Home » » လူကြီးလူကောင်း

လူကြီးလူကောင်း

ဤဆောင်းပါးသည် လူကြီးများအတွက်မဟုတ်ပါ။
ဤဆောင်းပါးသည် ပွင့်သစ်စလူငယ်များ လိမ္မာယဉ်ကျေးလာစေရန် စိတ်နေသဘောထားရင့် ကျက်ကြီးမား လာစေရန် အပြုအမူအနေအထိုင်ရိုးသားဖြောင့်မတ်၍ ကိုယ်ကျင့်စာရိတ္တ ပိုမိုကောင်းမွန်လာစေရန် ကိုယ့် တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတတ်သောပြည်ချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ မွေးမြူကိန်းဝပ်လာစေရန် အရာရာတွင် မှန်တာပြောရဲ မှန်တာလုပ်ရဲသော moral courage ဗျတ္တိဂုဏ်သိက္ခာ စိတ်ဓာတ်ကောင်းများ မွေးမြူကျင့်သုံးလာစေရန် ရည်သန်ရေးသားထားသော ဆောင်းပါးမျှသာဖြစ်သည်။
        ထိုလူငယ်များသည် နောင်တစ်ခောတ်တွင် နိုင်ငံတော်၌ကလိမ်ကကျစ် Prevarication ပြောဆိုမှု လုပ် ကိုင်လေ့ရှိသော လူမျိုးများဖြစ်မလာစေရ။
        ထိုလူငယ်များသည် တိုင်းပြည်နှင့်လူမျိုး၊ တစ်မျိုးသားလုံးက ချစ်ခင်အားထားယုံကြည်လေးစားရသော နိုင်ငံတော်ကို မှန်မှန်ကန်ကန် ဦးစီးဦးဆောင်ပြုမည့် သိက္ခာရှိသည့် လူကောင်းလူမွန် များဖြစ်လာကြစေရန် အဓိက ရည်စူးမျှော်မှန်းလျက် ဤဆောင်ပါးကိုရေးသား၏။
            လူကြီးများ မဖတ်ချင်မဖတ်ပဲနေပါ။
           လူငယ်များ ဖတ်ဖြစ်အောင်ဖတ်ပါလေ။
           ယနေ့ခေတ်လူငယ်များကို တိုင်းပြည်နှင့်လူမျိုးက ယခုထက်ပိုမို အားထားရသော လူကြီးလူကောင်း များအဖြစ် ကျွန်ုပ်တို့ မြင်တွေ့လိုပါ၏။
           လူကြီးလူကောင်ဆိုသည်မှာ ကိုယ့်ဘာသာကိုယ် `ငါလူကြီးလူကောင်းကွ´ ဟု ကြွေးကြော်သတ်မှတ်၍ ရစတမ်းမဟုတ်ပါ။ တကယ်နေမှသာလူကြီးလူကောင်းတို့တွင် ရှိရမြဲဖြစ်သည့် ဂုဏ်အင်္ဂင်္င်္ါရပ်ဆိုသည်မှာ အ ဘယ် အင်္ဂါရပ်ဖြစ်သနည်း လေ့လာကြပါဦးစို့။
     စာရေးဆရာကြီး ဆင်မြူရယ်စမိုင်းက.......
                      လူကြီးလူကောင်းဆိုသည်မှာ လူတစ်ဦးသည် မိမိလက်အောက်မှ လူများကို ဘယ်လို မျိုးအုပ်ချုပ်သလဲ။ မိန်းမသားများနှင့် ကလေးများကို ဘယ်လိုဆက်ဆံတတ်သလဲ။ သူဟာ ကိုယ့်ကိုပြန်လည်ရန်မပြုနိုင်သူများအပေါ် နိုင်လိုမင်းထက် နှိပ်စက်ကလူလုပ် တတ်သလား။ အရာ ရာတွင် ရှေ့နောက်တိုင်းထွာ ဆင်ခြင်တတ်သလား။ရိုးသားဖြောင့်မတ်ရဲ့လားဆိုတဲ့ အချက်တွေကို ဆန်းစစ်ကြည့်လျှင် လူကြီးလူကောင်း ဆိုတာ သူတစ်ပါးကို ထောက်ထားညှာတာတတ်ရမယ်။ ကိုယ့်နှုတ်နှစ်ပါး ချုပ်တည်းတတ်ရမယ်။ စိတ်ရှည်သည်းခံတတ်တဲ့ခမာဂုဏ် ရှေ့နောက် ဆင်ခြင် တိုင်းထွာတတ်တဲ့ဂုဏ်၊ တစ်ဖက်သားကို ကြင်နာသနား ကိုယ်ချင်းစာနာတတ်တဲ့ဂုဏ် တွေနဲ့ ပြည့်စုံရမယ်။စိတ်နေသဘောထားတွေရင့်ကျက်ကြီးမားရမယ်။ ကြွားဝါထောင်လွှားတတ်တဲ့ မာန တရားလည်း ကင်းရမယ်။ အနည်းဆုံး ဒီအရည်အချင်းတွေနဲ့ ပြည့်စုံမှသာ လူကြီးလူကောငိးလို့ ခေါ်သင့်ပါတယ်။
                       ယဉ်ကျေးရဲရင့်တဲ့ လူကြီးလူကောင်းများသည် သိက္ခာ ရင့်ကျက်သဘော ထားရင့်ကျက်လေ့ ရှိ၏။ရှေးက သူရဲကောင်းများ စီးချင်းထိုးယှဉ်ပြိုင်ဘက်အပေါ် မတရားအနိုင်ယူလေ့မရှိချေ။ယှဉ်ပြိုင်နေစဉ် ယှဉ်ပြိုင်သူက လက်နက်မဲ့သူကို ဇွတ်ဝင်ရောက်မတိုက်ခိုက်။လက်နက်ပြန်လည်တပ်ဆင်ပြီးသည်အထိ စောင့်ဆိုင်းပြီးမှ ဆက်လက်တိုက်ခိုက်ကြ၏။ ပြင်းထန်စွာ ဒဏ်ရာရသူကို ယှဉ်ပြိုင်ဘက်ကဆက်လက် မတိုက် ခိုက်ကြချေ။(the brave man is magnanimous as well as gentle) ရဲရင့်သောသူသည် ယဉ်ကျေးသည့်အပြင် စိတ်သဘောထားလည်း ကြီးမား၏။
                  တစ်ချိန်က အင်္ဂလိပ်နှင့် ပြင်သစ်တို့ စပိန် ပြည်အတွင်း `ဒက်တင်းဂျင်ဒေသ၌တိုက်ပွဲ ဖြစ်ပွား၏။ ပြင်သစ်မြင်းတက်ဖွဲ့ တစ်ဖွဲ့က ဗြိတိသျှတပ်ရင်းကို ၀င်ရောက်စီးနှင်းတိုက်ခိုက်စဉ် ပြင်သစ်မြင်းစီး တပ်သား တစ်ဦးသည်  Sir  Felton Harvey ဆိုသူ ဗြိတိသျှ စစ်အ၇ာ၇ှိတစ်ဦးဆီသို့ ဇွတ်အတင်းတိုးဝင် တိုက်ခိုက်လာ သည်။ ပြင်သစ် မြင်းစီးတပ်သားက ဗြိတိသျစစ်ဗိုလ်ကို ဓားဖြင့်ခုတ်မည်ပြုစဉ် ဗြိတိသျစစ်ဗိုလ်တွင် လက်တစ် ဖက်မရှိတော့ဘဲ ဒဏ်ရာရနေသည်ကို ရုတ်တရက် တွေ့မြင်သိရှိလိုက်လေသည်။ထို့ကြောင့် သူသည် ခုတ်ပိုင်း ရန် အားယူပင့်မြှောက်ထားသော ဓားကိုထိန်းထားကာ ထိုဒဏ်ရာရနေသော ဗြိတိသျှစစ်ဗိုလ်ကို ဓားဖြင့်အ လေးပြုရင်း သူ၏မြင်းကို စိုင်းနှင်သွားလေသည်။ တစ်ဦးကိုတစ်ဦး အသေ အကျေ တိုက်ခိုက်ရသော စစ်ပွဲအ တွင်း ထိုမျှစဘောထားကြီးရင့်မှုမျိုးကို အဘယ်သူ မချီးကျူးမလေးစားဘဲ ရှိပါမည်နည်း။
             တစ်ချိန်သောအခါ (၂၁၈-၂၀၁ဘီစီ) က အရှိန်အ၀ါ သြဖာအာဏာကြီးမားသည့် ရောမအင်ပါ ရာကြီး ကို ၁၆ နှစ်ကျော်ကျော် မွှေနှောက်တိုက်ခိုက်သွားနိုင်သော စစ်ဗိုလ်ချုပ်တစ်ဦးပေါ်ထွက်ခဲ့ဖူး၏။ သူ့အမည် ကား ဟန်နီဘောလ်တည်း။
  ဟန်နီဘောလ်သည်မေလ ၂၁၈ ဘီစီ တွင်ခြေလျှင်တပ်သား၉၀၀၀၀ မြင်းတပ် ၁၂၀၀၀ ဆင် ၃၇စီး ပါသောစစ်တပ် စုစုပေါင်းအင်အားတစ်သိန်းကျော်ဖြင့် အဲ့လ်ပစ်တောင်တန်းကြီး ကိုဖြတ်ကျော်၍ ရောမ နိုင်ငံ အတွင်း ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ရောမမြို့အနီး၃မိုင်အကွာအထိ ချီတက်ခဲ့၏။ ရောမမြို့အတွင်းရှိ ကလေး အမေများကို သူတို့၏ ပေကပ်ကပ်ငိုယိုဆိုးဝါးနေသည့် ကလေးဆိုးများကို `ဟော ... ဟန်နီဘောလ် လာနေ ပြီဟု ခြောက်လှန့်ပေးလျှင် ထိုကလေးဆိုးများ အငိုတိတ်သွားကြသည်´ ဟုဆိုကြ၏။
              ဟန်နီဘောလ်၏ တပ်မတော်တွင် လူမျိုးစုံရှိသဖြင့် အုပ်ချုပ်ရာ၌ စည်းကမ်းတင်း ကျပ်ပြတ် သား ရက်စက်ရ၏။ ဟန်နီဘောလ်သည် စစ်တပ်ကို အုပ်ချုပ်ရာ၌ပြတ်သားရက်စက်သည်နှင့်အမျှ စစ်ပွဲတွင်လည်း ရဲရဲရင့်ရင့်မညှာမတာ အပြင်းအထန် ရက်စက်စွာတိုက်ခိုက်လေ့ရှိသည်။ ထိုသို့ ပြင်းထန်ရက်စက်စွာ အုပ်ချုပ် ခဲ့သော်လည်း လူမှုရေးကိစ္စ ဂုဏ်သိက္ခာကိစ္စများ တွင်မူကားလူကြီးလူကောင်းပီပီ သဘောထား ကြီးစွာ ထားပြီး ပြုကျင့်လေ့ရှိသည်။
              ဟန်နီဘောလ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရသော ရောမစစ်ဗိုလ်ချုပ်ကြီးများထဲမှ ဂရက်ချုးဆိုသူ ခေါင်း ဆောင်တစ်ဦးမှာ အလွန်ရဲ့ရင့်ထူးချွန်သူတစ်ဦးဖြစ်၏။ စစ်မြေ ပြင်၌ဟန်နီဘောလ်၏ လက်ထောက်များကို နာလန်မထူနိုင်အောင် တစ်ပွဲပြီးတစ်ပွဲ နိုင်အောင်တိုက်ခိုက်ခဲ့ သူဖြစ်၏။သူ့ကို စစ်မြေပြင်၌ ရိုးရိုးစစ်သေ နင်္ဂဗျူဟာဖြင့် တိုက်ခိုက်ရန် မလွယ်ကူချေ။
             ထိုကြောင့် ဟန်နီဘောလ်သည် အကောက်ဥာဏ်ဖြင့် ဂရက်ချူးတပ်အတွင်းမှ လူကန်နီယာလူမျိုး တပ် မှူးတစ်ဦး၏အကူအညီရယူပြီးလျှင်ဂရက်ချူးကို တပ်မှဝေးတစ်နေရာသို့ ခေါ်ထုတ်စေကာ ၀ိုင်းဝန်းတိုက် ခိုက်ယူသည်။ ထိုသို့အကောက်ကြံခံရသော တိုက်ပွဲတွင် ဂရက်ချူးသည် ရန်သူတို့ကို သေသည်အထိရဲ့ ရင့်ပြောင်မြောက်စွာတိုက်ခိုက်သွားနိုင်လေသည်။
         ဂရက်ချူး၏ရဲ့ ရင့် သော စိတ်ဓာတ် သေသည်အထိ ဇွဲသတ္တိကြီးမားစွာဖြင့် တိုက်ခိုက်သွားသော အာဇာနည်ယောကျာ်းကောင်းတို့၏စိတ်ဓာတ်ကို ရိုသေလေးစားသောအနေဖြင့် ဟန်နီဘောလ်သည် ဂရက်ချုး ၏ရုပ်အလောင်းကို သူ၏တပ်စခန်းရှေ့၌စစ်အခမ်း အနားကြီးစွာဖြင့်ခင်း ကျင်းအလေးပြုဂုဏ် တင် ၍မီးသဂြိုလ်သည်။ရန်သူပင်ဖြစ်စေကာမူ လေးစားဂုဏ်ပြုတတ်သော ကာသေ့ စစ်သူကြီးဟန်နီဘောလ်၏ ရည်မွန်သောအပြုအမူ လူကြီးလူကောင်းစိတ်ဓာတ်ကို စစ်သမိုင်းဆရာတို့က ချီးကျူးမော်ကွန်းတင်ခဲ့ကြရ၏။
          ဤအဖြစ်ကို ထောက်ဆ၍ လူကြီးလူကောင်းဆိုသည်မှာ အသက်အရွယ်ကြီးခြင်းဂုဏ်ရှိန်ကြီးခြင်း နောက်လိုက်ပေါများပြီးသြဇာအာဏာရှိခြင်း စသည်တို့ကို ဆိုလိုသည်မဟုတ်။လူကြီးလူကောင်းဆိုသည်မှာ သာမန်မိတ်ဆွေများကို မဆိုထားနှင့်ရန်သူအပေါ်ပင် သိက္ခာရှိရှိ မြင့်မြင့်မြတ်မြတ် သဘောထားကြီးကြီး ထား လေ့ ရှိသူကို ခေါ်ဝေါ်ကြရကြောင်း သင်ခန်းစာယူနိုင်ပေသည်။

နတ်မောက် ဘုန်းကျော် ၏ လူကြီးလူကောင်း စာအုပ်မှ တင်ပြသည်။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !