Home » » ငြင်းခုံမှုတွင် နိုင်ခွင့်ပေးပါ

ငြင်းခုံမှုတွင် နိုင်ခွင့်ပေးပါ


စကားပြောဆိုရင်းနှင့် ကိစ္စတစ်ခုအတွက် “ ငြင်းခုံမှု ” သည် ဖြစ်ပေါ်တတ်သည်။ ငြင်းခုံခြင်းသည် အနောက် နိုင်ငံ များတွင် တိုးတက်မှု၏ လမ်းစအသွင်ဖြင့် ဖွင့် လှစ်ပေးသည်။ ပြဿနာဖြေရှင်းနည်းကို သိရှိစေ သည်။ ငြင်းခုံမှု တွင် မည်သူအနိုင် မည်သူအ ရှုံးဆိုသော အဖြေကရှိနေတတ်သည်။ ငြင်းခုံခြင်းအ ရသာက တစ်ခါတစ်လေတော့ လည်း ထူးခြားလှ သည်။ လူသားအချင်းချင်းမှန်ကန်မှုအတွက် အဖြေ ရှာရာတွင် ငြင်းခုံမှုကတော့ ရှိစမြဲပင်။ လူ သားများ သည်ပင် ပေါက်ဖွားလာသော မိခင်ဝမ်းချင်း မတူပေ။ ဗီဇလည်း မတူနိုင်။ ခံစားကြရသော ဒုက္ခခြင်း လည်းမတူ။ ကိုယ့်ဘ၀နှင့်ကိုယ် တစ်သက်လုံး ဆုံးခန်းတိုင် နေသွားကြရမှာပဲဟု ဆိုချင်သည်။ ကိုယ့်အပြစ်နှင့် ကိုယ်ဖြစ်ကြသည်မှာ လူ့သဘာဝ။
“ ငြင်းခုံမှုတွင် နိုင်ခွင့်ပေးခြင်း ” ၏ အနှစ်သာရကို Richard Carison ဆိုသူက  " Don't Sweat the small stuff with your family " ဆောင်းပါးတွင် အတွေးအမြင်ဖွင့်လှစ်ထားသည်။ ခံစားကြည့်ပါလေ ချစ်မိတ်ဆွေ။
ငြင်းခုံမှုတစ်ခုတွင် သူတစ်ပါးအားနိုင်ခွင့် ပေးလိုက်လျှင် သင်တို့ နှစ်ဖက်စလုံး အနိုင်ရသူများအဖြစ် နိဂုံးချုပ် သွားလေ့ရှိသည်။ ကျွန်တော့်ကလေးတစ်ယောက်က “ အဖေ၊ ကျွန်တော်တို့နဲ့ ဘယ်တော့မှ အချိန်ကုန်မခူံ ဘူး ” ဟုဆိုလျှင် “ မင်းတို့နဲ့ငါ အချိန်အများကြီး အကုန်ခံတာပေါ့။ မနေ့က နေ့ခင်းပဲ တို့နေ့လည်စာထွက်စား တာ မင်းမမှတ်မိဘူးလား ” ဟု ကျွန်တော်အလိုလို တုန့်ပြန်မိတတ်သည်။ သို့သော်ထိုသို့ ကျွန်တော်ပါဝင်ငြင်း ခုံလိုက်ပါက ထိုကိစ္စကို ရေရှည်သွားစေသည့် အနေအထားရှိသည်ကို ကျွန်တော်တွေ့မည်။
တစ်ခါတရံပို၍ ကောင်းသောတုန့်ပြန်နည်းကား “ မင်းပြောတာမှန်တယ်။ ငါတို့ အတူတူ အချိန်ပိုပြီး ဆုံကြရ ရင်ကောင်းမယ်။ မင်းကို ငါချစ်တယ် ” ဟူ၍ဖြစ်ပါသည် ။

(Ref: R.D. March 1999, Point to Ponder)
ဆရာမောင်မာင်မြင့်သိန်း၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !