Home » » ခေတ်နှင့်လျှော်ညီသော ၀တ်ဆင်မှု

ခေတ်နှင့်လျှော်ညီသော ၀တ်ဆင်မှု



တိုးတက်ပြောင်းလဲလာသော ခေတ်အခြေအနေနှင့် ၀တ်ဆင်ပုံအမြင်ဆန်းတွေကို ဆိုဆုံးမလာခဲ့ကြသည်မှာ ၂၀ ရာစု မကုန်ခင် လောက်က တည်းကပင်ဖြစ်ပေတော့သည်။ ၂၁ရာစုထဲ ရောက်လာသော ယနေ့ခေတ် တွင် ဖက်ရှင် (fashion) တွေအမျိုးမျိုး တီထွင် ဖန်တီးလာသောအခါ ယဉ်ကျေးသိမ်မွေ့သော မြန်မာဖက် ရှင်တွေ ပျောက်ပျက်လာ၍ ရယ်ဒီမိတ်(ready made) အနောက်တိုင်း ဖက်ရှင်များ အစမတန် လွှမ်းမိုး လာ သည်။ ခေတ်နောက်ပြန်ဆွဲ အတွေးမျိုးနှင့် တင်ပြခြင်းမဟုတ်ဘဲ ကမ္ဘာဦးလူသားများအဆင့်ကို ပြန်ရောက် သွား မည်စိုးရိမ်သည့် အတွက်တင် ပြခြင်းသာဖြစ်ပါသည်။ ခေတ်နှင့် လျှော်ညီသောဝတ်ဆင်မှုဟူသည် ယဉ် ကျေးသိမ်မွေ့သော မြန်မာအမျိုးသမီးတို့၏ အစဉ်အလာကို ထိန်းသိမ်းစေလို၍ ခေတ်အခြေအနေနှင့် ရင် ဘောင် တန်းနိုင်အောင် ဆောင်ရွက်ကြ စေလိုခြင်း သာဖြစ်သည်။
ယဉ်ကျေးမှုအမွေအနှစ်ဟူသည် နိုင်ငံတိုင်းတွင် မရှိနိုင်ပေ။ စင်္ကပူကဲ့သို့သော နိုင်ငံမျိုးတွင် အစဉ်အလာယဉ် ကျေးမှုဟူသည် မရှိ ကြောင်း တွေ့နိုင်ပေသည်။ ရှိခဲ့ပြီးဖြစ်သော ယဉ်ကျေးမှုအမွေအနှစ်သည်လည်း ထိန်းသိမ်းမှသာလျှင် အစဉ်တည်တံ့ပေလိမ့်မည်။ အမျိုးသမီးမှ မဟုတ် အမျိုးသားတို့သည်လည်း မြန်မာအ ၀တ်အစားထက် အနောက်တိုင်း အ၀တ်အစားကို ပိုမိုနှစ်သက်လာကြပေ သည်။ မြန်မာအ၀တ်အစားကို နာရေးကိစ္စနှင့် လူမှုရေးကိစ္စ မဖြစ်မနေ၀တ်သင့်သောအခါမှသာ ၀တ်ဆင်ကြသည်။ အမြင်အားဖြင့် အမျိုးသမီးများ၏ ၀တ်ဆင်မှုသည် မြန်မာ့ ယဉ်ကျေးမှုဘောင်အတွင်းမှ လွတ်ထွက်သွားကြပြီဟု လူကြီးမိဘ တို့ကဆိုကြသည်။ ၀တ်ဆင်ပုံကို ကြည့်၍ အမျိုးသမီးများအား ပြောဆိုပုံ စကားလုံးများပင် ပြောင်းလဲလာ သည်ကို သတိပြုမိကြပေလိမ့်မည်။ အမျိုးသမီး တို့အား`လှပါတယ်´ ဟုပြောဆိုကြရာမှ `လန်းပါတယ်´ ဟူ၍ဖြစ်လာသည်။ ယခုအခါတွင်မူ `လန်ထွက်နေပါတယ်´ ဟူ၍ ပင်ဖြစ်လာသည်။ ၀တ်စားဆင်ယင် ပုံကို ကြည့်၍ ပြောဆိုလာကြခြင်း ဖြစ် ကြောင်း သိနိုင်ပေသည်။ လူကြီးမိဘတို့၏ ဆိုဆုံးမစကားတို့သည်လည်း မြတ်စွာဘုရား၏ နိဗ္ဗာန်ရောက်ကြောင်း တရားများကဲ့သို့ပင် သိပင် သိငြားလည်း လိုက်နာကျင့်ကြံသူ နည်းပါးသကဲ့သို့ပင် ဖြစ်ချေတော့သည်။
အလှအပ မြတ်နိုးတတ်သည့် သဘာဝနှင့် တားဆီးပိတ်ပင်ရန် မဖြစ်နိုင်သောအခြေအနတွင် မြန်မာဖက်ရှင် `လှလှနှင့်ယဉ် ယဉ်´လေးများကို တီထွင်ကြစေချင်သည်။ သက်ကြီးရွယ်အိုတို့သည် `ဒူးပေါ်´အ ဆင့်စ ကတ် အတို ၀တ်ဆင်သည်ကိုပင် အမြင်မ ကြည်လင်ကြပေ။ ယခုအ ခြေအနေတွင်မူ `ဒူးပေါ်´အ ဆင့်မ ဟုတ်တော့ပေ။ ဆိုလိုရင်းသို့ ရောက်ရှိရန် အင်္ဂလိပ်လိုပြောရကောင်းနိုး၊ မြန်မာလိုပြောရကောင်းနိုး စဉ်းစား ရသည်။ ယဉ်ကျေးသော အသုံးနှုံးကို ရှာဖွေကြည့်ခြင်းသာဖြစ်သည်။ တောင်းတောင်းပန်ပန်နှင့် ပြောလို သည်မှာ ယခုအခြေအနေသည် ပေါင်တစ်ဝက် (Half Thigh) ပင်ဖြစ်သည်။ ဖြစ်ပေါ်နေသော အခြေအနေ မှန်ပင်ဖြစ်သည်။
ဆင်းရဲ၊ ချမ်းသာ ခွဲခြားရန်မလွယ်သော ၀တ်စားဆင်ယင်မှုတွင် အမျိုးကောင်းသမီးတို့ကို စော်ကားလိုခြင်း အလျဉ်းမပါပေ။ ဘက်စ်ကားပေါ်မှ ထိုင်၍ လိုက်ပါလာစဉ် ကားမှတ်တိုင်ခုံတန်းလျားပေါ်တွင် စကတ်ပေါင် တစ်ဝက် ကမ္ပဏီဝတ်စုံဖြင့် ထိုင်နေကြသော အမျိုးသမီးနှစ်ဦးကို သတိ ပြုမိသည်။ ကျောပိုးအိတ်လေးများကို ပေါင်ပေါ်တင်ထား၍သာ တော်သေးပေသည်။ လုပ်ငန်းရှင်တို့၏ အသုံးချခံဘ၀တွင် ယဉ်ကျေးမှုကို တန်ဖိုးမ ထားနိုင်တော့ဘဲ ယဉ်ကျေးမှုကိုဖျက်စီးနေသည့် စည်းမဉ်းစည်းကမ်းများကို တသွေမတိမ်းလိုက် နာနေကြ ရပါသည်။ အလုပ်သမ များ ထိုင်နေသည်ကို မကြည့်ချင်သော လုပ်ငန်းရှင်များသည် အထိုင်အထခက်သော အ၀တ်အစားများကို ၀တ်ဆင်စေ၍ အသုံးချနေခြင်း သက် သက်သာဖြစ်သည်။
ဤကဲ့သို့သော အခြင်းအရာကိုကြည့်၍ ဘေးချင်းယှဉ်ထိုင်လာသော ဦးလေးအရွယ် ပုဂ္ဂိုလ်တစ်ဦးမှ ` ငါအဲဒါ တွေ ကြောင့်မို့ လူငယ် တွေကို ပြောပြောနေတာ။ သူများအလုပ်မလုပ်ဖို့။ ဖြစ်နိုင်ရင် အရင်းအနှီး လောက် သာရအောင် လုပ်၍လမ်းထဲတွင် ပဲပြုတ် သာရောင်း စား စေချင်တယ်´ ဟူ၍ပင်ဖြစ်သည်။ မြန်မာယဉ် ကျေးမှုဘောင်မှ အစမတန် ချော်ထွက်နေ၍ မခံမရပ်နိုင်ရှိသောကြောင့် ပြောဆိုခြင်း သာ ဖြစ်သည်။
အများပြည်သူသုံးတယ်လီဖုန်းတွင်  ပေါင်တစ်ဝက် (Half Thigh) စကတ်ဖြင့် ဖုန်းဆက်နေသော အမျိုးသမီး တစ်ယောက်အား မျက်နှာချင်းဆိုင်လမ်းလျှောက်လာသူ နှစ်ဦးငေးမောကြ၍ လူချင်းတိုက်ခါနီးမှ ပင် `သြော် . . . စောရီး´ ဟုမျက် နှာလွှဲလိုက်ကြ၏။ ဤကိစ္စတွင် `၀တ်သူနှင့် ကြည့်သူ´ ဘယ်သူ့အပြစ်လဲဟု အစ်ကို တစ်ယောက်အား မေးမိသည်။ ကြည့်သောသူ များကလည်း မျက်စိပဒါသရှိလှ၍ စိတ်မပါသည့်တိုင် မျက်စိ ရောက်တတ်ကြ၏။ အစ်ကို၏ ဖြေကြားပုံမှာ ` မိန်းခလေးတွေကလည်း လှချင်တဲ့အမျိုးဆိုတော့ ပြောရ တာ့ ခက်သားကွ။ ဒီလိုဝတ်ရင် ၀ိုင်းကြည့်ကြမှာပဲဆိုတာကို သိသိနဲ့ဝတ်ဆင်ကြတာဖြစ်တဲ့အတွက် သူတို့ကိုကြည့် စေချင်လို့ ၀တ်တာလို့ ပြောလို့ရတယ်။ ကြည့်ချင်တဲ့သူကြည့် သူကတော့တစ်ချက်လောက်အကဲခက်ပြီး မသိ ချင် ဟန်ဆောင်နေမှာပဲ´ ဟူ၍ ဖြစ်သည်။ ဒီလိုတော့ လည်း မဟုတ်လောက်သေးပါဘူး ဟူ၍လောက်သာ လက်ခံသလိုနှင့် တုန့်ပြန် လိုက်မိသည်။
တစ်ခါတုန်းက အတန်းထဲတွင်ဆရာက သူ့အတွေ့ကြုံခဲ့ရသည်ကို သာဓကပြု၍ ဟာသနှောကာ တပည့်မတို့ ၀တ်စားဆင်ယင်ပုံ ယဉ်ကျေး သိမ်မွေ့စေရန် ဆုံးမခဲ့သည်။ ကျောင်းမှအပြန် ဘက်စ်ကားပေါ်တွင် ဆရာ သည်နှစ် ယောက်တွဲထိုင်ခုံမှ ထိုင်၍လိုက် ပါလာခဲ့သည်။ ဘေးချင်းကပ်ထိုင်နေသူ အမျိုးသားတစ် ယောက် ထသွားသောအခါ ၎င်း၏နေရာသို့ အမျိုးသမီးတစ်ဦး အပြေးအလွှား ၀င်ထိုင်သည်။ ဆရာ၏ ဟသနှော ၍ပြောပုံမှာ `ထိုင်ခုံသူ များဦးသွားမှာဆိုးတဲ့အတွက် အပြေးအလွှားဝင်ထိုင်တယ်ကွာ။ ၀တ်ထားတဲ့ အင်္ကျီက `လယ်ဟိုက်´ စ ကတ် က `အတို´နဲ့ နေရာရသွားမှ ငါ့ဘက်ကိုမျက်စောင်းကြီး လှည့်လှည့်ထိုးပြီး `ဟိုဆွဲချ၊သည်ဆွဲချ´ နဲ့ တစ်ယေက်တည်း မလုံမလဲတွေ ဖြစ်နေတယ်။ ငါကလည်း မသိချင်ယောင်ဆောင်နေရတာ ပေါ့ကွာ´ ဟု လက်ငါးချောင်းကို မျက်လုံးရှေ့တွင်ချဲ၍ မျက်စိကိုကာပြကာ ပြော သည့် အတွက် အတန်းသူအတန်းသားများ သဘောကျခဲ့ကြသည်။
စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ပြီးပြန်ရောက်လာသူ တစ်ဦးက ` မြင်နေကြ၊ တွေ့နေကြဆိုတော့လည်း မဆန်းတော့ ပါဘူး´ ဟု ပြောသည်။ ၎င်းကပင်ဆက်၍ စင်္ကာပူမှာ အလုပ်လုပ်ကြတဲ့သူတွေမှာ ဘယ်နိုင်ငံကလာတဲ့သူပဲဖြစ်ဖြစ် ဟိုကြတော့လည်း အားလုံးအတူတူပါပဲ။ အတိုတွေ အ ပြတ်တွေကြီးပါပဲ ဟု ဆက်ပြောသည်။ အလုပ်နှင့် နပန်းလုံးနေကြရသော အလုပ်သမများ လျှော်ဖွတ်ရန်လွယ်ကူသော သေးသေး ကွေးကွေး ပါးပါးလွှာလွှာ အ၀တ်အစားကို ၀တ်ဆင်ကြခြင်းသာ ဖြစ်သည်ဟုမှတ်ချက်ပြု၏။ စင်္ကာပူလို နေရာမျိုးတွင် မျိုးရိုးစဉ်ဆက် ယဉ်ကျေးမှု ဟူသည် မရှိသောကြောင့် အပြစ်ဟူ၍ ပြောဆိုဖွယ်မရှိပေ။ ကိုယ် ပိုင်ယဉ် ကျေးမှုနှင့် ရပ်တည်လာခဲ့သော မြန်မာနိုင် ငံသူ နိုင်ငံသားတို့ အနေ ဖြင့် မိမိတို့၏ အစဉ်အလာ ရိုးရာယဉ်ကျေးမှုကို ကိုယ်ပိုင်အ သိဖြင့် ထိန်းသိမ်းသင့်၏။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဂရုစိုက်ရန်မလို သော်လည်း ကိုယ်ပိုင်အသိဖြင့် ဆင်ခြင်သင့် ည်ပင်ဖြစ် သည်။
ဝတ်စားဆင်ယင်ပုံအကြောင်း တွေ့နေမြင်နေရသည်များနှင့် ယဉ်ကျေးမှုအစဉ်အလာကို ချိန်းထိုးကြည့်မိ သည်။ ကားမှတ်တိုင်တွင် ဘက်စ်ကား စောင့်ရင်း အတွေးပွားနေရာမှ အခြားတစ်ဖက်မှ လမ်းကူးလာသော မိန်းခလေးသည် ပေါင်တစ်ဝက် (half thigh) နှင့် `either. . . or . . ဗိုက်သားပေါ်´ နှင့် လာနေပြန်သည်။ အတွေးတို့ ရှည်လျှားသည်ထက် ရှည်လျှားလာပေတော့သည်။ တစ်ချိန် တုန်းကတော့ မြန်မာအမျိုး သမီး တို့ ရဲ့ ၀တ်စားဆင်ယင်မှုဟာ ခြေဖျားတောင် မြင်ရဖို့ မလွယ်ကူပေမယ့် အခုများကြတော့လည်း . . . ဟု `လည်း´ အထိသာ တွေးဝံ့တော့ သည်။
ခေတ်စားလာသော ဖက်ရှင်(Fashion) နှင့် အလှအပမြတ်နိုးကြသော မိန်းခလေးတို့ကို ပြက်ရယ်ပြု နေကြသော အသံများ ကိုကြားနေရသည်။ အနောက်တိုင်းဖက်ရှင်နှင့် အရှေ့တိုင်းဖက်ရှင်တွင် အရှေ့တိုင်း ဖက်ရှက်က ယဉ်သည်။ ထိုအထဲအတွင်မှ မြန်မာဖက်ရှင်သည် ထူးထူးခြားခြားပင် ပို၍ယဉ်ကျေးသည်။ လှပသည်။ ထမီကို အကြိမ်ကြိမ်အခါခါပြင်ဝတ်ရန်မလိုအောင် ထမီစ ကတ်များအဖြစ်ပြောင်းလဲ၍ု ကျောင်း ဆရာမများပင် ၀တ်ဆင်လာကြသည်။ အကွဲမပါ ထမီအတိုင်းသာဖြစ်၍ လိုက်ဖက်လှပါသည်။ ပါတိတ်ထည် များကို ၀ိုင်းဆက် မြန်မာဟန်ပါပါ ခေတ် အမြင်ဖြင့် ချုပ်လုပ်ထားကြသည်များမှာလည်း မြန်မာ့ဖက်ရှင် ခေတ် အမြင်ကို ဖော်ပြနေခြင်းပင်ဖြစ်သည်။ စကတ်မှ စကတ်ဟု ပြောနေကြသူ များကလည်း `ခေတ်လည်းမှီ ပတ်ဝန်းကျင်နှင့်လည်း အပ်စပ်သည့် ဒူးဖုံးအဆင့်´ လောက်ဆိုလျှင် ဘက်စ်ကားစီးရာတွင်လည်း အခက်အခဲ မရှိ ` လိမ်ဖယ်လိမ်ဖယ်´ မဖြစ်တော့ပေ။ တင်းလွန်းကြပ် လွန်းသည့် စကတ်များကို ၀တ်လာမိ၍ ဘက်စ် ကားပေါ်တွင် အခက်တွေ့ကြရသည်။ ဘောင်းဘီအရှည်များဝတ်ဆင်သည်ကို ခေတ်အမြင်ဖြင့် မည်သူမျှ တားမြစ်ပိတ်ပင်ရန် မသင့်တော်ပေ။ လုံလုံခြုံခြုံရှိသည်ဖြစ်၍ အားလုံးလက် ခံနိုင်ကြသည်။ ပူအိုက်သော ရာသီများတွင် အေးအေးလူလူနေချင်သော အမျိုးသမီးတို့သည် `ကြိုးတစ်လုံး´ ဟုအမည်တပ်ထားသော ထင် သာမြင်သာ ရှိသည့် အ၀တ်စတိုများထက် အေးအေးလူလူရှိသော ပိတ်များဖြင့် လုံလုံခြုံခြုံဝတ် ဆင်ကြ ပါက အသားအရေကို ပင်ထိန်းသိမ်းရာရောက် သေးပေသည်။
တွေးမိသမျှ ယဉ်ကျေးမှုအခြေခံနှင့် ခေတ်အခြေအနေတွင် မြန်မာအမျိုးသမီးတို့ ယဉ်ယဉ်ကျေး ကျေးလှ စေလိုသည်။ လှလို့ကြည့် သည့် အကြည့်မျိုးကို လက်ခံနိုင်ကြရမည်။ ထိုသို့မဟုတ် `လန်´လို့ ကြည့်သည့် အကြည့်စူးစူးရဲရဲများဖြင့် ကြည့်ခြင်းကို အကြည့်မ ခံလိုပေ။ အ၀တ် အထည်ကို စတင်တီထွင်ပြီး ၀တ်ဆင် လာကြသည်မှာ အရှက်တရားရှိလာကြ၍သာဖြစ်သည်။ ယခုခေတ်အ နေမှသည် ဟိုးအတိတ် ကမ္ဘာဦး လူသားများ၏ ဖက်ရှင်ကို ပြန်ပြောင်းအောင့်မေ့ နေကြဟန်တူသည်။ အတွေးပွား၍ အလေးထား ရေးသား အပ်သော ဆောင်းပါးတစ်ပုဒ်သည် ယဉ်ကျေးမှုအစဉ်အလာ မြင့်မားခဲ့သော မြန့်မာယဉ်ကျေးမှုနှင့် မြန်မာအ မျိုးသမီးတို့၏ အလှကို ကမ္ဘာက အံ့သြချီးမွမ်းကြစေရန်ရည်ရွယ်ပါ သည်။

နောင်တော်လေး

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !