Home » » ထောင်တွေချဲ့စရာ မလိုအောင် ကျောင်းတွေကို ချဲ့ရမယ်ဆို....

ထောင်တွေချဲ့စရာ မလိုအောင် ကျောင်းတွေကို ချဲ့ရမယ်ဆို....

“ ရာဇ၀တ်မှု နဲ့ အကျင့်တရားပျက်ပြားမှုတွေရဲ့ မိဘကတော့ “ဆင်းရဲနွမ်းပါးခြင်း” ဆိုတာပါပဲ။ ” ဒီစာတန်းလေး ကိုဖတ်ဖူးခဲ့ တာကြာပါပြီ။ ကျွန်တော်သိပ်ကြိုက်တဲ့ စာတန်းလေးပါ။ ဆင်းရဲနွမ်းပါးခြင်းရဲ့ ဆိုးကျိုးတွေကို ပြော မယ်ဆိုရင်တော့ ပြောလို့ဆုံးမှ မဟုတ်တော့ပါဘူး ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာက ဆင်းရဲနွမ်းပါးမှု့ဒဏ်ကို တော်တော်လေး ခံနေရပါတယ်။ အရွယ်နဲ့ မမျှအောင် ကို အလုပ်မျိုးစုံတွေလုပ်နေကြရတဲ့ ကလေးငယ်တွေအများကြီး ရှိနေတယ်။ ကျောင်းနေရမယ့် အရွယ်မှာ ပညာ မသင်ရဘဲ အလုပ်မျိုးစုံလုပ်နေကြရတယ်။ အမှိုက် ကောက်တာ၊ ရေသန့် ဘူးခွံလိုက်ကောက်တာ... စသဖြင့် အ ရွယ်နဲ့ မလိုက်တဲ့ အလုပ်ဒါဏ်တွေ၊ ပင်ပန်းမှုဒါဏ်တွေကို ခါးစီးပြီး ခံနေရပါတယ်။ ဒီလူငယ်လေးတွေက ပညာမ သင်ရတဲ့ အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားတွေလည်း ဆုံးရှုံးနေရတယ်။ ငယ်စဉ်အခါ ပညာရှာဆိုတဲ့ စ ကားပုံကို ဆန့်ကျင်ပြီး ပညာရှာတဲ့ အလုပ်ကိုမလုပ်နိုင်ဘဲ ၀မ်းစာရှာနေကြရတယ်။ ရှင်းရှင်းပြောရရင်တော့ အခွင့်အရေးတွေ ဆုံးရှုံးနေတာပါ။ မိဘတိုင်းကတော့ ကိုယ့်သားသမီးကို ပညာတတ်လေးတွေ ဖြစ်စေချင်မှာပါ။ ဖြစ်စေချင်ပေမယ့်လည်း ကိုယ် တိုင်ကမှ ဆင်းရဲနုံချာနေတော့ ဒီပညာရေးဘက်ကို မလှည့်နိုင်ဘူး။ အဲဒီတော့ သူတို့တစ်တွေ မွေးထားတဲ့ ကလေး တွေ အတွက် ကလေးချင်းယှဉ်လိုက်ရင် အခွင့်အရေးဆုံးရှုံးတယ်။ သူများကလေးတွေ ကျောင်းတတ်နေတဲ့ အချိန် မှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေက ၀မ်းရေးအတွက် အလုပ်မျိုးစုံလုပ်နေတာကို မြင်နေတွေ့နေရတယ်။ ယှဉ် ပြီး ကြည့်လိုက်မိတဲ့ အခါမှာ တော်တော်လေးစိတ်မကောင်း ဖြစ်ရတယ်။ 
သူတို့တွေအတွက် ဆိုပြီး ကြည့်ရှု့ဆောင့်ရှောက်ပေးမယ့်လူတွေ မရှိကြတော့ဘူးလား။ ဒီလူငယ်လေးတွေ မှာ ပညာကလည်း မသင်ရ အလုပ်တွေကိုလည်း ပင်ပင်ပန်းပန်းလုပ်ရနဲ့ နောက်ပိုင်း ဘာတွေဖြစ်လာလဲ ဆို တော့ လွယ်ကူတဲ့ လမ်းလွဲတွေကို ရောက်သွားကြတယ်။ စာရိတ္တပိုင်းတွေပါ ပျက်စီးပြီး အဆုံးတော့ လူရာကို သွင်းလို့ မရတော့တဲ့ အထိ မိုက်ကန်းကုန်ကြတယ်။ နောက်ဆုံးပြောချင်တာကတော့ ဒီကလေးငယ်တွေဟာ လည်း နိုင်ငံရဲ့ မျိုးဆက်သစ် ကြယ်ပွင့်လေးတွေပါ။ ကြယ်ပွင့်လေးတွေ ထွန်းလင်းခွင့် မသာတော့တဲ့ အဖြစ် ဆိုး အခြေအနေဆိုးတွေမှာ ရှိနေတယ်။ အနာဂတ်အတွက် အတော်ကို ရင်လေးစရာဖြစ်နေပါပြီ။
တစ်ခါက လက်ရှိ နိုင်ငံခေါင်းဆောင် တစ်ယောက် ပြောသွားတာကို တင်ပြပြီး ဆွေးနွေးချင်ပါသေးတယ်။ 
“ ထောင်ကို ချဲ့စရာ မလိုအောင် စာသင်ကျောင်းတွေကို ချဲ့ထွင်ပေးရပါမယ် ” အပြောနဲ့ အလုပ် အဟုတ် တည်ရဲ့လားဆိုတာတော့ လုပ်နေတဲ့ နိုင်ငံခေါင်းဆောင်ကြီး တွေ အသိဆုံးနေမှာပါ။ ဒီနားလေးမှာ ပြောချင် တာတွေပြောပြမယ်။ ကျောင်းတွေကို ချဲ့ထားပါတယ်။ အနောက်ပိုင်း က လယ်ကွင်းထဲမှာ ၊ တာဝက နေပူကျဲ တဲ ထဲမှာ၊ ဒဂုံကတော့ ရှိပါစေတော့ ... ချဲ့ထွင်ထားလိုက်တာ ငွေကုန်ကြေးကျတွေလည်း များလှပါတယ်။ GTC ကျောင်းကြီးတွေ မြို့ပြင်မှာ အများကြီး ဆောက်ပေးထားပါတယ်။ ကျောင်းတွေ ချဲ့ထားတယ်ဆိုတဲ့ အ ကြောင်းကို ပြောပြတာပါ ။ ဗွေမယူကြပါနဲ့ ။ ထောင်တွေကလည်း ချဲ့ထားသေးတယ်။ တိုင်းနဲ့ ပြည်နယ်အသီး သီးမှာ နာမည်ကြီး ထောင်ကြီးတွေ ၊ အန္တရာယ်ဂျောက်ကမ်းပါးက ထောင်ကြီးတွေ ပေါလွန်းလှပါကြောင်း လည်း သိစေအပ်ပါသည်။
ဒီတော့ ထောင်ကိုလည်းချဲ့တယ်။ ကျောင်းကိုလည်း ချဲ့တယ်။ သင့်တော်ပါပေတယ်ဗျာ။ ရှိပြီးသား ကျောင်း တော်ကြီးတွေကတော့ ရဲစခန်းဖြစ်၊ ကြံ့ဖွတ်ရုံးဖြစ် ဒါကရော ဘာသဘောလဲတော့ မဝေဖန်တတ်တော့ ပါဘူး။ သိတာတွေ ပြောရရင်တော့ မကျေနပ်ချက်နဲ့ ဆန့်ကျင်ဘက်တွေပဲ ဖြစ်နေမှာပေါ့။ အေးအေး ဆေးဆေး နေ ချင်သေးတဲ့ အတွက် ရှိပါစေလို့ သာ သဘောထားနေရပါတယ်။
ဟုတ်ပြီဗျာ ... ကျောင်းတွေ ချဲ့ရုံနဲ့ ပြီးပြီလား ? စာသင်ကျောင်းတော့ ရှိပြီး သင်ကြားရေးအတွက် လိုအပ်တာ တွေကို တာဝန်ရှိ နိုင်ငံခေါင်းဆောင်ကြိးများ အနေနဲ့ အပြည့် အ၀ ကြည့် ရှုထောက်ပံ့နေပါသလား။ ဒီကိစ္စ နဲ့ ပတ်သတ်လို့ ကျွန်တော် စာလေး တစ်ပုဒ်ရေးထားတာရှိ ပြီးသားပါ ။“ ကျောင်းကို တီဗွီလာလှူတယ်ဆိုလို့ အ ဟုတ်များ မှတ်လို့ ” တီဗွီက ကျောင်းက တီဗွီပါ ။ သူတို့တွေက ပုံးခွံကိုင်ပြီး ဓာတ်ပုံရိုက်သွားကြတယ်။ ညကြ တော့ သတင်းထဲမှာ ထည့်ကြေညာတယ် ။ ရေးပြီးသားနော် ။ အမြည်းလေး ပြန်ပြောပြတာပါ။
နိုင်ငံခြားသားတစ်ဦးက မေးသွားတာလေး ကိုလည်း အမှတ်ရနေသေးတယ်ဗျာ။ မင်းတို့နိုင်ငံမှာက “ သစ်မှာ ဆိုလည်း ကျွန်း၊ ရတာနာမှာဆိုလည်း ပတ္တမြား ၊ ပုလဲ၊ သဘာဝဓာတ်ငွေ့တွေကလည်း ပေါမှပေါ ၊ ရေနံတွေ လည်းထွက်သေးတယ်။ မင်းတို့ နိုင်ငံချမ်းသာတာပဲ။ မင်းတို့က ဘာလို့မချမ်း သာကြတာလဲ? တဲ့။
မှန်တယ်ဟေ့ ဒို့နိုင်ငံက ချမ်းသာပါတယ်။ ဆရာ တစ်ယောက်က ပြောဘူးတယ်။ ဒို့နိုင်ငံမှာ ဂျိုဒု မရှိဘူးဆိုတာ မ၀ယ်နိုင်လို့ မဟုတ်ဘူးတဲ့ ။ မ၀ယ်ချင်လို့ပါတဲ့ ။ ဒို့နိုင်ငံရဲ့ ၀င်ငွေနဲ့ ဂျိုဒု တစ်စင်းလောက်ကတော့ ပါးပါးလေး ပါတဲ့ ဗျာ။ မ၀ယ်ချင်တာကလည်း မ၀ယ်ရဲတဲ့ အကြောင်း ရှိမှာပေါ့ ။
ဒို့နိုင်ငံ ချမ်းသာပြီး ဒို့တွေ ဆင်းရဲနေတယ် ဆိုတာကတော့ စဉ်းစားဖို့ လိုလာပြီ။ ဒီတိုင်းပြည်မှာ ဆင်းရဲနွမ်းပါး သူတွေ ပေါများနေတယ်ဆိုတာကို နိုင်ငံတော်ရဲ့ ဖခင် ဆိုတဲ့သူတွေ မိခင်ဆိုတဲ့ သူတွေကရော သိကြရဲ့ လား။ သိကောင်းလောက်ပါရဲ့ နော်။ ဒို့နိုင်ငံကြီး ချမ်းသာပြီး ဒို့လူထု အများစု ဆင်းရဲနေတာကတော့ ဒို့တွေ အသုံး မကျလို့လည်း ဖြစ်ကောင်းပါတယ်။
TV မှာ ထိုင်းနိုင်ငံက ဆူပူမှုအကြောင်းလာနေတော့ ကြည့်နေမိတယ်။ ကျောင်းသားတွေ ဆန္ဒပြနေကြတယ်။ ဒဏ်ရာရသူတွေကလည်းရ ၊ သေတဲ့သူတွေကလည်း သေနေကြရဲ့ဗျာ။ နောက်ဆုံးကြတော့ သမ္မတလောင်း အသစ်ရွေးတာပေါ့။ TV အတူတူထိုင်ကြည့်နေတဲ့ ဘေးနားက တစ်ယောက်က ဘာစကား ပြောလဲဆိုတော့  “ကျောင်းသားတွေ ဘယ်လောက်ပဲ ဆန္ဒပြပြ အာဏာမရပါဘူး” တဲ့ ။ တစ်ခြားတစ်ဦးပဲ ရတာပဲ လို့တောင် ဆက်ပြောလိုက်သေးတယ်။ သူလည်း သူသိသလောက်ပြောတာ ဆိုတော့ အပြစ်မတင်ပါဘူး။
တကယ်သိဖို့ လိုအပ်တာလေးတော့ ပြောချင်တယ်ဗျ။ ကျောင်းသားတွေမှာ ယုံကြည်ချက်တွေရှိတယ်။ ကျောင်းသားတွေ လုပ်နေတဲ့ ဆန္ဒပြမှုတွေဆိုတာလဲ အာဏာသိမ်းဖို့ လုပ်ခဲ့ကြတာ မဟုတ်ဘူးဗျ။ အမှန်မ ဟုတ်တဲ့ လုပ်ရပ်တွေကို ဆန္ဒပြတာ။ လူတိုင်း ကိုယ်စီ တန်းတူရသင့် တဲ့ အခွင့်အရေးတွေကို လိုချင်လို့၊ ရချင် လို့ ဆန္ဒ ပြတာ။ အာဏာကို လိုချင်လို့ ဆန္ဒပြတာမဟုတ်ဘူး။ အာဏာကိုယူတယ်ဆိုတာ အာဏာနဲ့ တန်တဲ့ ပညာ အရည်အချင်းတော့ လိုတယ်။ အားလုံးအလိုရှိနေတာက အမှန်တရားနဲ့ လူအခွင့်အရေးပါ။ အမှန်မ ဟုတ်တဲ့ လုပ်ရပ်တွေလုပ်နေသ၍ တော့ ဆန္ဒပြမှုတွေ ကလည်း လုပ်ဆောင်နေကြရမှာပဲ ။

လူ့အခွင့်အရေး တွေ ရရှိပြီး ဆင်းရဲနွမ်းပါးခြင်း ကင်းတဲ့ မြန်မာပြည်ကြီး ဖြစ်နိုင်ပါစေ......

ရေးသားသူ = စိန်ခေါ်သူ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !