Home » » တေးဆိုငှက်သို့

တေးဆိုငှက်သို့


ခွန်းဆင့်သံချို
မြကျေးညိုလျှင်
နွေကြိုတေးလည်း သီခဲ့ပြီ။

ခွန်းဆင့်သံချို
မြကျေးညိုလျှင်
မိုးကြိုတေးလည်း သီခဲ့ပြီ။

ခွန်းဆင့်သံချို
မြကျေးညိုလျှင်
ဆောင်းကြိုတေးလည်း သီခဲ့ပြီ။

နွေ မိုး ဆောင်း ကြို
တေးသီဆိုရင်း ၊ နေညိုတော့မည်
ဘ၀သည်ကား ၊ လှုပ်ရှားရုန်းကန်
တော်လှန်ပြောင်းလဲ၊ စဉ်အမြဲတည့်
သင်၏တေးလျှင်၊ နားဆင်သူပေါင်း
ငြိမ့်ငြောင်းချိုမြ ၊ နားဝင်လှလည်း
လောကကောင်းကျိုး ၊  ကောင်းဆိုးနှစ်လီ
မသီမပြု ၊ အများစု၏
စားမှုနေရေး ၊ သောကဝေးရာ
လောကသစ်ဆီ ဦးတည်မျှော်ရစ်
အားမာန်သစ်မည့်
ခေတ်ကြိုတေးလည်း သီပါဦး ။   ။

ခင်ပိုက်ဆွေ - ပြည်
တိုင်းရင်းမေ ဂျာနယ်မှ ဖတ်မိ မှတ်ခဲ့ မျှဝေလိုက်သည်။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !