မြန်မာ စစ်ခေါင်းဆောင်တွေ အနေနဲ့ ကမ္ဘာပေါ်မှာ မျက်နှာပန်းမလှတော့ တဲ့ အခြေနေမှာ တွယ်မိတွယ်ရာ အမိအရတွယ်ထားတဲ့ လုပ်ရပ်တွေ ပေါ်လွင်လာသလိုပဲ ။ ကမ္ဘာကြီးက မတရားဘူးလို့ ပဲပြောရမှာပေါ့ ။ ကမ္ဘာ ခေါင်း ဆောင်တွေဟာ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ အကျိုးအတွက် လူမိုက်ကိုလည်း အားပေးတယ်လို့ပဲပြောရ တော့မှာပဲ ။ မြန်မာပြည် စစ်အာဏာရှင်ဟာ ပြည်သူတွေ အပေါ်မှာ ရုပ်မာလွန်း ပက်စက်လွန်းလို့ တစ်တိုင်း ပြည်လုံးလဲ ခေါင်း မဖော်ရဲ အောင် ရှိနေကြတယ် ။ လုပ်ရပ်တွေဟာ တရားနည်းလမ်း မကျဘူး ဆိုတာကို တစ်ကမ္ဘာလုံး သိနေကြတာပဲ ။
ကိုယ့်အတွက် အကျိုးရှိမယ် ဆိုရင် ဘယ်လိုလူမျိုးကိုပဲ ဖြစ်ဖြစ် ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ်ကျိုး အတွက် အသုံးချမယ် ဆိုတဲ့ မူမှန် မဟုတ်တဲ့ နိုင်ငံ ခေါင်းဆောင်ကြီးတွေ ကမ္ဘာ မှာ ရှိနေကြသေးတယ် ဆိုတာ လက်ခံလို့ ရကြမှာပါ ။ အဲ့ဒီတော့ ကမ္ဘာက လူ့အဖွဲအစည်း ကြီးတစ်ခုလုံးက အမှား အမှန်ကို ဆုံးဖြတ်တဲ့နေရာမှာ ဘာကို အခြေခံပြီး ဘယ်လိုမူတွေနဲ့ ဆုံးဖြတ်ကြသလဲ ဆိုတဲ့ မေးခွန်း တောင် မေးလို့ ရပါတယ် ။ အနောက်အုပ်စုနဲ့ အရှေ့အုပ်စုနဲ့ အားပြိုင်ပြီးတော့ မြန်မာ ဆိုတဲ့ တိုင်းပြည် လေးထဲက ပြည်သူတွေ ကတော့ ဘယ်သူမျက်နှာ မှ ယုံယုံရဲရဲ နဲ့ ကြည့်လို့မရတော့ဘူးဆိုတာ သိသာလာ တယ် ။
တရုပ်ပြည်ကို ကိုယ်တိုင် မသွားနိုင်ဘူး ။ ကိုယ်စားလှယ် လွတ်လိုက်တယ် ။ မြန်မာပြည်က ပေးလို့ ရသမျှကို အိတ်သွန်ဖာမှောက် လိုချင်တာ မှန်သမျှ သွားရောင်းတယ် ။ အိန္ဒိယကို စစ်ခေါင်းဆောင်ကြီး အာဏာရှင်ကြီး လူသတ် ၀ိဇ္ဖာကြီး ကကိုယ်တိုင် သွားရောက်ပြီး နှစ်နိုင်ငံ အကျိုးတူ လုပ်ငန်းတွေ အတွက် သွားရောက်ဆွေး နွေးပါတယ် ဆိုတဲ့ သတင်း စာမျက်နှာတွေ မြန်မာ့အလင်းနဲ့ ကြေးမုံစာ မျက်နှာတွေမှာ အပြည့်ပါပဲ ။ တရုပ် ကလည်း စွမ်းအင်လိုအပ်ချက်တွေ အတွက် လူမိုက်တွေကို အားပေးအားမြောက်လုပ်တယ် ။ အိန္ဒိယ ကလည်း ထိုနည်းလည်းကောင်း ပါပဲ ။
အာဏာရှင်ခေါင်းဆောင်ကြီး တို့ ကိုယ့်တိုင်း ပြည်အတွက် အကျိုးဖြစ်နိုင်တာတွေ ဘာတွေများ အရယူနိုင် လာခဲ့လည်း တော့ သတင်းတွေက မပါဘူး ။ အာဏာရှင်ခေါင်းဆောင်ကြီးကို ဂါရ၀ပြု ကြိုဆိုပါတယ် ဆိုတဲ့ သတင်းတွေ မြင်မကောင်းအောင်တွေ့ ရတယ် ။ စဉ်းစားကြည့်မိတယ် ။ သတင်းလောကကြီးက လူတွေကို အစွမ်းကုန်ညာနေပြီလို့ ။ ဆန္ဒပြခံရတယ် ဆိုတဲ့ သတင်း မြန်မာပြည်က ဘယ်သတင်းစာကမှ မဖော်ပြကြ ဘူး ။ သူတို့ကို အပြစ်မပြောလိုပါဘူး ။ သေနတ်ပြောင်းဝတွေနဲ့ သံတံတိုင်းတွေက အဆင်သင့်ဖြစ်နေတာပဲ ။ နာတယ် နာတယ် နာတယ် ဆိုတဲ့ ရင်ထဲက အသံတွေက ရင်ထဲမှာပဲ ရှိနေကြရတယ် ။
အာဏာရှင်ကြီးတွေကလည်း အာဏာတည်မြဲရေး နဲ့ လုပ်ချင်သလို လုပ်ဖို့ တွယ်မိတွယ်ရာကို အတင်းကုတ် ကပ်ထားရတယ် ဆိုတာ အခုလုပ်ရပ်တွေက ပေါ်လွင်တာပေါ့ ။ အနောက်အုပ်စုတွေရဲ့ ပိတ်ဆို့ကန့်ကွက်မှု တွေကြောင့် အာဏာရှင်ဟာ အရှေ့တိုင်းက မူဝါဒချင်းတူညီကြတဲ့ အခွင့်အရေးကို အရယူကြမယ့် ဆရာ့ဆရာကြီး တွေကို ကိုးကွယ်ရာ အားထားရာ အဖြစ် တွယ်ကပ်ထားရတော့တာပါပဲ ။အိမ်နီးနာချင်း တိုင်း ပြည်တွေက သူတို့အကျိုးအတွက် လိုသလို အသုံးချနိုင်တဲ့ လူမိုက်အုပ်စုကို ဒီအတိုင်းပဲ အားပေးအားမြောက် ပြုနေကြမယ်ဆိုတာကို သဘောပေါက်နား လည်ကြပါ ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !