Home » » “ အကြွေရှားပါး တိုင်းပြည်တလွှား”

“ အကြွေရှားပါး တိုင်းပြည်တလွှား”


ယခု ပြည်ထောင်စုမြန်မာနိုင်ငံကြီး မှာ အကြွေရှားပါးမှု ပြဿနာတွေ ကြုံတွေ့နေရပါတယ်။ အစိုးရ အနေနှင့် လည်း အကြွေစက္ကူ ၇ှားပါးမှု ပြဿနာ ကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ခြင်းမရှိပါ။ ၅၀၀၀ကျပ် တန် ၊ ၁၀၀၀ကျပ် တန် ၊လောက်သာအသစ်ထုတ်ဝေပြီး ၊ နေ့စဉ် မရှိမဖြစ်လိုအပ် နေသော ၅၀၀ကျပ်၊ ၂၀၀ကျပ်၊ ၁၀၀ ကျပ်၊ ၅၀ကျပ် တန်တို့ ကို အသစ် ရိုက်နှိပ်ထုတ်ဝေခြင်းလည်းမရှိ။ အစိုးရဘဏ်များတွင်ဟုတ်တိ ပတ် တိ လှယ်လှဲပေးခြင်း မရှိပါ။ ထို့ကြောင့်နေစဉ် ဘတ်(စ်)ကားဖြင့်သွားလာနေကြသောပြည်သူတို့ အ ကြား အကြွေစက္ကူရှား ပါးခြင်း ကြောင့် အချင်းချင်း ပြဿနာ များဖြစ်နေကြရသည်။

နေ့စဉ် လိုင်းကား စီးနေရသူတို့မှာ ယဉ်နောက်လိုက်များနှင့် စကားများကြရသည်။ လမ်းဘေးတွင် ဈေးဝယ် သူများ ၊ စူပါမားကတ် ကြီးများတွင်ဈေးဝယ်သူများပါမကျန် ပြဿနာ အသီးသီး ရှိနေကြသည်။ အထူး ယဉ် လိုင်း များတွင်ဘယ်စိးစီး (၂၀၀)ကျပ် ပေါ်ရတယ်။ ၅၀၀ကျပ် (သို့မဟုတ်) ၁၀၀၀ကျပ်တန် တရွက်ပေး လိုက် ရင် ယဉ်နောက်လိုက်မျက်နှာဟာ ချက်ချင်းညှိုးသွားတော့တာပါပဲ။ သူတို့မှာ ကားပေါ် ပါလာသူ အား လုံးနီး ပါး အတွက် ပြန်အမ်းဖို့ရာ အကြွေက လုံလုံလောက်လောက် မရှိတော့အတိအကျပြန်မအမ်းနိုင်ဘူး။ ခရီးသည် တယောက် က မိမိ တယောက် စာအတွက် ၅၀၀ ကျပ် ပေးလိုက်တယ်ထား ၃၀၀ ပြန်အမ်းဖို့ခက် ခဲနေတယ်။ ၁၀၀ တန်က ရှမှရှား ပဲ ၊ ၁၀၀၀တန် တရွက်ကို ခရီးသည် တဦးက ၂ယောက်စာ ပေးလိုက်တယ် ပြန်အမ်းဖို့ ၂၀၀တန် ၃ရွက်ပေးဖို့ ၀န်လေး နေတတ်တယ်။ ရှိတဲ့ ၁၀၀တန် တွေက လည်း စပယ်ရှယ် တွေ ဆယ်လူတိပ် တွေနဲ့ အဖာတစ်ရာ၊ နဲ့ပြန်အမ်းဖို့ အားနာနေတတ်တယ်၊ တချို့ခရီးသည်တွေက ပိုက်ဆံ စုတ်ရင်မယူ ချင်တော့ ယဉ်အကူတွေနဲ့ စကားများတော့တာပါပဲ။ ရိုးရိုးယဉ်လိုင်းတွေ မှာလည်း ပိုလို့တောင် ဆိုးပါသေး တယ်။ ၅၀ ကျပ်၊  ၁၀၀တန်၊ ၁၅၀ တန်၊ စသဖြင့် အစားစားရှိပါတယ်၊။ ခရီးသည် တဦး က ၅၀ တန်သောခရီး ကို သွားဖို့ ပိုက်ဆံ ပေးရာမှာ ၅၀ကျပ်တန်ပေးတဲ့ ခရီးသည်ရှားပါတယ်၊ အများစု က၁၀၀တန် ၊၂၀၀တန်တွေ ပေးတာ များတယ် ။ ပိုငွေအတွက် ပြန်အမ်းရာဖို့ရာ လိုအပ်သောအကြွဟာ လုံလုံလောက်လောက် မ၇ှိဘူး။ ခရီးသည် တွေကလည်း အကြွေမရှိလို့ ပြန်မအမ်း နိုင်လို့ ၅၀ တန် တဲ့ ခရီး ၁၀၀တန်ခရီး ၊ ၁၅၀တန် ခရီးတွေ မှာ ပိုစီးလေ့မရှိပါဘူး။ ယဉ်နောက်လိုက် ကလည်း အကြွေမရှိလို့ အလကားပေးမစီးပါဘူး၊ အကြွေမရှိ လို့ မပေးဘူး။ မပေးတော့ ခရီးသည် မကျေနပ် နဲ့ ခရီးသွားပြည်သူနှင့် ယဉ်အကူတို့ မကြား ပြဿနာပါ။

ဈေးဆိုင် (သို့) ကွမ်းယာဆိုင် တခုခု ၀ယ်ကြည့်ပါလား ၊ငါ့မောင်ရယ် အကြွေမရှိလို့ ဆေးလိပ်လေး ယူသွား ပါလား၊ ဒါမှမဟုတ် Tissue သို့မဟုတ် snowtower ယူသွားပါလား ၊အကြွေ တကယ်မရှိလို့ပါ ။ ဆိုတဲ့ အသံတွေ မကြားချင် အဆုံး။ ကော်ဖီမစ် တွေ ပီကယ်တွေ လည်းပေးတယ်။ အဖွားကြီးတယောက် ဆိုရင် ကော်ဖီမစ် တွေ အိမ်မှာများလွန်းနေလို့ သောက်တောင်မသောက်နိုင်ဘူးတဲ့ ၊၀ယ်ထားတာလား ဆိုတော့ မဟုတ်ဘူးတဲ့ အကြွေမရှိလို့ ပြန်အမ်းထားတာတွေ ပါ။ ကြိုက်တဲ့ဟာတွေ ပါသလိုမကြိုက် တဲ့ အမျိုးအစား တွေလည်းပါ တယ် ၊ ဒီလိုပဲ သည်းခံ ယူထားရတယ် လို့ ပြောသွားတယ်။
ဆပ်ပြာမှုန့်တောင်ပေးသေးတယ်။ အိမ်မှာလိုအပ်တာလေးတွေဝယ်လို့ ဆိုင်ကအကြွေမရှိရင် ဆေးလိပ်တို့ မှုန့်တို့မလိုချင်ရင်ဆပ်ပြာမှုန့်ပေးလိုက်တာပဲ။မလိုချင်လည်းမယူလို့ရတယ်၊အကြွေးတော့မှတ်ထားပေး တယ်။ ပြန်ယူရင်တော့ သိပ်မကြိုက်ဘူး။ နိုင်ငံ အနှံ့ အပြားအကြွေရှားပါး. . . . . . . . . . . . .. . .

မသတီဖွယ် အကြွေစက္ကူ များကို အစိုးရဘဏ်များက အသစ် ပြန်လည်းပေးတယ်လို့ အစိုးရပိုင် မီဒီယာ များတွင် ပြောသည်။ရန်ကုန် မြို့ နှင့်အခြားမြို့ များတွင်တော့မပြောတတ်ပါ။ မန္တလေးမြို့ က ဒေသခံတစ် ဦးကတော့ သူ့ကြွေတွေကို အစိုးရ ဘဏ်မှာ သွားလဲတာ စုတ်ပြတ်လွန်းနေတဲ့အကြွေတွေကို သိမ်းလိုက်ပြီး ပြန်ပေးမည်မပေးမည်ကိုလည်း ရက်အတိအကျမပြောပဲ သိမ်းလိုက်သည်ကို ပြည်ပ မီဒီယာ တခုမှ ရင်ဖွင့်သွားပါတယ်။ လူထုအတွင်း အကြွေ စက္ကူ ရှားပါးနေခြင်းကို အခွင့်ထူးခံ လူတန်းစား တစုတို့က သိမယ်လို့လည်းမထင် သိလည်းဂရုမစိုက် ကြပါ၊။ အစိုးရအနေနှင့်လည်း မိမိတို့ ရွေးကောင်ပွဲတွင်အနိုင်ရ ကာ လက်ရှိ ထိုင်ခုံ ပေါ်တွင် ဆက်လက် ထိုင်နိုင်ရေးလောက် အရေးမထား သောကြောင့်စစ်အစိုးရ ရှိနေသမျှ ကာလ တလျှောက် ငွေကြေးလဲလှယ်မှုသည် ပတ်သက်ရာပတ်သက်ကြောင်း သာအစဉ်ပြေ မည်။ ငွေကြေး ပျောက်ဆုံးကာ ကုန်စည်ချင်းတိုက်ရိုက် လဲလှယ်သော စနစ်နှင့် ပြည်သူတရပ် လုံး နှစ်ပါးသွား မက စေလိုသောကြောင့် သိသိသမျှ ဖော်ထုတ်လိုက်ပါသည်။

ရေးသားသူ = လင်းသက်ငြိမ်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !