ဂြိုဟ်မည်ဟု မျှော်လင့်ထားသော ပြည်သူလူထုသည် ယင်းကဲ့သို့အသိပေးကြေညာချက်ကြောင့် မကျေမနပ် ဖြစ်ခဲ့ကြလေသည်။
* 2 ဈာပနကော်မတီများ၏ အခက်အခဲ
* 3 ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ပွင့်သည့်ပန်းများ
* 4 ကျောင်းသားပြည်သူပူးပေါင်းမိပြီ
* 5 ကိုးကား
[ပြင်ဆင်ရန်] နိုင်ငံတော် ဈာပနအဖြစ် မသတ်မှတ်ခြင်း
ဦးသန့်၏ ရုပ်ကလာပ်သည် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင်မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး တော်လှန်ရေးကောင်စီအစိုးရ ဦးသန့်၏ရုပ်ကလာပ်အား ကျိုက္ကဆံကွင်း(မြင်းပြိုင်ကွင်း
ထို့နောက် ဒီဇင်ဘာလ (၅)ရက်၊ မွန်းလွဲ (၁)နာရီအချိန်တွင်ကြံတောသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုဟ် မည်ဖြစ် ကြောင်း ပြည်သူလူထုအားအသိပေးကြေညာခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင်ပုဂ္ဂိုလ်တစ်ဦး
[ပြင်ဆင်ရန်] ဈာပနကော်မတီများ၏ အခက်အခဲ
ယင်းသို့ အသိပေးကြေညာပြီးနောက် တက္ကသိုလ်ကျောင်းပေါင်းစုံမှကျောင်းသားကျောင်းသူများသည် ဈာပန ကော် မတီများ ဖွဲ့စည်းပြီးနောက်ဆုံးဂါရ၀ပြုခြင်း၊ အသုဘလိုက်လံပို့ဆောင်ရန် စီစဉ်ခြင်းများပြုလုပ်ကြ လေသည်။ ထိုသို့စီစဉ်ပြီးနောက် ကျိုက္ကဆံကွင်းသို့သွားရောက်ရန် ကားများသွားရောက်ငှားရမ်းရာတွင် ကျောင်းသား ကျောင်းသူများအားကားများငှားရမ်းပို့ဆောင်ခြင်း မပြုရန် သက်ဆိုင်ရာမှကြိုတင်ပိတ် ပင် ထားခဲ့ကြသည်။ ထို့ကြောင့် ကျောင်းသားများသည်ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် တွင် စုရပ်အဖြစ် စုံရုံး၍ ကျိုက္ကဆံကွင်းအား ခြေလျင်ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
[ပြင်ဆင်ရန်] ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ပွင့်သည့်ပန်းများ
ဒီဇင်ဘာလ(၅)ရက်နေ့တွင် စုရပ်အဖြစ်သတ်မှတ်ထားသောရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် သို့ တက္ကသိုလ် ကျောင်းပေါင်းစုံတဖွဲဖွဲ ရောက်ရှိလာကြပြီး ရောက်ရှိလာသော ကျောင်းသားများ အားအရင် ရောက်နှင့်ပြီး သော ကျောင်းသားများက လက်ခုပ်လက်ဝါးတီးကာသောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြလေသည်။ ယခုကဲ့ သို့ကျောင်း သားထုကြီးစုရုံးမိခြင်း သည် တော်လှန်ရေးကောင်စီအစိုးရ၏ ၁၉၆၂ ခုနှစ်ဇူလိုင်လ(၇)နေ့တွင် မြန်မာပြည်လွတ်လပ်ရေး မော်ကွန်းဝင်ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဗုံးခွဲဖျက်ဆီးပြီး ရာပေါင်း များစွာသောကျောင်းသားစုစည်းမှုကို လက်နက်အားကိုးဖြင့် ဖြိုခွဲဖျက်ဆီးသတ်ဖြတ်ခဲ့ပြီးနောင် ၁၂ နှစ်ကျော် ကာလနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည်ပေါင်းစည်းစုရုံးမိသော နေ့တစ်နေ့ဖြစ်သည်။
[ပြင်ဆင်ရန်] ကျောင်းသားပြည်သူပူးပေါင်းမိပြီ
ယင်းသို့ အသိပေးကြေညာပြီးနောက် တက္ကသိုလ်ကျောင်းပေါင်းစုံမှကျောင်းသားကျောင်းသူများသည် ဈာပန ကော် မတီများ ဖွဲ့စည်းပြီးနောက်ဆုံးဂါရ၀ပြုခြင်း၊ အသုဘလိုက်လံပို့ဆောင်ရန် စီစဉ်ခြင်းများပြုလုပ်ကြ လေသည်။ ထိုသို့စီစဉ်ပြီးနောက် ကျိုက္ကဆံကွင်းသို့သွားရောက်ရန် ကားများသွားရောက်ငှားရမ်းရာတွင် ကျောင်းသား ကျောင်းသူများအားကားများငှားရမ်းပို့ဆောင်ခြင်း
[ပြင်ဆင်ရန်] ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ပွင့်သည့်ပန်းများ
ဒီဇင်ဘာလ(၅)ရက်နေ့တွင် စုရပ်အဖြစ်သတ်မှတ်ထားသောရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်
[ပြင်ဆင်ရန်] ကျောင်းသားပြည်သူပူးပေါင်းမိပြီ
ဦးသန့်၏ရုပ်ကလာပ်ထားရှိသည့် ကျိုက္ကဆံကွင်းသည် ဦးသန့်ကိုနောက်ဆုံးဂါရ၀ပြုရန်ရောက်ရှိလာေ နသော လူထုကြီးနှင့် ပြည့်လျှံနေသည်။ရုပ်ကလာပ်ထားရှိရာ မဏ္ဍပ်အတွင်းတွင်လည်း ဦးသန့်မိသားစု၊ဆွေမျိုးမိတ် ဆွေများနှင့် သက်ဆိုင်ရာတာဝန်ရှိလူကြီးများက နေရာယူထားကြသည်။ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် စုရပ်မှခြေလျင်ချီ တက်လာသောတက္ကသိုလ်ကျော င်းပေါင်းစုံမှ ကျောင်းသားများ ကွင်းအတွင်းဝင် ရောက် လာ ကြ သောအခါ ရောက်နှင့်ပြီးကြသော မိဘပြည်သူတစ်ရပ်လုံး၏လက်ခုပ်သြဘာသံများဖြင့် ကြိုဆိုနှုတ်ဆက် ကြလေသည်။ ပွဲကြည့်စင်များတွင်မိဘပြည်သူများနှင့် ပြည့်နှက်နေပြီး ကျောင်းသား ထုတစ်ရပ်လုံးသည်ဦးသန့်ရုပ်ကလာပ် ထားရှိရာ မဏ္ဍပ်၏အရှေ့ဘက်ကွင်းပြင်တွင် နေရာယူကြရလေသည်။
[ပြင်ဆင်ရန်] ကိုးကား
* ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလထုတ် သူရိယဂျာနယ်မှ
စက်မှုတက္ကသိုလ်စိုးဝင်းရေးသားသော ဦးသန့်အရေးခင်းဆောင်းပါးအား
အနည်းငယ်ပြုပြင်ရေးသားဖော်ပြပါ သည်။
aerofriendsgroup
[ပြင်ဆင်ရန်] ကိုးကား
* ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလထုတ် သူရိယဂျာနယ်မှ
စက်မှုတက္ကသိုလ်စိုးဝင်းရေးသားသော ဦးသန့်အရေးခင်းဆောင်းပါးအား
အနည်းငယ်ပြုပြင်ရေးသားဖော်ပြပါ
--ပြည့်ဖြိုးမောင် ၏ ဖော်ဝပ်မေးမှ ပြန်လည် တင်ပြပါသည်
http://grou.ps/
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !