Home » » ညီညွတ်အင်အား

ညီညွတ်အင်အား


ဒို့လူမျိုးမှာ
သိခံတတ်စိတ်
ငြိမ်းအေးတဲ့စိတ်
မြိုသိပ်နိုင်တဲ့ စိတ်
ဒီစိတ်တွေ အစဉ်ကိန်းလို့
ငြိမ်းချမ်းစွာနေချင်သော်ငြား ....
ဘကြီးသား နှစ်ပြားမတန်
မြန်မာကို မြေလှန်လို့
ထင်တိုင်းတူးစွ
ရလာတဲ့ အသပြာနဲ့
လူမိုက်တွေမွေးလို့
အမျိုးသားချင်း
သတ်ဖြတ်ခြင်းလည်း
အကြိမ်ကြိမ်အခါခါ
ကျူးလွန်ဖူးသည်။
သူ့အပစ် သူမမြင်
သူများကို အကွက်စင်လို့
ဖွဲ့စည်းပုံတည်ဆောက်
မထောက်မညှာ
လျှောက်လာနေလိုက်တာ
လမ်းဆုံးကို ရောက်လုနီးနီး
ဒီခရီးဆုံးရင်ဖြင့်
မြန်မာပြည် အမျိုးတုန်းပြီ။
သိခံစိတ်တွေဖျောက်
မြိုသိပ်ခဲ့တာတွေ ပွင့်အံ
တို့အတူ တော်လှန်မယ်
ဖြတ်မယ့်ဓားတွေ
အသွားသွေးထား
ငါတို့ရဲ့ဓား ညီညွတ်အင်အား။ ။

ကိုယ်တိုင်ရေး

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !