Home » »် ထိပ်တန်း စစ်ခေါင်းဆောင်များ ရာထူးမှ ဖယ်ရှားခံရ

် ထိပ်တန်း စစ်ခေါင်းဆောင်များ ရာထူးမှ ဖယ်ရှားခံရ

      ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အမိန့် ဖြင့် 
ဒု-ဗိုလ်ချုပ် မောင်အေး အပါအ၀င် 
ထိပ်တန်း စစ်ခေါင်းဆောင်များ ရာထူးမှ ဖယ်ရှားခံရ

တင်ကျော်ကျော်စိုး၊  ၊ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊အပါ အ၀င် ဒုတိယ ဗိုလ်ချုပ်ကြီး ဆယ်ဦးခန့် ကိုရာထူး မှ ဖယ်ရှား ပစ်လိုက်ခြင်း မှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏အစီအစဉ် များ သာ ဖြစ်ပြီး ထိုသို့  ကြီးစွာသော စွန့် စားမှု များကို လွန်ခဲ့သည့် နှစ် နှစ် ကျော်က စပြီးလူသိမခံ ပဲ လူမွေး ထားသည့်ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် နှင့် နေပြည်တော် တိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ဝေလွင် နှင့် ၎င်း၏ လက်မရွံ့ တပ် တို့ ၏အကူအညီဖြင့် ကြာသပတေးနေ့  နှင့်  သော ကြာနေ့ တို့ တွင် အောင် မြင်စွာ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏မိသားစု အသိုင်းအ၀ိုင်း နှင့် နီး စပ် သူ တစ်ဦး က Freedom News Group သို့ ပြောသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ယခုကဲ့သို့ သွေးထွက်သံယို ရှိမည် ဟု မထင်ရသည့် ဖြုတ်၊ထုတ်၊ရှင်း ပွဲကိုစီ စဉ်ရခြင်း အဓိက အကြောင်းအရင်း မှာ ကုလ သမဂ္ဂ မှ ကြီး မှုး ပြီး စစ်ရာဇ၀တ်မှု များ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့ စည်းခြင်း ကြောင့် နှင့် အမေရိကန် တပ်များ အာရှ ရေပိုင် နက် တွင် ပိုမို နေရာယူ လာခြင်း ကြောင့်ဖြစ် သည် ဟု Freedom News Group ၏ စစ်ရေး အကဲခတ် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သူ ဗိုလ်မှုး တင်အောင် က သုံးသပ် ပြောကြားသည်။
အခု ရာထူး စွ န့် လိုက်ရတဲ့ ပုဂ္ဂိုလ် တွေ ထဲ မှာ အမေရိကန် တပ် တွေ နဲ့ အဆက်အသွယ် ရှိ တဲ့ ဗိုလ်ချုပ် တွေပါတယ်။ သူ့ အတွက် စိတ်မချရဘူး ဒီလဆန်းက အမေရိကန် စစ်လေယာဉ် နှစ်စီးလောက် နေပြည်တော် ပေါ်က ဖြတ်ပျံတာ  ကို  သိပြီး ကတည်း က သူ့ လုံခြုံရေး အတွက် တော်တော် စိုးရိမ်နေတာ ၊အခုတော့ သူသက်ပြင်း ချနိုင်ပြီ …..ဗိုလ်ချုပ် သာ အေး ကတော့ အကျယ်ချုပ်ဖြစ် နေတယ်ကြားတယ် ဟု ပြောသည်။
ရာထူးမှ ဖယ်ရှား ခံရသူများ ထဲတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့ နှစ်ဦး သည်ပင် လျှင် ၎င်း တို့ နေအိမ် များ မှ ချက်ခြင်း ဆိုသလိုပင် ဖယ်ရှားပေးလိုက်ရသည် ဟု သိရ သည်။
ထပ်မံကြားသိရသည့် သတင်းတစ်ပုဒ် မှာ လည်း တပ်မှုး များ နှင့် ရှေ့ တန်း စစ်ဌာနချုပ်များ မှာ မည် သူ့ အ မိန့် ကိုနာခံရမည် ဆိုသည် ကို စောင့်မျှော်နေသည် ဟု သိရသည်။
သေတစ်ပန် သက်တစ်ဆုံး ကာကွယ်ရေးဦးစီးချုပ် ဘ၀ ဖြင့် အရိုးထုတ်တော့ မည် ဟု အများက ထင်မှတ် ထားခဲ့သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မှာ သူ၏ ထိပ်တန်း စစ်ရာထူး ကို စွန့် လွှတ်လိုက် သဖြင့် မြန်မာ နိုင်ငံ၏ ကာကွယ်ရေး ၀န်ကြီးဌာန တွင် အပြောင်းအလဲ ဖြစ်သွားသည် ဟု ထင်စရာ ရှိသော်လည်း ဗဟိုအမိန့် ပေးစနစ် (Central Command)သည်  ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လက်ထဲ မှာ ပင် ရှိ နေဆဲ ဖြစ်သည်ဟု နေပြည်တော်အမြောက် နှင့် သံချပ်ကာ ယန္တယား တပ် မှ အမည် မဖော် လို သည့် အရာ ရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။
သူက ဆက်လက် ၍ ဗိုလ်ချုပ်မှုးကြီး တော့ မဟုတ် တော့ ဘူး ဒါပေမယ့် ဗိုလ်ချုပ်မှုးကြီး ပဲ လေ ဟု လက်ရှိတပ်တွင်းအခြေအနေ များ ကို သုံးသပ် ပြောကြားသွားသည်။
ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ အတူတူရေငုပ် ပြီးမှာ ကိုယ် ဖော့ ပြီး ရေပေါ် ပြန် တက်သည့် အကြံအစည် သည်လွန်ခဲ့သည့် နှစ်လခန့် က စစ်ထောက် လှမ်းရေး အကြီး အကဲ တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ကြီး ခင်ညွှန့် ပေး ခဲ့ခြင်းဖြစ် သည် ဟု စစ်တပ်တွင်း သုံးသပ် ပြောကြားမှု များ လည်း ရှိသည်။
လက်ရှိ ကာကွယ်ရေး ၀န်ကြီးမှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဖြစ်ပြီး ဒုကာကွယ်ရေး ၀န်ကြီး မှာ ဗိုလ်ချုပ် တင်အေးဖြစ်သည်။
Updated ..ပထမ အသုတ် ပြုတ်/ နား နှင့် ဒုတိယ အသုတ် ပြုတ်/နား ထဲ မှ အချို့ ကို ဆဲလ်ဖုန်း ကိုင်ဆောင် မှုနှင့် အင်တာနက် ကြည့် ခွင့် နှင့် လက်နက် ကိုင် ဆောင်မှု များ စစ်ရေးချုပ် အမိန့် ဖြင့် ပြန်လည်ရုပ်သိမ်း။


Freedom News Group

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !