တစ်ချိန်က ဥရောပ အမေရိကမှာ အမျိုးကောင်းသားတွေ ဘာမဟုတ် ညာမဟုတ် ဒုက္ခရောက်ရတတ်သည့် အကြောင်းတစ်ခုက စိန်ခေါ်ပွဲ (duel) ဆိုတာ ဖြစ်သည် ။
အကြောင်းအမျိုးမျိုး အတွက် တွေ့ထိဆက်ဆံကြရင်း တစ်ဦးနှင့် တစ်ဦး အမှတ်မထင် အငြိအစွန်းဖြစ်ကြသည့် ကိစ္စများတွင် အစော်ကားခံရသည် ထင်သည့်ဘက်က ပြဿနာကို တစ်ယောက်ချင်း အသေတိုက်သည့် နည်း ဖြင့် ဖြေရှင်း မည်ဟု စိန်ခေါ်လာလျှင် သင်အကြီးအကျယ် အခက်တွေ့ပြီ ။ ငြင်းလိုက်လျှင် သူရဲဘောကြောင်သူ အဖြစ် အရှက်ရမည် ။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ မျက်နှာမပြနိုင်ဖြစ်မည် ။ လက်ခံလိုက်ပြန်ရင်လည်း သူ့ကို နိုင်အောင်သတ်၊ သို့မဟုတ် သူသတ်တာကိုခံရတော့မည်။
အဲသည် အကျဉ်းအကျပ်မှ မထွက်တတ်သဖြင့် ၊ သို့တည်းမဟုတ် ဘယ်လိုမှ မထွက်နိုင်အောင် ချောင် ပိတ်မိသ ဖြင့် ၊ မရေမရာ အသက်ဆုံးရှုံးခဲ့ရသူတွေ အများအပြားရှိခဲ့သည် ။ သို့သော် တစ်ဖက်မှာ ဒီအကျဉ်း အကျပ်ထဲမှ သိက္ခာမကျ ရုန်းထွက်နိုင်သူတွေလည်း အနည်းနှင့် အများ ရှိခဲ့ပါသည် ။ သည်အထဲ တွင်မှတ် သားလောက်စ ရာ ပုဂ္ဂိုလ်တစ်ယောက်က ဂျာမန်လူမျိုး ရူးဒေါ့ဖ် ဖီးရ်ခိုး(Rudolf Vrchow) (1821-1902) ဖြစ်သည် ။ ဖီးရ်ခိုးသည် သူ့ခေတ်ဂျာမဏီတွင် ထင်ရှားသော နိုင်ငံရေးခေါင်းဆောင် တစ်ယေက်ဖြစ်သကဲ့ သို့ ထိပ်တန်း သိပ္ပံပညာရှင်ကြီးလဲ ဖြစ်သည်။ လူကီးမီးယားရောဂါ၊ တီဘီရောဂါ၊ အရိုး ပျော့ ရောဂါ၊ ကျူမာအ ဖုအကျိတ်ရောဂါတို့ အပါအ၀င် ရောဂါပေါင်းများစွာအတွက် အရေးပါသော သုသေသ နလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့ပါသဖြင့် ရောဂါဗေဒပညာ၏ ဖခင်ကြီး အဖြစ် လေးစားသိမှတ်ခြင်းခံ ရသည် ။ အဲသည် ဖီးရ်ခိုးသည် ဂျာမန်နန်းရင်းဝင် ဘစ္စမတ်အား မပြတ်ဝေဖန်လေ့ရှိရာ တစ်ခါ၌မူ ဘစ္စမတ် အကြီးအကျယ် ဒေါသထွက်လျက် ဖီးရ်ခိုးအား ကြိုက်ရာလက်နက်ဖြင့် ယှဉ်၍သတ်ရန် စိန်ခေါ်လေသည်။
စိန်ခေါ်ပွဲထုံးစံမှာ တစ်ဦးက စိန်ခေါ်လျှင်၊ အခေါ်ခံရသူက နှစ်ဦးနှစ်ဖက် ကိုင်စွဲရမည့် လက်နက်ကို ရွေးချယ် သတ်မှတ်ရစမြဲ ဖြစ်သည်။
ဘစ္စမတ်၏ လူများ စိန်ခေါ်ပွဲအတွက် ညှိနှိုင်းစီစဉ်ရန် လာကြသည့်အခါ ဖီးရ်ခိုးက........
“ကဲ၊ ထုံးစံအတိုင်း သတ်မယ့်လက်နက်ကို ကျုပ်က ရွေးပေရမှာဆိုတော့၊ ဟောဒီမှာဗျာ၊ ကျုပ်ရွေးထားတဲ့ လက်နက် ” ဆိုပြီး အရွယ်တူ ဆင်တူ ၀က်အူချောင်းကြီး နှစ်ချောင်းကို ကိုင်မြှောက်ပြသည်။
“၀က်အူချောင်းတစ်ချောင်းမှာ လူသေနိုင်တဲ့ ရောဂါပိုးတွေ အပြည့်ပါတယ်၊ နောက်တစ်ချောင်းက အကောင်း ပကတိပဲ၊ ခင်ဗျားတို့နန်းရင်းဝန်ကြီး သူကြိုက်တာ အရင်ဆုံးရွေးပြီး စားပစေ၊ ကျန်တဲ့ တစ်ချောင်းကျုပ်စား မယ်”
ဖီးရ်ခိုးရွေးချယ်ထားသော လက်နက်အကြောင်း သိရပြီးသည့်နောက်တွင် နန်းရင်းဝန် ဘစ္စမတ်ထံမှ စိန်ခေါ်ပွဲ ဖျက်သိမ်းကြောင်း အကြောင်းကြားချက် တစ်ရပ် အလျင်အမြန် ရောက်ရှိလာလေသည်။
ဖေမြင့် (စာဖတ်သမား၏ မှတ်စုများ)
လူငယ်များ ဖတ်၍ အတွေးပွားနိုင်စေ။
ကျွန်တော် အမြင်ကတော့ ကိုယ့်ဘက်က မသေချာတဲ့ အတွက် ပြိုင်ပွဲကိုဖြတ်လိုက်တဲ့ သဘောလို့ထင်တယ်။ ကိုယ်တိုင်စီစဉ်ပြီး ကိုယ်ဘက်ကမဟန်တော့ဘူးဆိုတဲ့ အခါကြတော့ လူကျင့်မကျင့်တော့ဘူး။ ၁၉၉၀ ရွေး ကောက်ပွဲက အဲ့ဒီလိုပုံစံမျိုး ..............................................................သူတို့တွေအတွက် အပိုင်ဖြစ်ပြီဆိုပြီး ကြိုတင်ဆီမံကိန်းတွေနဲ့ လုပ်ခဲ့တယ် နောက်ဆုံးကြတော့ စစ်အစိုးရရဲ့ လက်ကိုင်ပါတီ ရှုံးခဲ့တယ်။ ရှုံးသွား တော့ အာဏာပြန်သိမ်းလိုက်တယ် ။ အခုလည်း ဒီလိုပဲ 2010 ရွေးကောက်ပွဲ ရက်ကို စောစောစီးစီးမသတ် မှတ်ဘူး ။ အင်အားတွေဖြည့်တင်းတယ်။ မက်လုံးတွေပေးပြီး ကြံ့ဖွတ်ပါတီကြီးကို လုပ်တယ် ။ ဒီတစ်ကြိမ်မှာ တော့ သူနဲ့ ယှဉ်ပြိုင်မယ့် ပါတီတွေက သူ့ကို ကူညီထောက်ပံ့ပေးမယ့် ပါတီသဘောမျိုးတွေဖြစ်နေတယ်။ တကယ့် အတိုက်အခံ ပါတီကို ရွေးကောက်ပွဲမှာ ၀င်လို့ မရအောင် ဥပဒေတွေသတ်မှတ်ထားတယ်။ ရွေး ကောက်ပွဲဝင်တယ် မ၀င်ဘူးဆိုတာ အဲ့ဒီအပေါ်မှာ အခြေခံတာပဲ ။ မတရားတဲ့ ဥပဒေနဲ့ ဘာပဲဖြစ်ဖြစ်ရွေး ကောက်ပွဲ ၀င်မယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုတော့ ဘယ်လိုယုံလို့ ပုံအပ်မှာလဲ ။
ရှင်းရှင်းလေးကို ရှုပ်အောင်လုပ်တယ် ။ အခုတစ်ခါပြန်ရှင်းအောင်လုပ်လို့ ရတာက မဲမပေးနဲ့ ဆိုတဲ့ တစ်ချက် အခိုင်အမာ ရှိတယ် ။ မဲမပေးကြပါနဲ့ ။
mail လက်ခံရှိသူတိုင်း သူငယ်ချင်းများနှင့် နီးစပ်ရာ ဖြန့်ဝေပေးပါ ....ကျေးဇူးတင်ပါသည်
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !