Home » » ငှက်တို့၏ သဘာဝများ

ငှက်တို့၏ သဘာဝများ



“ တစ်ပင်ဝတ်မှုန် ၊ တစ်ပင်ထုံသည် ၊ တစ်ငုံဖြာဆင့် ၊ တစ်မုံပွင့်နှင့် ၊ 

ထုံလွင့် ချမ်းငြိမ် ၊ ပန်းဝတ်ရည် စိမ်သောအခါ ၊ စုံသိမ်မွေ့ဗိမာန်မှာ ၊ 

တူမောင်နှံအစုံတွဲလို့ငယ် ၊ ချစ်ပွဲကြည်သံဆင့် ၊ ကွန်းမြင့်သိုက်ခို ...”

“ဓွန့်ရှည်ခရီး ၊ တောင်ကမ်းကြီး၍ ၊ လွန်ငြီးငွေ့ဖွယ် ၊ ရှေ့ရှုကယ်သော် ၊ 

ညာဘယ်လမ်းတောင် ၊ နှစ်ဖက်မြောင် နှင့် ၊ ဘိုးခေါင်သံသာ ၊ ခါလည်း 

သံဆင့် ၊ သံလွင့်ကျေးငှက် ၊ တောကြက်တွန်ကြူး ၊ ဘော်စုံမြူး၍ .... ”

“ငှက်တော် ကြိုးကြာ ၊ သာရကာနှင့် ၊ တမာကြက်တော ၊ ဥသြငှက်ကြား 

၊ ငှက်ငနွားနှင့် ၊ ၀ပ်တွားဘိလုံး ၊ ရွှေငုံးချိုးခါ ၊ သူတို့မှာလည်း . . . ”

2 comments:

  1. ကဗျာကိုဖတ်ပြီး ဘာပြောရမှန်းမသိဘူး
    လွမ်းဆွေးမြေ့စရာပဲ

    ReplyDelete
  2. အင်း အလည်လာသွားပါတယ်၊ ခက်တာက အသိပညာချင်း ဖလှယ်ဖို့ ၊ အမြင်လေးတွေ ကို တစ်ဦးနဲ့ တစ်ဥိး ရင်းနှီးပွင့်လင်းစာပြောဆိုဖို့ ဆက်သွယ်ရမယ့် လိပ်စာလေး မသိရတာ မကောင်းဘူးလို့ မြင်မိပါတယ်။ အချိန်ရရင် အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ တင်ထားတဲ့ Post လေးတွေ ကောင်းပါတယ်။ လေးစားစွာဖြင့်

    http://pvamas.blogspot.com/

    ReplyDelete

never ... never ... never ...never ... never Give Up !