ထွက်ရှိလာတဲ့ ဂျာနယ်အသစ်တွေနဲ့ ရှုပ်ထွေးနေတဲ့ နိုင်ငံရေးထဲမှာ သတင်းတွေဖတ်နေရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတော့မယ်ဆိုပြီး အစီအစဉ်တွေချပြီး လုပ်နေတဲ့ စစ်အစိုးရနဲ့ နိုင် ငံ ရေး ပါတီများက လူထုအပေါ်ကို ဘယ်လိုဘယ်ပုံများ တာဝန်ယူပြီး ဆောင်ရွက်ပေးကြမယ်ဆိုတာ မသေချာမ ရေရာသေးပေမယ့် သတင်းဂျာနယ်တွေမှာတော့ ပြည်သူတွေ နိုင်ငံရေးကို စိတ်ဝင် စားမှုနည်းနေသေးတယ် ဆိုတဲ့ အကြောင်းအကျယ်တ၀င့် ရေးသားဖော်ပြတာတွေလည်း တွေ့နေရပါတယ်။
19.8.2010 ထုတ် Envoy (သတင်းတမန်) ဂျာနယ်က ဖော်ပြသွားတဲ့ “ စိတ်ဝင်စားပါ ” ဆိုတဲ့ ဆောင်းပါးလေးနဲ့ နှိုင်းယှဉ်ပြီး ဖော်ပြပေးချင်ပါတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ရွေးကောက်ပွဲပြုလုပ်ပေးတဲ့ အာဏာ ရှင်နဲ့ ပါတီတွေ ရှိနေရုံနဲ့ ပြီးပြည့်စုံတာမဟုတ်ပါဘူး ။ ပြည်သူတွေရဲ့ အခန်းကဏ္ဍက သိပ်အရေးကြီးပါတယ်လို့ ဆောင်းပါးရှင် က ဖော်ပြထားပါတယ် ။ ဒီမိုကရေစီ စနစ်ဆိုတာကိုက လူထုသာ အဓိက ကျတဲ့ စနစ်တစ်ခုပဲဗျာ။ လူထုက စိတ်ဝင်စားမှု နည်းနေရခြင်းဟာ ဘာကြောင့်လဲဆိုတာကို မသုံး သတ်ကြတာကိုတော့ စာဖွဲ့ပြီးရေးစေချင်ပါတယ်။
နောက်တစ်ခုက ပြည်သူလူထုဟာ ပါတီတွေ အင်အားဖြည့်ဖို့ လိုနေတဲ့ အချိန်မှာ ပါတီလူကြီးတွေကိုတော့ ကြိုက်ပေမယ့် ပါတီထဲဝင်ရမှာ စိုးရွံ့နေကြပါတယ်။ ဒီအချက်မှာတော့ ကျွန်တော်တို့ ယခုလူငယ်တွေရော အရင်က လူကြီးတွေ ရွေးကောက်ပွဲနဲ့ ကြုံကြိုက်ဖူးလိုက်တဲ့ လူတွေ အားလုံးစိတ်ထဲမှာ သံသယတွေ စိုးရိမ် စိတ်တွေရှိနေကြမယ်လို့ ထင်ပါတယ် ။ ဒါကြောင့်လဲ ယုံယုံရဲရဲ နှင့် ဘယ်ပါတီကို မှ မပုံအပ်ရဲတာပါ ။ ကျွန် တော်ကိုယ်တိုင်ဆိုရင်လည်း ဘယ်ပါတီကို မှ ၀င်မှာ မဟုတ်သလို ဘယ်ပါတီကိုမှလည်း ထောက်ခံမှာ မဟုတ် ပါဘူး ။ ဒီရွေးကောက်ပွဲဟာ နည်းမှန်လမ်းမှန်နဲ့ လုပ်တဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်လာမှ မဟုတ်လို့ပါပဲ။
တာဝန်ပေးခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေအုပ်ချုပ်တဲ့ အစိုးရသာ ဒီမိုကရေစီ စနစ်ကိုပိုပြီးပီပြင်စေပါတယ် ဆိုရင်တော့ တာဝန် အပြည့်အ၀ ပေးခြင်း ခံထားရတဲ့ ပုဂ္ဂိုလ်ရှိပြီးသားဖြစ်ကြောင်း အားလုံးအသိပါ ။

0 comments:
Post a Comment
never ... never ... never ...never ... never Give Up !