- စဉ့်ကျောက်သည် ရွှေနှင့်ရောချက်လျှင် ရွှေရောင်တောက်သည် ။
- မီးသွေးခဲမဲမဲသည် မီးကျီးခဲရဲရဲနှင့် ရောလျှင် မီးကျီးခဲ ရဲရဲဖြစ်သည်။
- ၀က်သားသော်လည်း ဆီနိုင်နိုင်အချက်ခံရမှ အရသာရှိသည် ။ အချက်မခံရလျှင် ပုပ်၍ ယင်တရုန်းရုန်း။
- ပတ္တမြားတွင်းထွက်မှန်သော်လည်း ကျောက်သွေးဆရာ အကာကုန်အောင်သွေးမှ အရောက်တောက်သည် ။
- ကျောက်ဆင်းထုသော်လည်း ကျောက်ဆစ်ဆရာ ထုနိုင်ဆစ်နိုင်မှ အနေကဇာအတင်ခံရသည် ။
- တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်၏ ။
ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏
သိဿကောဝါဒစကားပုံ သြ၀ါဒကထာများမှ
လက်သစ်တောင်တာ ၊ ယူဇနာပေါင်း ၊ တာပြန်လောင်းသော် ၊ ရှစ်သောင်းလေးထောင် ၊ အမြင့်ဆောင်သား ၊ တောင်မြင့်မိုရ်ရှိ ၊ ဂုဏ်ကြီးဘိသည် ၊ မွေးမိဘခင် ၊ ကျေးဇူးရှင်နှင့် ၊ ထို့ပြင်တခြား ၊ ဘိုးနှင့်ဘွားကို၊ ဘုရားတစ်ဆူ ၊ ဂူတစ်လုံးသွင် ၊ စိတ်ကထင်လျှက်၊ ဦးတင်လက်ထား ၊ အစားအ၀တ် ၊ မလွတ်ရစေ ၊ ရေပူရေအေး ၊ လိုရာပေး၍ ၊ ကျွေးမွေးကြပေ ၊ တစ်ထွေမှတ်သား ၊ အခါးအချို ၊ သူတို့ဆိုလည်း ၊ ရိုသေမှတ်သား ၊ ဘိုးဘွားမိဘ ၊ ဆရာစသည် ၊ ပြသဆိုထွေ ၊ မျိုတတ်စေ ။
(ရှင်မဟာရဋ္ဌသာရ)
ချွန်းဖျားမအုပ်သော ဆင် ၊ မျဉ်းမတင်သော လွှ ၊ တက်မ မရှိသောလှေ ၊ ရှေ့နေမအုပ်သော တရား ၊ အနားစုတ်ပြတ်သော အ၀တ်ပုဆိုး ၊ ဇတ်ကြိုးမရှိသော မြင်း ၊ ကန်သင်းမရှိသော လယ် ၊ ကြိုးမရှိသောနွား၊ကျွဲ ၊ အကွပ်မရှိသော ကြမ်းများသည် ပရမ်းပတာ ဖြစ်တတ်ဘိသကဲ့သို့ . . . . .
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !