Home » » ကြံ့ဖွတ် ပါတီ ဗဟိုကော်မတီ ဖွဲ့မည်

ကြံ့ဖွတ် ပါတီ ဗဟိုကော်မတီ ဖွဲ့မည်

ကြံ့ဖွတ် ပါတီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအရ ပါတီ ဗဟိုကော်မတီကို  ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ အပါအ၀င် အင်အား ၁၅၀ ၊ အရန်ပါတီ ဗဟိုကော်မတီဝင် ၅၀ ဦး ပေါင်း ၂၀၀ ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ပြီး ပါတီ ဗဟိုကော်မတီက ရွေးချယ်တင်မြောက်လိုက်သော ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ ၊ အထွေထွေ အတွင်းရေးမှုး ၊ တွဲဖက် အတွင်းရေးမှုးတို့သည် ပါတီဗဟို အလုပ်အမှု့ဆောင်ကော်မတီနှင့် ပါတီတစ်ခုလုံး အတွက် ဦးဆောင်မှု ပေးရမည်ဖြစ်ကြောင်း ပါတီ ဖွဲ့ စည်းပုံ အခြေခံစည်းမျဉ်း စာအုပ်တွင် ဖော်ပြပါရှိသည် ။
လက်ရှိ ကြံ့ဖွတ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ဥက္ကဋ္ဌဦးသိန်းစိန် ၊  အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ၊ တွဲဖက်အတွင်းရေးမှူး ဦးဇော်မင်း  ဦးဆောင်ပါဝင်လျှက်ရှိပြီး ပါတီဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအရ ပြည်နယ် ၊ တိုင်း ၊ ခရိုင် နှင့် မြို့နယ် ပါတီကော်မတီတို့တွင် အဆင့်ဆင့် ၌ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ  ကတာဝန်ယူဦးဆောင်စည်းရုံးသွားမည်ဖြစ်ကြောင်း ကြံ့ဖွတ် ဌာနချုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးသိန်းနိုင် ကပြောကြားခဲ့ကြောင်း အပတ်စဉ်ဂျာနယ်တစ်စောင်တွင် ဖော်ပြပါရှိသည် ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !