Home » » ဒေါ်အောင်ဆန်းစုကြည်မိန်းခွန်း ကောက်နှုတ်ချက်

ဒေါ်အောင်ဆန်းစုကြည်မိန်းခွန်း ကောက်နှုတ်ချက်

လူလှိုင်းထသွားတယ်လို့ ဆိုရလောက်အောင် များပြားတဲ့ မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ လူထုခေါင်းဆောင် အစစ်အမှန်ပီသကြောင်း လူထုက သက်သေပြလိုက်သလို ပြည်သူချစ်သော ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေအတွက်မမောမပန်း စွမ်းဆောင်နေတာတွေဟာ ပြည်သူ့အကျိုးတကယ် ဆောင်ရွက်လိုသူ ဖြစ်ကြောင်း သက်သေတွေပါပဲ။ ဖိတ်ကြားစရာမလိုပဲ လာတဲ့ ပရိတ်သတ်။ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုတွေဟာ ပြည်သူ့သဘောထား လို့ကြွေးကြော်ထားတွေထက် ပိုပြီးစစ်မှန်တဲ့ ပြည်သူ့ သဘောထားအမှန်ကို ပြသလိုက်တာပါပဲ။


မိန့်ခွန်းကောက်နှုတ်ချက်
=========================
ကျွန်မရိုးရိုးပြောရမယ်ဆိုရင် ကျွန်မမန္တလေးကိုလာတာ မန္တလေးပြည်သူတွေရဲ့အကူအညီတောင်းလို့ လာတာပဲ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ကျွန်မကိုမေးတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် ကြားဖြတ်ရွေး ကောက်ပွဲမှာအောင်နိုင်ပြီးတော့ ပြည်သူတွေရဲ့ အကျိုးကိုစွမ်းဆောင်နိုင်ဖို့ ကူညီပေးတဲ့အတွက် ကျွန်မ တောင်းခံပါတယ်။ ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် ဘယ်လိုအကျိုးရှိမလဲဆိုတာကို နည်းနည်းဖြေချင်ပါတယ်။ ကျွန်မတို့ အနှစ် ၂၀ ကျော် လွှတ်တော်ပြင်ပနိုင်ငံရေးကိုလုပ်ခဲ့တယ်။ အခု လွှတ်တော်အတွင်းနိုင်ငံရေးကိုပါ ချဲ့ပြီးတော့လုပ်တော့မှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ပြည်သူတွေရဲ့အသံကို အများကြီး ပိုလို့ပိုလို့ ကြားရပါလိမ့်မယ်။ ကျွန်မရွေးကောက်ပွဲအကြောင်းပြုပြီး ဒီလာလို့ ပြည်သူရဲ့အသံကိုကြားရပါတယ်။ ၁- သူကျွန်ဘ၀က လွတ်ဖို့ ပြည်သူရဲ့အသံတွေကို တစ်တိုင်းပြည်လုံးအပါအ၀င် တစ်ကမ္ဘာလုံးက ကြားရအောင်လို့ ကျွန်မတို့ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ မန္တလေးမှာပြည်သူတွေရဲ့အသံကညံလွန်းလို့ ကျွန်မနားတောင် မကြား တော့ပါဘူး။ အင်မတန်မှ ကျေနပ်စရာကောင်းတဲ့ မြင်ကွင်းပါလို့ ကျွန်မပြောပါရစေ။ ကျွန်မတို့ရှေ့ဆက်ရမယ့် ခရီးက အင်မတန်ကြမ်းပါလိမ့်မယ်။ အင်မတန်ခက်ခဲပါလိမ့်မယ်။ ဒါကျွန်မအခုကတည်းပြောထားတာပါ။ ဒီမိုကရေ စီဆိုတာ ရအောင်လုပ်ဖို့လည်း မလွယ်ဘူး။ ရပြီးတဲ့ အခါတည်တံ့ခိုင်မြဲအောင်လုပ်ဖို့လည်း မလွယ်ဘူး။ အင်မတန်မှ အလုပ်တွေများများလုပ်ပြီး တဖြည်းဖြည်းသွားရမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မူဝါဒသဘောတရားတွေကို အသေးစိတ် တော့ကျွန်မရှင်းမပြတော့ဘူး။ နောက်ပိုင်းရုပ်မြင်သံကြားက လွှင့်ပြမယ်။ အခုကျွန်မ ပြည်သူတွေရဲ့အင်အားကို ဒီလိုမြင်တဲ့အခါ စောစောက အကူအညီလာတောင်းတဲ့ အထဲမှာပေါ့နော် ပထမ ကျွန်မတို့ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့အတွက် အကူအညီလာတောင်းတာပါ။ နောက်ပြီးတော့ ဒီအင်အားတွေကို မှန်မှန်ကန်ကန်သုံးဖို့အတွက် ကျွန်မမေတ္တာရပ်ခံလိုက်ပါရစေ။ အကူအညီ တောင်းပြန်ပြီ။ ကြီးလေလေ မှန်မှန်ကန်ကန် အသုံးချဖို့ အရေးကြီးလေလေပဲ။ ကြီးမားတဲ့အင်အားကို အန္တရာယ်တွေအများကြီး ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ပြည်သူလူထုဟာ ကိုယ့်မှာရှိတဲ့ တန်ဖိုးဖြတ်မရတဲ့ အင်အား တွေကို မှန်မှန်ကန်ကန်သုံးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !