Home » » ခွဲခြားသိဖို့

ခွဲခြားသိဖို့

 ပူဇော်ထိုက်ပါတယ်

အရင်တစ်ပတ်ကပဲ ဆရာလူထုစိန်ဝင်းရဲ့ အသက် (၇၀) ပြည့်မွေးနေ့နဲ့ ပတ်သတ်ပြီး ဆရာက ဆောင်းပါးတစ် ပုဒ်ရေးထားတာလေး ဖတ်လိုက်ရပါတယ်။ ဆရာရဲ့ ရည်ရွယ်ချက်ကတော့ လူငယ်သတင်းထောက်တွေ အ တွက် ပြောသင့်တာတွေ မပြောမိလို့ သွန်သင်ဆုံးမသင့်တာတွေ မဆုံးမခဲ့မိလို့ ကိုယ့်ကိုယ်ကို တာဝန်မ ကျေ ဘူးလို့ ဆို ထားပါတယ်။ အပူဇော်မခံထိုက်သေးဘူးလို့လဲ ဆရာကသူ့ခံယူချက်ကိုပြောထားပါတယ်။
ဒီလို ဆရာရေးထားတဲ့ စာကို ပြန်ပြီးရေးတယ်ဆိုတာက လူငယ်တွေ အတွက် ကိုးကွယ်စရာ မရှိတော့ ဘူးဆိုတာ လေးသိစေချင်တာပါ။ ဆရာတို့ကိုယ်တိုင် စာတွေအများကြီးရေးပြီး လူငယ်တွေသိသင့်တာတွေ သိစေချင်လို့ ပြောဆိုလာခဲတာ။ အဲ့ဒီလောက်ထိ လူငယ်တွေအတွက်၊ တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက တာ ၀န်မကျေဘူးလို့ခံယူထားတယ်ဆိုတော့ တာဝန်ကျေသူတွေဘယ်သူရှိလဲ ။
နောက်တက်လူငယ်လေးတွေထဲမှာ စာဖတ်အားကောင်းတဲ့သူတွေလဲ တော်တော်များများရှိပါတယ်။ စာဖတ် တဲ့ အထဲမှာတော့ အများစုက ဆရာအောင်သင်းတို့ ၊ဆရာလူထုစိန်ဝင်းတို့ ဒါမျိုးတွေပဲဖတ်ကြတာ များပါ တယ်။ ကိုယ်တွေမသိသေးတာတွေ ကို အရှင်းဆုံးပြောပြပေးနိုင်တဲ့ ဆရာတွေပါ။ ဝေဖန်တာမဟုတ်ပါ ဘူး။ ကျွန်တော်တို့အတွက် လေးစားစရာကောင်းလွန်းလို့ တင်ပြတာပါ။
ဒီလိုပုဂ္ဂိုလ်တွေမှ တာဝန်မကျေဘူးလို့ခံယူထားရင် ကျန်တာတွေ ဘယ်သူတာဝန်ကျေလဲ။ ကိုယ့်မိသားစု အတွက် လေက်သာတာဝန်ကျေနိုင်တဲ့ လုပ်ရပ်တွေနဲ့ ဘယ်နေရာမှာ စကားသွားထည့် ပြောလို့ ရမှာလဲ။ စာပေအသိုင်းအ၀ိုင်းနဲ့တော့ နီးစပ်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့်ဗျာ ကျွန်တော်တို့ နိုင်ငံ မှာ စာရေးဆရာတွေ မွဲနေကြတယ်ဆိုတာ ကျွန်တော်တို့ ပြည်သူလူထု စာဖတ်အားနည်းတယ်ဆိုတာတော့ အသေအချာပဲဗျ။ နောက်ပြီး ဆရာတွေပေးချင်တာက မသိသေးတဲ့သူတွေ နုံချာပြီးလမ်းစပျောက် နေတဲ့လူ ငယ်တွေကို ပေးချင်တာ။ ဆရာတို့ရေးလိုက်တဲ့ စာသားတွေကို ဖတ်ရတဲ့သူတွေအဖို့တော့ အတိုင်းအတာတစ် ခုအထိ အသိတရားလေးတွေ ၀င်လာမှာအမှန်ပဲ။ ဆရာတို့ရေးပြီးထုတ်လိုက်တဲ့ စာအုပ်က အုပ်ရေ တစ်ထောင် ၊ ထောင့်ငါးရာပါ ။
အဲ့ဒီစာအုပ်ရေက ရောက်သင့်တဲ့သူတွေလက်ထဲထိမရောက်ပါဘူး။ တစ်ခါက ဆရာချစ်စံဝင်းရေးတဲ့စာအုပ် တစ်အုပ် သူများစီက ငှားဖတ်ကြည့်တယ်။ “မိုးထိအောင်လှေကားထောင် ” ဆိုတဲ့ စာအုပ်လေးပါ။ ဆရာပေး ချင်တာက ရွာတွေနယ်တွေကို ပေးချင်တဲ့ စေတနာ။ ဒါပေမယ့် ဆရာစာအုပ်က အဲ့ဒီအတိုင်းအတာထိ မပျံ့နှံ့ နိုင်ဘူးလို့ ယူဆမိတယ်။ စာကောင်းပေကောင်းတွေဖတ်ဖို့ဆိုတာလည်း စာအုပ်ဈေးနဲ့ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာနဲ့ ဆိုတာရှိပါသေးတယ်။ အဲ့ဒီလိုအတိုင်းအတာတွေမှာ မြန်မာလူမျိုးတွေ တကယ်ကိုအသိတွေ တိုးပွားစေချင်တယ် အမှန်တွေ မြင်ပြီး တိုးတက်စေချင်တယ်ဆိုရင်တော့ လုပ်လို့ ရနိုင်မယ့်နည်းလမ်းတစ်ခု ကိုစဉ်းစားကြည့်မိတယ်။
အဲဒါဘာလဲဆိုတော့ “စာပေဟောပြောပွဲပုံစံမျိုး အသိပညာပေးဟောပြောပွဲ” တွေများသည်ထက်များများ လုပ်သင့်ပါတယ်။ တကယ်ကိုစေတနာထားတယ်ဆိုရင်တော့ တကယ်ကိုလုပ်သင့်တဲ့ အလုပ်လို့ထင်ပါတယ်။ လူငယ်ပေါက်စတော်တော်များများဟာ စာစဖတ်တဲ့အချိန်မှာ ၀တ္တုတွေကို နှစ်နှစ်ခြိုက်ခြိုက်အချိန်ကုန်ခံပြီး ဖတ်ကြပေမယ့် တကယ်အကျိုးရှိမယ့် စာတွေကြတော့ သိပ်ပြီးစိတ်ဝင်တစားမရှိတာလဲတွေ့ရပါတယ်။
ဒါနဲ့ ပတ်သတ်ပြီး ဆရာကိုရွှေအောင်သင်ဟောပြောပွဲလေး တစ်ခုနားထောင်ဖူးထားတာရှိပါတယ်။ ဒီအသက် ဒီအရွယ် အထိလဲ အဲ့ဒီစာပေဟောပြောပွဲတစ်ခုပဲ နားထောင်ဖူးပါသေးတယ်။ အဲဒီညက ဆရာချစ်ဦးညိုနဲ့ ဆရာကိုရွှေအောင်သင်း ဟောပြောသွားတာပါ ။ ဆရာကိုရွှေအောင်သင်းက လူငယ်တွေ အတွက်ရည်ရွယ်ပြီး အားနဲ့ မာန်နဲ့ ပြောသွားပါတယ်။ ဆရာပြောတဲ့အထဲမှာ ၀တ္ထုကို တိုက်ခိုက်သလိုဖြစ်တာလေးကပါ သွားပါ တယ်။ ဆရာချစ်ဦးညိုက ၀တ္ထုရေးဆရာဆိုတော့ “ ကျူရိုးရှင်” ကဗျာလေးရွတ်ပြီး ပြန်ချေပ တဲ့ ပုံစံမျိုးလေး ဖြစ်သွားခဲ့ရတယ်။ ဒါနဲ့ ပတ်သတ်ပြီးတော့ ပရိတ်သတ်တွေက ဆရာနှစ်ယေက်တော့ ဖိုက်နေကြပြီ လို့ မှတ် ချက်ပြုကြတယ်။ ဒီလိုတော့ မတွေးမိပါဘူး။ ကိုယ်လိုချင်တာကို ယူလာခဲ့ပါတယ်။ ဆရာကိုရွှေအောင်သင်း ကိုလည်း အရမ်းလေးစားသွားခဲ့ပါတယ်။ သူ့အခန်းကဏ္ဍနဲ့သူ လုပ်ပေးနေကြတာပါပဲ။ လက်ခံတဲ့သူတွေ ကကို ဘာလိုချင်တာလဲ သိဖို့နဲ့၊ ဘယ်အရာကို ယူသင့်တယ်ဆိုတာပဲ အရေးကြီးတယ်။
ဘယ်စာဖတ်ဖတ် အတိုင်းအတာတစ်ခုအထိတော့ အသိတရားလေးတွရတာပါပဲ။ ခဏသိတဲ့ အသိမျိုးမဟုတ် ဘဲ တစ်ခုသိသိ နှစ်ခုသိသိ သိသလောက်ကို လိုက်နာစေချင်တယ်။ အဲ့ဒါတော့ ဆန္ဒအမှန်ကိုပြောတာပါ။ စာ ရေးချင်ရင် စာတွေများများဖတ်တဲ့ ။ များများဖတ်ဆိုတိုင်း လည်း မလုပ်ကြနဲ့ ။ ဖတ်ပါ သေသေချာချာလေး ဖတ်ပြီး သေသေချာချာလေးမှတ်။ အဲ့ဒါမှအကျိုးရှိမှာ ။
ဆရာအောင်သင်း ဟောပြောပွဲကို ပြန်ရေးထားတဲ့ “ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ” ဆိုတဲ့ စာအုပ် လေးဖတ်ရတော့ တော်တော်လေးတန်ဖိုးရှိတယ်။ လူငယ်တွေအတွက် ရေးထားတဲ့ စာအုပ်ရှာမယ်ဆိုပြီး လိုက်ရှာဝယ်တာ။ ဖတ်သလောက်ကို ခေါင်းထဲဝင်နေအောင် လုပ်တယ်။ ရှင်းရှင်းလေးပြောပြထားတော့ ကျုံ ကြိုက်လာတာနဲ့ ဆရာပြောတာလေးတွေ သတိရနေတယ်။
ဆရာတို့လူငယ်တွေ အတွက် လုပ်ပေးနေပါတယ်။ သွယ်ဝိုက်ပြီးတော့လဲ အသိတွေပေးနေတယ်။ လူငယ်တွေ အနေနဲ့ က “ အရိပ်ပြ အကောင်မြင် ” ဖြစ်ဖို့လဲ လိုသေးတယ်။ ဆရာတို့မှ မပူဇော်ရင် ဒီမြန်မာနိုင်ငံမှာ ဘယ် သူတွေက အပူဇော်ခံထိုက်သလဲလို့သာ မေးစရာရှိတော့တယ်။ လေးစားရသော စာရေးဆရာကြီးများ အားလုံးကို ပူဇော် တဲ့အနေနဲ့ ရေးသားအပ်ပါသည် ။ လူငယ်တွေ သိဖို့ကလဲ ဘယ်သူတွေကို ဆည်းကပ် ပူဇော်ရ မယ်ဆို တာနဲ့ ဘယ်သူတွေက မပူဇော်ထိုက်ဘူးလဲဆို တာလေး ခွဲခြားသိဖို့ပါ ။

နောင်တော်လေး

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !