ကျောင်းသားအပေါင်းတို့ နည်းနည်းမှ မကြောက်ကြနဲ့ ခေတ်အဆက်ဆက်က တော်လှန်လာခဲ့တဲ့ ဒီအာဏာရှင် အမျိုးယုတ်ကို ဒို့မျိုးဆက်လည်း ဆက်ပြီး တိုက်ပွဲဝင်ကြမယ်။ ဒီခေတ်မျိုးဆက်ရဲ့ သတ္တိကို ပြကြရမယ်။ ဒို့တစ် တွေရဲ့ စုပေါင်းညီညာအင်အားနဲ့ တိုက်ခိုက်ရမယ့် အာဏာရှင် ဆန့်ကျင်ရေး ၊ အာဏာရှင်လုပ်မယ့် မဟုတ်မမှန် ရွေးကောက်ပွဲ ဖျက်သိမ်းရေးအတွက် တို့တွေ သတ္တိရှိရှိတိုက်ပွဲ ၀င်ကြမယ်။ ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ကျပ်ငါးသိန်းနှုန်း နဲ့ ကိုယ်စားလှယ်လောင်း ၁၂၀၀ အတွက် ငွေသိန်းပေါင်း ခြောက်ထောင်လောက်ကို ဘယ်လို ဘယ်ပုံ ရှာဖွေစုဆောင်းထားတယ်ဆိုတာလေး လဲ ထုတ်ဖော်ရမယ်။ ကြံ့ဖွတ်ပါတီဝင်တွေ အဲဒီလောက်ထိချမ်း သာနေကြွယ်ဝနေတာ ဘယ်ငွေဝင်ပေါက်တွေကပါလဲ ဆိုတာသာ စဉ်းစားကြတော့ ။ လူထုတိုက်ပွဲဖြစ်အောင် လူထုက နှိုးဆွပါ။ ထကြွပါ ။ တရားမ၀င်တဲ့ အစိုးရလုပ်သမျှ ကို မခံစားနိုင်တော့ဘူးဆိုရင် ဒို့ကျောင်းသားတွေ ညီ ညီညာညာ နဲ့ လက်တွဲ တော်လှန်ကြမယ်။ လက်နက်နဲ့ ခြိမ်းခြောက်ခဲ့တယ်။ အခုတစ်ဖန်ငွေနဲ့ပေါက်မယ်။ တရားမ၀င် အလုပ်တွေ ပတ်ပတ်စပ်စပ် လုပ်နေတဲ့ ဒီအမျိုးယုတ်က (တရားဝင်အစိုးရ)ကိုတောင် ဖျက်သိမ်းကြောင်း ကြေငြာသတဲ့။ လူမဟုတ်တဲ့ လူယုတ်မာတွေ ရဲ့ လုပ်ရပ်များကို အဆုံးသတ်ပေးသင့် ပါပြီ ။
Home »
နိုင်ငံရေး
» ကျောင်းသားအပေါင်းသို့
ကျောင်းသားအပေါင်းသို့
Posted by Naung Taw Lay
Posted on Friday, September 17, 2010
with No comments
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !