ဟိုးရှေ့ရှေ့တုန်းက ဘုရင်ကြီးတစ်ပါး ရှိသတဲ့ ။ တစ်နေ့ကျတော့ ဘုရင်ကြီးက အလံဖြူ နဲ့ အနံနီ ဆိုပြီး အလံတိုင် နှစ်ခု စိုက်ပြီး မိန်းမကြောက်တဲ့ ကောင်တွေ အလံနီအောက်ကို သွား မိန်းမ မကြောက်တဲ့ ကောင် တွေ အလံဖြူ အောက်ကိုသွားဆိုပြီး သူ့ရဲ့ နန်းတွင်းမှာ အမိန့်ထုတ်ပါသတဲ့ ။
ပြောပြောဆိုဆိုပဲ မင်းကြီးက သူကိုယ်တိုင် အလံ နီအောက်ကို သွားပြီး မတ်တပ်ရပ်နေသတဲ့ ။ နန်းတွင်းက မူး ကြီးမတ်ရာတွေ တစ်သုတ်ပြီး တစ်သုတ် အလံနီအောက်ကိုရောက်လာကြသတဲ့။ နန်းတော်တွင်းက မူးမတ်တွေ အားလုံးပဲ အလံနီအောက်ကို ရောက်လာကြတယ်ဆိုပါတော့။ နောက်ဆုံး အမတ်ကြီး တစ်ဦးကျန်နေတယ်တဲ့။ အမတ်ကြီးက နန်းတော်ထဲက ထွက်လာပြီး ခပ်တည်တည်ကြီးနဲ့ အလံ ဖြူအောက်ကို တစ်ယောက်တည်းသွား ပြီး မတ်တပ်ရပ်နေတယ်။
ဘုရင်ကြီးလည်း အံ့အားသွာတတယ်
မင်းက ဘာလို့ အဲ့ဒီအလံ အောက်မှာသွားရပ်တာလဲ .... မိန်းမ မကြောက်ရဘူးလားတဲ့.................
အမတ်ကြီးက ပြန်ပြောတယ် ......................
ဒီလိုပါ မင်းကြီး select လုပ်မှဖတ်လို့ရမယ်
“ မိန်းမက မှာထားပါတယ် သူများလုပ်တိုင်းလိုက်မလုပ်ရဘူး
တဲ့.............. ”
ဒါကြောင့်ပါ
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !