စိတ်ဝင်စားတဲ့ အလုပ်ကို ရိုးရိုးလေးပဲလုပ်နိုင်သေးတယ် ။ ကိုယ့်ကိုယ်ကိုလည်း စိတ်တိုင်းမကျဖြစ်ရပါတယ်။ ကိုယ်တိုင်ကမှ ဘာမှ မလုပ်သေးနိုင်တော့ ပေးနိုင်တဲ့အကြံ လုပ်နိုင်မယ့်အလုပ် ဖြစ်နိုင်မယ့်နည်းလမ်းတွေကို ရှာပြီး ဘယ်လိုကန့်ကွက်ကြမလဲ။ ဘယ်လိုဆန္ဒပြကြမလဲ ။ ဒါကိုပဲအကြံထုတ်နေမိတယ် ။ ပထမဆုံး သတိထား မိလိုက်တာတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောထားတဲ့ ပြည်သူတွေအနေနဲ့ မဲမထည့်ပဲနေခွင့်ရှိတယ်။ ဒီမနက် သတင်းမှာ လဲ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းတင်က ဒီစကားကိုပဲ ထပ်ဆင့် ပြောကြားသွားပါတယ်။
ဒီအချိန်မှာ ဘယ်နည်းဘယ်ပုံ လုပ်ကြမယ်ဆိုတဲ့ လုပ်ငန်းစဉ်အတွက် အစီအစဉ်တွေလည်း လုပ်နေကြမှာပါ။ ကျွန် တော်တို့ လူထုအနေနဲ့က ဒို့ရဲ့ခေါင်းဆောင်ဟာ ဘယ်သူလဲဆိုတာသိဖို့လိုပါတယ်။ သိလည်း သိပြီး သားပါ။ အဲ့ဒီတော့ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း ပြောင်းလဲလာမယ့်အခြေအနေနဲ့ လှုပ်ရှားမှုပုံစံတွေကို မြတ်ခြေမပြတ် သိရှိနေဖို့လိုပါတယ်။ လူထုအနေနဲ့ က“ မိအေးနှစ်ခါနာ” မဟုတ်တော့ဘူး အခါခါနာလွန်းလို့ ။ ဒဏ်ပိပြီး နာတယ် ဆိုတာကိုတောင် နာမှန်းမသိဖြစ်နေပြီ ။
ကျွန်တော်တို့ အနည်းဆုံး နောက်ဆုံးပိတ်လုပ်နိုင်မယ့် နည်းလမ်းကတော့ အဲ့ဒါပဲဗျာ။ ကိုယ့်အိမ်မှာအေးအေး ဆေးဆေးနေလိုက်ပါ ။ ဒါနောက်ဆုံးလမ်းပါ ။ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေက အများကြီးပါ ။ ဒါပေ မယ့် ဘာမှ မလုပ်နိုင်တာတော့ တော်တော်လေးလည်း ၀မ်းနည်းဖို့ကောင်းပါတယ် ။ အားလုံးမှာတာဝန်ရှိပါ တယ် ။ ဒါပေမယ့် ဒီအရေးကိစ္စတွေကို နိုင်ငံရေသမားတွေ အလုပ်လို့ ပြောနေကြတာ အခက်ပဲ။
နိုင်ငံရေးသမား လို့ ဆိုလိုက်တာနဲ့ ဒီအလုပ်လုပ်နေတဲ့ သူဟာ နိုင်ငံရေးလုပ်ပြီးတော့ပဲ ထမင်းစားနေရသလို လို သဘောသက်ရောက်တယ် ။ တကယ် နိုင်ငံအရေးကိုလုပ်တဲ့ သူဟာ နိုင်ငံတော်ရဲ့ ငွေ နိုင်ငံတော်ရဲ့ ဘဏ္ဍာကို တစ်ပြားတစ်ချပ်တောင် မထိပါဘူး ။ နိုင်ငံရေး လုပ်ပြီး ကြီးပွားနေကြသူတွေ ကိုကြည့်ချင်ရင်တော့ ဦးနေ၀င်းက စပြီး အခု နောက်ဆုံးပိတ်လို့ သူတို့ ကိုယ်တိုင် သတ်မှတ်နေကြတဲ့ ဦးသန်းရွှေ အပါဝင် အခု လက်ရှိလုပ်နေတဲ့ သူတွေ လက်ထဲမှာ ရှိသမျှ နိုင်ငံတော် ပိုင်တွေ ကြီးပဲ။
အဲ့ဒီလူတွေကို နိုင်ငံရေးကို စီးပွားရေး အတွက်လုပ်တာ ။ အာဏာကို မလွှတ်နိုင်တာ စီးပွားရေး အမြင်တွေ ကြောင့်ပေါ့ ။
ဒို့လိုချင်တဲ့ ပန်းတိုင်က ဒီလို မဟုတ်ဘူးဆိုရင် ဖြစ်ချင်ရာဖြစ် မဲမပေးနဲ့ ။ ဒီထက်ပိုလုပ်နိုင်မယ်ဆိုရင် လူထုတစ်ရပ်လုံး ရဲ့ ဆန္ဒကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ကြမယ်။ ဒီထက်ပိုလုပ်နိုင်မယ့်လမ်း မြင်ရင် နိုင်ငံရေး အကျဉ်း သားတွေ လွတ်မြေက်ဖို့ ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြေက်ဖို့ ထပ်ကြိုးစားကြရမယ် ။
ကိုယ့်အမြင် ကိုယ့်အတွေး
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !